က်ဳိင္းတံုၿမိဳ႕မေစ်းအတြင္း ပူးေပါင္းအဖြဲ႔ျဖင့္ သက္တမ္းလြန္စားေသာက္ကုန္ ႏွင့္ ေထာက္ခံခ်က္မရွိသည့္ စားေသာက္ကုန္မ်ားကို ေရွာင္တခင္ ၀င္ေရာက္စစ္ေဆး

က်ဳိင္းတံုၿမိဳ႕မေစ်းအတြင္း ပူးေပါင္းအဖြဲ႔ျဖင့္ သက္တမ္းလြန္စားေသာက္ကုန္ ႏွင့္ ေထာက္ခံခ်က္မရွိသည့္ စားေသာက္ကုန္မ်ားကို ေရွာင္တခင္ ၀င္ေရာက္စစ္ေဆး
မတ် 22, 2019
By Tachileik News Agency

ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕မေစ်းအတြင္း စားသံုးကုန္မ်ားကို ၂၀၁၉ ခုႏွစ္၊ မတ္လ (၂၂)ရက္ေန႔က ေရွာင္တခင္စစ္ေဆးရာ သက္တမ္းလြန္စားေသာက္ကုန္ႏွင့္ အစားအေသာက္တင္သြင္းခြင့္အတြက္ စစ္ေဆးခံယူမႈ မရိွသည့္ စားေသာက္ကုန္မ်ားကို ေတြ႔ရသျဖင့္ သိမ္းဆည္းထားေၾကာင္း သိရသည္။

ေစ်းအတြင္းရိွ စတိုးဆိုင္၊ ကုန္စံုဆိုင္မ်ားအနက္ ကုန္စံုဆိုင္ (၄)ဆုိင္တြင္ စားေသာက္ကုန္ လံုၿခံဳေဘးကင္းေၾကာင္း ေထာက္ခံခ်က္မပါသည့္ တရုတ္ႏုိင္ငံထုတ္ႏွင့္ ျပည္တြင္းထုတ္ စားေသာက္ကုန္မ်ား၊ သက္တမ္းလြန္ေနသည့္ ျပည္တြင္းထုတ္စားေသာက္ကုန္မ်ားကို စစ္ေဆးေတြ႔ရသျဖင့္ စားသုံးသူ အကာအကြယ္ေပးေရးဥပေဒ ပုဒ္မ ၁၉(င)ႏွင့္(စ)အရ သိမ္းဆည္းခဲ့ၿပီး အမ်ားျပည္သူေရွ႕ေမွာက္တြင္ ဖ်က္ဆီးမည္ျဖစ္ေၾကာင္း သိရသည္။

ေထာက္ခံခ်က္မရိွသည့္ ျပည္တြင္းထုတ္စားေသာက္ကုန္အခ်ိဳ႕မွာ သက္ဆိုင္ရာဌာန အဖြဲ႔အစည္းမ်ားထံ ဓာတ္ခြဲစစ္ေဆးျခင္းမ်ား ေဆာင္ရြက္ေနဆဲေစ်းကြက္တင္ထားျခင္းျဖစ္ေၾကာင္းသိရသည္။

က်ိဳင္းတံုၿမိဳ႕မေစ်းအတြင္း စစ္ေဆးမႈမ်ားလုပ္ေဆာင္ျခင္းႏွင့္အတူ FDA က တားျမစ္ထားသည့္ အလွကုန္ပစၥည္းမ်ားစာရင္းကိုလည္း အမ်ားျပည္သူသိရိွေစရန္ နမူနာပစၥည္းမ်ားႏွင့္အတူ အသိပညာေပးေဆာင္ရြက္ခဲ့ေၾကာင္း သိရသည္။

အဆိုပါပူးေပါင္းစစ္ေဆးမႈကို က်ိဳင္းတံုခရိုင္စားသံုးသူအျငင္းပြားမႈေျဖရွင္းေရးအဖြဲ႕၊ စားသံုးသူေရးရာဦးစီးဌာန၊ ခရိုင္က်န္းမာေရးဌာန၊ ၿမိဳ႕နယ္အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ ၿမိဳ႕နယ္ တိရစၦာန္ေမြးျမဴေရးႏွင့္ကုသေရးဦးစီးဌာန၊ ၿမိဳ႕နယ္ရဲတပ္ဖြဲ႕ႏွင့္ ရပ္ကြက္၊ေက်းရြာအုပ္ခ်ဳပ္ေရးမွဴးမ်ား ပူးေပါင္းပါဝင္သည့္အဖြဲ႕ျဖင့္ ေဆာင္ရြက္ျခင္းျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - စားသုံးသူေရးရာ က်ိဳင္းတုံ


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့မဈေးအတွင်း စားသုံးကုန်များကို ၂၀၁၉ ခုနှစ်၊ မတ်လ (၂၂)ရက်နေ့က ရှောင်တခင်စစ်ဆေးရာ သက်တမ်းလွန်စားသောက်ကုန်နှင့် အစားအသောက်တင်သွင်းခွင့်အတွက် စစ်ဆေးခံယူမှု မရှိသည့် စားသောက်ကုန်များကို တွေ့ရသဖြင့် သိမ်းဆည်းထားကြောင်း သိရသည်။

ဈေးအတွင်းရှိ စတိုးဆိုင်၊ ကုန်စုံဆိုင်များအနက် ကုန်စုံဆိုင် (၄)ဆိုင်တွင် စားသောက်ကုန် လုံခြုံဘေးကင်းကြောင်း ထောက်ခံချက်မပါသည့် တရုတ်နိုင်ငံထုတ်နှင့် ပြည်တွင်းထုတ် စားသောက်ကုန်များ၊ သက်တမ်းလွန်နေသည့် ပြည်တွင်းထုတ်စားသောက်ကုန်များကို စစ်ဆေးတွေ့ရသဖြင့် စားသုံးသူ အကာအကွယ်ပေးရေးဥပဒေ ပုဒ်မ ၁၉(င)နှင့်(စ)အရ သိမ်းဆည်းခဲ့ပြီး အများပြည်သူရှေ့မှောက်တွင် ဖျက်ဆီးမည်ဖြစ်ကြောင်း သိရသည်။

ထောက်ခံချက်မရှိသည့် ပြည်တွင်းထုတ်စားသောက်ကုန်အချို့မှာ သက်ဆိုင်ရာဌာန အဖွဲ့အစည်းများထံ ဓာတ်ခွဲစစ်ဆေးခြင်းများ ဆောင်ရွက်နေဆဲဈေးကွက်တင်ထားခြင်းဖြစ်ကြောင်းသိရသည်။

ကျိုင်းတုံမြို့မဈေးအတွင်း စစ်ဆေးမှုများလုပ်ဆောင်ခြင်းနှင့်အတူ FDA က တားမြစ်ထားသည့် အလှကုန်ပစ္စည်းများစာရင်းကိုလည်း အများပြည်သူသိရှိစေရန် နမူနာပစ္စည်းများနှင့်အတူ အသိပညာပေးဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အဆိုပါပူးပေါင်းစစ်ဆေးမှုကို ကျိုင်းတုံခရိုင်စားသုံးသူအငြင်းပွားမှုဖြေရှင်းရေးအဖွဲ့၊ စားသုံးသူရေးရာဦးစီးဌာန၊ ခရိုင်ကျန်းမာရေးဌာန၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မြို့နယ် တိရစ္ဆာန်မွေးမြူရေးနှင့်ကုသရေးဦးစီးဌာန၊ မြို့နယ်ရဲတပ်ဖွဲ့နှင့် ရပ်ကွက်၊ကျေးရွာအုပ်ချုပ်ရေးမှူးများ ပူးပေါင်းပါဝင်သည့်အဖွဲ့ဖြင့် ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - စားသုံးသူရေးရာ ကျိုင်းတုံ

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net