တာချီလိတ်သို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ကြွလာချိန်တွင် အနုပညာရှင်များက ဖျော်ဖြေမှုများဖြင့် ပူဇော်ကြိုဆို

တာချီလိတ်သို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ကြွလာချိန်တွင် အနုပညာရှင်များက ဖျော်ဖြေမှုများဖြင့် ပူဇော်ကြိုဆို
အောက်တိုဘာ 16, 2019
By Tachileik News Agency
တာချီလိတ်သို့ မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များ ကြွလာချိန်တွင် အနုပညာရှင်များက
 ဖျော်ဖြေမှုများဖြင့် ပူဇော်ကြိုဆို

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် မဲခေါင်မြစ်ဝှမ်း (၅)နိုင်ငံမှ သံဃာတော်များအား ဆွမ်းဆန်စိမ်းလောင်းလှူနေသည့် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၆)ရက်နေ့တွင် အနုပညာရှင်များက ဖျော်ဖြေမှုများဖြင့် ပူဇော်ကြိုဆိုမှုများ လုပ်ဆောင်ကြသည်။

အနုပညာရှင်များဖြစ်ကြသည့် အဆိုတော် မြန်မာပြည်သိန်းတန်၊ မေခလာ၊ စိမ့်နခြေည်၊ သွန်း၊ ခိုင်မာလွင်၊ ရုပ်ရှင်သရုပ်ဆောင် မေစူးနိုင်းနှင့် အာကာဘိုတို့က နံနက် (၈)နာရီဝန်းကျင်က၍ တံတားထိပ်တွင် တေးသီချင်းများဖြင့် ပူဇော်သီဆိုဖျော်ဖြေကာ ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းမတစ်လျှောက် မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နဂါးနှစ်ကောင် ကျောင်းတိုက်အတွင်း နေ့လယ် (၁၁)နာရီခွဲအထိ ပူဇော်သီဆိုဖျော်ဖြကြေမည် ဖြစ်သည်။

အဆိုပါ အနုပညာရှင်အဖွဲ့က ညပိုင်းတွင် ဟိုတယ်တာချီလိတ်၌ ဖျော်ဖြကြေမည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် အောက်တိုဘာလ (၁၄) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၅) နိုင်ငံ ဓမ္မခရီးကြွရောက်ရာတွင် မြန်မာနိုင်ငံသို့ ဓမ္မခရီးကို အောက်တိုဘာလ (၁၆)ရက်မှ (၁၈)ရက်နေ့အထိ ကြွချီရာတွင် ဒေသခံလူထုနှင့်အတူ အနုပညာရှင်များက ပါဝင်ကြိုဆိုနကြခြေင်းဖြစ်သည်။

အဆိုပါ ဒုတိယအကြိမ် ဓမ္မခရီးစဉ်ကို မြန်မာနိုင်ငံလုံးဆိုင်ရာ ထေရဝါဒဗုဒ္ဓဘာသာအဖွဲ့ချုပ်နှင့် နယ်စပ်တောင်တန်းဒေသ သာသနာနုဂ္ဂဟအသင်းနှင့် ထိုင်းနိုင်ငံ ဗောဓိဂယာဝိဇ္ဇာလျ ၉၈၀ အဖွဲ့ချုပ်တို့ ပူးပေါင်း၍ စီစဉ်ခြင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း




~~~~~~~~⊰❂ Zawgyi Version ~~~~~~~~



အနုပညာရှင်များဖြစ်ကြသည့် အဆိုတော် မြန်မာပြည်သိန်းတန်၊ မေခလာ၊ စိမ့်နေခြည်၊ သွန်း၊ ခိုင်မာလွင်၊ ရုပ်ရှင်သရုပ်ဆောင် မေစူးနိုင်းနှင့် အာကာဘိုတို့က နံနက် (၈)နာရီဝန်းကျင်က၍ တံတားထိပ်တွင် တေးသီချင်းများဖြင့် ပူဇော်သီဆိုဖျော်ဖြေကာ ယင်းမှတစ်ဆင့် ဗိုလ်ချုပ်လမ်းမတစ်လျှောက် မော်တော်ယာဉ်ဖြင့် လှည့်လည်ကာ နဂါးနှစ်ကောင် ကျောင်းတိုက်အတွင်း နေ့လယ် (၁၁)နာရီခွဲအထိ ပူဇော်သီဆိုဖျော်ဖြေကြမည် ဖြစ်သည်။

အဆိုပါ အနုပညာရှင်အဖွဲ့က ညပိုင်းတွင် ဟိုတယ်တာချီလိတ်၌ ဖျော်ဖြေကြမည်ဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် အောက်တိုဘာလ (၁၄) ရက်နေ့မှ အောက်တိုဘာလ (၃၁) ရက်နေ့အထိ (၅) နိုင်ငံ ဓမ္မခရီးကြွရောက်ရာတွင် မြန်မာနိုင်ငံသို့ ဓမ္မခရီးကို အောက်တိုဘာလ (၁၆)ရက်မှ (၁၈)ရက်နေ့အထိ ကြွချီရာတွင် ဒေသခံလူထုနှင့်အတူ အနုပညာရှင်များက ပါဝင်ကြိုဆိုနေကြခြင်းဖြစ်သည်။


Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net