ထိုင်းဘုရင်မင်းမြတ်ထံ ဝင်းနှင့်ဇော်အတွက် အသနားခံစာကို အောက်တိုဘာလ (၂၄)ရက်နေ့တွင် တင်မည်

ထိုင်းဘုရင်မင်းမြတ်ထံ ဝင်းနှင့်ဇော်အတွက် အသနားခံစာကို အောက်တိုဘာလ (၂၄)ရက်နေ့တွင် တင်မည်
အောက်တိုဘာ 23, 2019
By 🌸
ထိုင်းဘုရင်မင်းမြတ်ထံ ဝင်းနှင့်ဇော်အတွက် အသနားခံစာကို အောက်တိုဘာလ (၂၄)ရက်နေ့တွင် တင်မည်

ထိုင်းနိုင်ငံတွင် ခိုတောင်ကျွန်းလူသတ်မှုဖြစ်စဉ်နှင့်ပတ်သက်၍ သေဒဏ်ချမှတ်ခံထားရသည့် မြန်မာ ရွှေ့ပြောင်းလုပ်သား ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၄)ရက်နေ့ နံနက် (၉)နာရီတွင် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွားမည်ဖြစ်ကြောင်း သိရသည်။

ဘန်ခွမ်အကျဉ်းထောင်မှ ဝင်းဇော်ထွန်းနှင့် ဇော်လင်း၊ ၎င်းတို့နှစ်ဦးလွတ်မြောက်ရေး ဥပဒေ အထောက်အကူ ပေးနေသည့် အဖွဲ့၊ ဝင်းနှင့်ဇော်၏ မိခင်များနှင့် မြန်မာအစိုးရက ဝင်းနှင့်ဇော် လွတ်မြောက်ရေးအတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်သွင်းကြမည်ဖြစ်သည်ဟု ဝင်းနှင့်ဇော် လွတ်မြောက်ရေး ဥပဒေအထောက်အကူပေးနေသည့် Andy Hall ထံမှ သိရသည်။

ဝင်းဇော်ထွန်းနှင့် ဇော်လင်းတို့မှာ ၂ဝ၁၄ ခုနှစ်၊ စက်တင်ဘာလအတွင်းက ခိုတောင်ကျွန်းတွင် ဗြိတိန်နိုင်ငံသား နှစ်ဦး အသတ်ခံခဲ့ရသော ဖြစ်စဉ်၌ ကျူးလွန်ကြောင်း စွပ်စွဲချက်ဖြင့် သေဒဏ်ချမှတ်ခြင်းခံထားရပြီး ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၂၉)ရက်နေ့တွင် နွန်ထဘူရီခရိုင်တရားရုံး၌ နောက်ဆုံးအယူခံ ရှုံးနိမ့်ထားခြင်းဖြစ်သည်။

သေဒဏ်ကျ မြန်မာနိုင်ငံသားနှစ်ယောက်အတွက် ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်ရန်အတွက် မြန်မာအစိုးရကလည်း ကူညီပေးနေခြင်းဖြစ်ပြီး တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ကလည်း ထိုင်းနိုင်ငံမှ တာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့ကြောင်း သိရသည်။

ဝင်းနှင့်ဇော်လွတ်မြောက်ရေးအတွက် ဥပဒေအထောက်အကူပြုနေသည့်အဖွဲ့ကလည်း ထိုင်းဘုရင်မင်းမြတ်ထံ အသနားခံစာတင်နိုင်ရေးအတွက် ဆက်လက်ကူညီပံ့ပိုးပေးနေခြင်းဖြစ်ပြီး မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်ကလည်း ထိုင်းနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်ထံ အကူအညီ တောင်းခံထားခဲ့ခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Andy Hall

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
ထုိင္းဘုရင္မင္းျမတ္ထံ ဝင္းနွင့္ေဇာ္အတြက္ အသနားခံစာကို ေအာက္တိုဘာလ (၂၄)ရက္ေန႔တြင္တင္မည္

ထုိင္းနုိင္ငံတြင္ ခုိေတာင္ကၽြန္းလူသတ္မႈျဖစ္စဥ္ႏွင့္ပတ္သက္၍ ေသဒဏ္ခ်မွတ္ခံထားရသည့္ ျမန္မာ ေရႊ႕ေျပာင္းလုပ္သား ဝင္းေဇာ္ထြန္းနွင့္ ေဇာ္လင္းတို႔အတြက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၄)ရက္ေန႔ နံနက္ (၉)နာရီတြင္ ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ဘန္ခြမ္အက်ဥ္းေထာင္မွ ဝင္းေဇာ္ထြန္းႏွင့္ ေဇာ္လင္း၊ ၎တို႔ႏွစ္ဦးလြတ္ေျမာက္ေရး ဥပေဒ အေထာက္အကူ ေပးေနသည့္ အဖြဲ႕၊ ဝင္းႏွင့္ေဇာ္၏ မိခင္မ်ားႏွင့္ ျမန္မာအစိုးရက ဝင္းႏွင့္ေဇာ္ လြတ္ေျမာက္ေရးအတြက္ ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္သြင္းၾကမည္ျဖစ္သည္ဟု ဝင္းနွင့္ေဇာ္ လြတ္ေျမာက္ေရး ဥပေဒအေထာက္အကူေပးေနသည့္ Andy Hall ထံမွ သိရသည္။

ဝင္းေဇာ္ထြန္းနွင့္ ေဇာ္လင္းတို႔မွာ ၂ဝ၁၄ ခုႏွစ္၊ စက္တင္ဘာလအတြင္းက ခုိေတာင္ကၽြန္းတြင္ ၿဗိတိန္ႏုိင္ငံသား ႏွစ္ဦး အသတ္ခံခဲ့ရေသာ ျဖစ္စဥ္၌ က်ဴးလြန္ေၾကာင္း စြပ္စြဲခ်က္ျဖင့္ ေသဒဏ္ခ်မွတ္ျခင္းခံထားရၿပီး ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၂၉)ရက္ေန႔တြင္ ႏြန္ထဘူရီခ႐ိုင္တရားရံုး၌ ေနာက္ဆံုးအယူခံ ရံႈးနိမ့္ထားျခင္းျဖစ္သည္။

ေသဒဏ္က် ျမန္မာႏုိင္ငံသားနွစ္ေယာက္အတြက္ ထိုင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ရန္အတြက္ ျမန္မာအစိုးရကလည္း ကူညီေပးေနျခင္းျဖစ္ၿပီး တပ္မေတာ္ကာကြယ္ေရးဦးစီးခ်ဳပ္ကလည္း ထုိင္းႏုိင္ငံမွ တာဝန္ရိွသူမ်ားႏွင့္ ေတြ႔ဆံုခဲ့ေၾကာင္း သိရသည္။

ဝင္းႏွင့္ေဇာ္လြတ္ေျမာက္ေရးအတြက္ ဥပေဒအေထာက္အကူျပဳေနသည့္အဖြဲ႕ကလည္း ထုိင္းဘုရင္မင္းျမတ္ထံ အသနားခံစာတင္ႏုိင္ေရးအတြက္ ဆက္လက္ကူညီပံ့ပိုးေပးေနျခင္းျဖစ္ၿပီး ျမန္မာနိုင္ငံ အမ်ိုးသား လူ့အခြင့္အေရးေကာ္မရွင္ကလည္း ထုိင္းႏို္င္ငံအမ်ိဳးသား လူ႔အခြင့္အေရးေကာ္မရွင္ထံ အကူအညီ ေတာင္းခံထားခဲ့ျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - Andy Hall

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net