တာချီလိတ် အပါအဝင် မိုင်းယောင်း၊ မိုင်းဖြတ်နှင့် ကျိုင်းတုံတို့မှ ဓါတ်ခွဲနမူနာအားလုံး မေလ(၁)ရက်နေ့ စစ်ဆေးချက်အရ COVID-19 ပိုးမတွေ့

တာချီလိတ် အပါအဝင် မိုင်းယောင်း၊ မိုင်းဖြတ်နှင့် ကျိုင်းတုံတို့မှ ဓါတ်ခွဲနမူနာအားလုံး မေလ(၁)ရက်နေ့ စစ်ဆေးချက်အရ COVID-19 ပိုးမတွေ့
မေ 1, 2020
By Tachileik News Agency

တာချီလိတ် အပါအဝင် မိုင်းယောင်း၊ မိုင်းဖြတ်နှင့် ကျိုင်းတုံတို့မှ ဓါတ်ခွဲနမူနာအားလုံး  မေလ(၁)ရက်နေ့ စစ်ဆေးချက်အရ COVID-19 ပိုးမတွေ့

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့ အပါအဝင် မြို့(၄)မြို့မှ ဧပြီလ(၂၉)ရက်နေ့က ပို့ဆောင်ထားသည့် ဓါတ်ခွဲနမူနာအားလုံးမှာ  COVID-19 ပိုးမတွေ့ကြောင်း ၂၀၂၀ခုနှစ် မေလ(၁)ရက်နေ့ နံနက်ပိုင်း၏ ထုတ်ပြန်ချက်အရ သိရသည်။

ကျိုင်းတုံ PUI က (၃)ယောက် ပြီးရင် Facilities Quarantine က(၂)ယောက်၊ စုစုပေါင်း ကျိုင်းတုံဆိုရင် (၅)ယောက်ရှိမယ်။ မိုင်းယောင်းက Close Contact (၃)ယောက်ရှိမယ်၊ မိုင်းဖြတ်က  Close Contact (၁၀)ယောက်ရှိမယ်၊ တာချီလိတ်ကကြတော့ စုစုပေါင်း ပို့ထားတာ (၂၇)ယောက်ရယ် PUI (၁)ယောက်ရယ် စုစုပေါင်း (၂၈)ယောက်ပေါ့နော်၊ အဲ့ဒါ ဒီမနက်မှာ Result အကုန် ပါသွားပါပြီ

ဟု ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျန်းမာရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဘစိုးသက်က တာချီလိတ်သတင်းအေဂျင်စီသို့ မေလ(၁)ရက်နေ့တွင် ပြောသည်။

ယနေ့အဖြေထွက်သူများတွင် Quarantine ရက်ပြည့်ခါနီးဖြစ်၍ ဒုတိယအကြိမ် စစ်ဆေးသည့် တာချီလိတ်၊ မိုင်းဖြတ် နှင့် မိုင်းယောင်း ပြည်သူ့ဆေးရုံတို့မှ ဆရာဝန်များ နှင့် ကျန်းမာရေးဝန်ထမ်းများ အပါအဝင်  ၎င်းတို့၏ မိသားစု ပါဝင်သည်။

လက်ရှိတွင် တာချီလိတ်မှ အတည်ပြုလူနာ (၂)ဦးနှင့် မိုင်းဖြတ်မြို့မှ အတည်ပြုလူနာ (၁)ဦးတို့ကို ကျိုင်းတုံဆေးရုံတွင် ဆေးကုသပေးနေလျက်ရှိသည်။

Tachileik News Agency
သတင်း - ကိုဇောင်း ( Ko Zaung )


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~