ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် နိုဝင်ဘာလ ၂၆ရက်နေ့တွင်တောင်ကြီးမြို့၌ကျင်းပမည်

ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် နိုဝင်ဘာလ ၂၆ရက်နေ့တွင်တောင်ကြီးမြို့၌ကျင်းပမည်
နိုဝင်ဘာ 13, 2019
By Tachileik News Agency
ရှမ်းပြည်နယ်ရင်းနှီးမြှုပ်နှံမှုဖိုရမ် နိုဝင်ဘာလ ၂၆ရက်နေ့တွင်တောင်ကြီးမြို့၌ ကျင်းပမည်

ရှမ်းပြည်နယ်အတွင်း စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများအား သက်ဆိုင်ရာတာဝန်ရှိသူများက ဖြေကြားရှင်းလင်းမည့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုဖိုရမ်ကို ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၆)ရက်နေ့တွင်  တောင်ကြီးမြို့၌ ကျင်းပမည်ဖြစ်သည်။

မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်နှင့် ရှမ်းပြည်နယ် ရင်းနှီးမြှုပ်နှံမှုကော်မတီတို့မှ ပူးပေါင်း၍ Deutsche Gesellschaftfür Internationale Zusammenarbeit (GIZ) ၏ ပါဝင်ကူညီမှုဖြင့် ရှမ်းပြည်နယ် (တောင်ပိုင်း) တောင်ကြီးမြို့ရှိ Royal Taunggyi Hotel ၌ ကျင်းပမည်ဖြစ်သည်။

အဆိုပါ ဖိုရမ်တွင် ရှမ်းပြည်နယ်အတွင်းရှိ စိုက်ပျိုးရေးကဏ္ဍဆိုင်ရာ ရင်းနှီးမြှုပ်နှံမှုများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ အခွင့်အလမ်းများနှင့်ပတ်သက်၍ သက်ဆိုင်ရာဌာနများနှင့် ပုဂ္ဂလိကကဏ္ဍများမှ တာဝန်ရှိသူများကို တိုက်ရိုက် မေးမြန်းဆွေးနွေးနိုင်မည်ဖြစ်သည်။

ဖိုရမ်တက်ရောက်လိုသူများအနေဖြင့် နိုဝင်ဘာလ (၁၉)ရက်နေ့ နောက်ဆုံးထား၍ www.shanstateinvestmentforum2019.com တွင် စာရင်းပေးသွင်းကြရမည်ဖြစ်သည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net