နေပြည်တော် - ရန်ကုန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိ၍ သံဃာတစ်ပါးနှင့် လူ ၁၅ ဦးဒဏ်ရာရ

နေပြည်တော် - ရန်ကုန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိ၍ သံဃာတစ်ပါးနှင့် လူ ၁၅ ဦးဒဏ်ရာရ
နိုဝင်ဘာ 14, 2019
By 🌸


နေပြည်တော် - ရန်ကုန်လမ်းတွင် ခရီးသည်တင်ယာဉ်နှစ်စီးတိုက်မိ၍ သံဃာတစ်ပါးနှင့် လူ ၁၅ ဦးဒဏ်ရာရ

နေပြည်တော် - ရန်ကုန် အမြန်လမ်းမကြီးတွင် ၂၀၁၉ ခုနှစ်၊ နိုဝင်ဘာလ (၁၄)ရက်နေ့ နံနက် (၁)နာရီ မိနစ်(၄၀)တွင် ရွှေစင်စင်္ကြာခရီးသည်တင်ယာဉ်အား မင်းသစ္စာ ခရီးသည်တင်ယာဉ်က နောက်မှဝင်တိုက်မိ၍ သံဃာ (၁)ပါးနှင့် လူ (၁၅)ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

နေပြည်တော်- ရန်ကုန်လမ်း မိုင်တိုင် ၁၉၄/၂ နှင့် ၁၉၄/၃ အနီးတွင် ခရီးသည် (၃၁) ဦး စီးနင်းလိုက်ပါလာသော မင်းသစ္စာ Express ယာဉ်သည် ရှေ့မှလားရာတူမောင်းနှင်နေသည့် ခရီးသည်(၄၁)ဦးစီးနင်းလိုက်ပါလာသော ရွှေစင်စင်္ကြာ Express ယာဉ်၏ နောက်ဝဲဘက်ခြမ်းကို ဝင်တိုက်မိခြင်းဖြစ်ကြောင်း အမြန်လမ်းမကြီး ရဲတပ်ဖွဲ့မှူးရုံးက သတင်းထုတ်ပြန်သည်။

အဆိုပါ ယာဉ်တိုက်မှုကြောင့် မင်းသစ္စာယာဉ်မှ သံဃာ (၁) ပါး၊ အမျိုးသား (၆)ဦးနှင့် အမျိုးသမီး (၇)ဦး၊ ရွှေစင်စင်္ကြာယာဉ်မှ အမျိုးသား(၁)ဦးနှင့် အမျိုးသမီး(၁)ဦးတို့ ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ယာဉ်တိုက်မှုဖြစ်ပွားရာသို့ အမြန်လမ်းမကြီးရဲတပ်ဖွဲ့ ပလွေးစခန်းမှ တပ်ဖွဲ့ဝင်များနှင့် အထောက်အကူပြု အဖွဲ့များက ကူညီဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - အမြန်လမ်းမကြီးရဲတပ်ဖွဲ့မှူးရုံး

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net