ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာ (၁၂) ဦးကို တာချီလိတ်သို့ လွှဲပြောင်း

ထိုင်းနိုင်ငံတွင် ဖမ်းဆီးခံထားရသည့် မြန်မာ (၁၂) ဦးကို တာချီလိတ်သို့ လွှဲပြောင်း
နိုဝင်ဘာ 28, 2019
By Tachileik News Agency

ထိုင်းနိုင်ငံတွင် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံထားရသည့် မြန်မာနိုင်ငံသား (၁၂) ဦးကို  တာချီလိတ်မြို့သို့ ထိုင်းနိုင်ငံမှ တာဝန်ရှိသူများက ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၂၈)ရက်နေ့ နေ့လယ် (၂) နာရီဝန်းကျင်တွင် လာရောက်လွှဲပြောင်းပေးသည်။

မြန်မာနိုင်ငံသား အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၅)ဦးတို့မှာ ရှမ်းပြည်နယ် တောင်ပိုင်းနှင့် မြောက်ပိုင်းတို့မှ ဖြစ်ကြပြီး ထိုင်းနိုင်ငံတွင်း ခွင့်ပြုနယ်မြေထက် ကျော်လွန်သွားလာခြင်းနှင့် တရားမဝင် သွားရောက်ခြင်းတို့ကြောင့် ဖမ်းဆီးခံခဲ့ရပြီးနောက် ပြစ်ဒဏ်စေ့၍ မြန်မာဘက်သို့ ပြန်လည် လွှဲပြောင်းပေးလာခြင်းဖြစ်ကြောင်း သိရသည်။

မယ်ဆိုင်လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ လဝကအရာရှိ Channarong Phumipol ဦးစီးသည့်အဖွဲ့က လာရောက်လွှဲပြောင်းပေးရာ တာချီလိတ်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာနမှ ဒုလဝကမှူး ဆွေသန့်မောင် ဦးစီးသည့်အဖွဲ့၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ လူကုန်တားအဖွဲ့နှင့် CNCMC အဖွဲ့တို့က စိစစ်လက်ခံခဲ့ခြင်းဖြစ်သည်။

ထိုင်းနိုင်ငံတွင်း အထောက်အထားမပါဘဲ ဝင်ရောက်မှု၊ သတ်မှတ်နယ်မြေကျော်လွန်သွားလာမှု၊ နေထိုင်ခွင့်သက်တမ်း ကျော်လွန်မှုစသဖြင့် အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသားများ ပြစ်ဒဏ်စေ့ပါက နယ်စပ်မြို့များဖြစ်သည့် မြဝတီနှင့် တာချီလိတ်ဘက်သို့ ထိုင်းဘက်က ပြန်လည်လွှဲပြောင်းပေးလေ့ရှိခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - CNCMC

 
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~