ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၁၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရပြီး ပစ်ဒဏ်စေ့သည့် မြန်မာနိုင်ငံသား (၁၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ
နိုဝင်ဘာ 22, 2019
By Tachileik News Agency
ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့်  ဖမ်းဆီးခံရပြီး ပစ်ဒဏ်စေ့သည့်  မြန်မာနိုင်ငံသား (၁၉)ဦးကို တာချီလိတ်သို့ လွှဲပြောင်းပေးလာ

ထိုင်းနိုင်ငံအတွင်း အကြောင်းအမျိုးမျိုးကြောင့် ဖမ်းဆီးခံရသည့် မြန်မာနိုင်ငံသား (၁၉)ဦး ပြစ်ဒဏ်ကျခံပြီးနောက်  မြန်မာနိုင်ငံ တာချီလိတ်သို့   ၂၀၁၉ခုနှစ် နိုဝင်ဘာလ(၂၂)ရက်နေ့ နံနက်(၁၀)နာရီခွဲကျော်အချိန်က ထိုင်းဘက်မှ ပြန်လည်လွှဲပြောင်းပေးလာရာ  မြန်မာဘက် တာဝန်ရှိသူများက စိစစ်လက်ခံခဲ့ကြသည်။

ထိုင်းဘက်က လာရောက်လွှဲပြောင်းပေးလာသည့်  မြန်မာနိုင်ငံသား (၁၉)ဦးတွင် ရှမ်းပြည်နယ်တောင်ပိုင်းက (၁၅)ဦး၊ ရှမ်းပြည်နယ်အရှေ့ပိုင်းက (၂)ဦး နှင့် ရှမ်းပြည်နယ်မြောက်ပိုင်းက (၂)ဦး ပါဝင်သည်။

ပြန်လည်လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၉)ဦးတွင် တာချီလိတ်မှ တဆင့် ထိုင်းနိုင်ငံအတွင်းသို့ တရားမဝင် ဝင်ရောက်မှုဖြင့် ဖမ်းဆီးခံရသူ (၁၂)ဦး နှင့် နယ်မြေကျော်သွားရောက်ခြင်းကြောင့် ဖမ်းဆီးခံရသူ (၇)ဦး ပါဝင်သည်။

ထိုင်းနိုင်ငံ၊ မယ်ဆိုင်ဘက်မှ လဝကအရာရှိ Channarong Phumipol ဦးစီးသည့်အဖွဲ့က  မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတား အမှတ် (၂) တွင် လာရောက် လွှဲပြောင်းပေးရာ မြန်မာဘက်မှ လူဝင်မှုကြီးကြပ်ရေးဦးစီးဌာန၊ လူကုန်ကူးမှုတားဆီးနှိမ်နှင်းရေးရဲတပ်ဖွဲ့၊ ပြန်လည်ထူထောင်ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာန နှင့် CNCMC တို့ ပါဝင်သည့် အဖွဲ့တို့က အဆိုပါ (၁၉)ဦးတွင် မြန်မာနိုင်ငံသား မဟုတ်ဘဲ အခြားနိုင်ငံသားများ ပါဝင်လာခြင်း ရှိ မရှိစိစစ်လက်ခံကြခြင်းဖြစ်သည်။

Tachileik News Agency