တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် (၅)နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ချစ်ကြည်ရေးတံတား(၁)တွင် ညပိုင်း ပြင်ဆင်

တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် (၅)နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ချစ်ကြည်ရေးတံတား(၁)တွင် ညပိုင်း ပြင်ဆင်
အောက်တိုဘာ 15, 2019
By Tachileik News Agency
တာချီလိတ်တွင် ကျင်းပပြုလုပ်မည့် (၅)နိုင်ငံ ဆွမ်းဆန်စိမ်းလောင်းလှူပွဲအတွက် ချစ်ကြည်ရေးတံတား(၁)တွင် ညပိုင်း ပြင်ဆင်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ရှိ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၁)တွင် မဲခေါင်မြစ်ဝှမ်း (၅) နိုင်ငံမှ သံဃာတော်အပါး (၄၀၀)ကျော်အား ဆွမ်းဆန်စိမ်းလောင်းလှူရန်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၅)ရက်နေ့ ညပိုင်းက ပြင်ဆင်နကြပြေီဖြစ်သည်။

မြန်မာ၊ ထိုင်း၊ ကမ္ဘောဒီးယား၊ လာအိုနှင့် ဗီယက်နမ်နိုင်ငံများမှ သံဃာတော်များသည် အောက်တိုဘာလ (၁၆) ရက်နေ့ နံနက် (၈)နာရီတွင် မယ်ဆိုင်ဘက်မှ တာချီလိတ်သို့ ကြွရောက်လာမည်ဖြစ်ရာ မြန်မာ - ထိုင်း ချစ်ကြည်ရေးတံတားအမှတ် (၁) မှစ၍ ရှမ်းရိုးမကွင်းအထိ လမ်းတစ်လျှောက်တွင် ဒေသခံပြည်သူများက ဆွမ်းဆန်စိမ်း လောင်းလှူကြမည်ဖြစ်သည်။

သံဃာတော်များအား ဆွမ်းလောင်းလှူမည်ဖြစ်၍ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား (၁)မှ လူနှင့် မော်တော်ယာဉ်များ ဖြတ်သန်းသွားလာခြင်းကို အောက်တိုဘာလ (၁၆)ရက်နေ့ နံနက် (၇)နာရီမှ (၁၀)နာရီအထိ ယာယီပိတ်ထားမည်ဖြစ်ပြီး ချစ်ကြည်ရေးတံတားမှ ရှမ်းရိုးမကွင်းဘက်သို့ လမ်းတလျှောက် ညာဘက်ခြမ်းတွင် အလှူရှင်များ နေရာယူကြမည်ဖြစ်၍ လမ်း၏ ညာဘက်ခြမ်းကို နံနက် (၆)နာရီမှ (၁၀)နာရီအထိ ကားများမရပ်ရန် မေတ္တာရပ်ခံထားသည်။

ဆွမ်းလောင်းလှူနေစဉ်တွင် ချစ်ကြည်ရေးတံတားဘက်မှ ရှမ်းရိုးမကွင်းဘက်သွားရာဘက် ဗိုလ်ချုပ်လမ်းမကြီး၏ ညာဘက်ခြမ်းကို ပိတ်ထားပြီး ဘယ်ဘက်ခြမ်းမှ မော်တော်ယာဉ်များ သွားလာနိုင်ရန် စီစဉ်ပေးထားမည်ဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ဟန်စိုးထိုက်၊ ကျော်ဇင်ဟိန်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


တာခ်ီလိတ္တြင္ က်င္းပျပဳလုပ္မည့္ (၅)ႏိုင္ငံ ဆြမ္းဆန္စိမ္းေလာင္းလွဴပြဲအတြက္ ခ်စ္ၾကည္ေရးတံတား(၁)တြင္ ညပိုင္း ျပင္ဆင္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕ရိွ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတားအမွတ္ (၁)တြင္ မဲေခါင္ျမစ္ဝွမ္း (၅) ႏိုင္ငံမွ သံဃာေတာ္အပါး (၄၀၀)ေက်ာ္အား ဆြမ္းဆန္စိမ္းေလာင္းလွဴရန္အတြက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၅)ရက္ေန႔ ညပိုင္းက ျပင္ဆင္ေနၾကၿပီျဖစ္သည္။

ျမန္မာ၊ ထုိင္း၊ ကေမၻာဒီးယား၊ လာအိုႏွင့္ ဗီယက္နမ္ႏုိင္ငံမ်ားမွ သံဃာေတာ္မ်ားသည္ ေအာက္တိုဘာလ (၁၆) ရက္ေန႔ နံနက္ (၈)နာရီတြင္ မယ္ဆုိင္ဘက္မွ တာခ်ီလိတ္သို႔ ၾကြေရာက္လာမည္ျဖစ္ရာ ျမန္မာ - ထုိင္း ခ်စ္ၾကည္ေရးတံတားအမွတ္ (၁) မွစ၍ ရွမ္းရိုးမကြင္းအထိ လမ္းတစ္ေလွ်ာက္တြင္ ေဒသခံျပည္သူမ်ားက ဆြမ္းဆန္စိမ္း ေလာင္းလွဴၾကမည္ျဖစ္သည္။

သံဃာေတာ္မ်ားအား ဆြမ္းေလာင္းလွဴမည္ျဖစ္၍ ျမန္မာ - ထုိင္းခ်စ္ၾကည္ေရးတံတား (၁)မွ လူႏွင့္ ေမာ္ေတာ္ယာဥ္မ်ား ျဖတ္သန္းသြားလာျခင္းကို ေအာက္တိုဘာလ (၁၆)ရက္ေန႔ နံနက္ (၇)နာရီမွ (၁၀)နာရီအထိ ယာယီပိတ္ထားမည္ျဖစ္ၿပီး ခ်စ္ၾကည္ေရးတံတားမွ ရွမ္းရိုးမကြင္းဘက္သို႔ လမ္းတေလွ်ာက္ ညာဘက္ျခမ္းတြင္ အလွဴရွင္မ်ား ေနရာယူၾကမည္ျဖစ္၍ လမ္း၏ ညာဘက္ျခမ္းကို နံနက္ (၆)နာရီမွ (၁၀)နာရီအထိ ကားမ်ားမရပ္ရန္ ေမတၱာရပ္ခံထားသည္။

ဆြမ္းေလာင္းလွဴေနစဥ္တြင္ ခ်စ္ၾကည္ေရးတံတားဘက္မွ ရွမ္းရိုးမကြင္းဘက္သြားရာဘက္ ဗိုလ္ခ်ဳပ္လမ္းမႀကီး၏ ညာဘက္ျခမ္းကို ပိတ္ထားၿပီး ဘယ္ဘက္ျခမ္းမွ ေမာ္ေတာ္ယာဥ္မ်ား သြားလာႏုိင္ရန္ စီစဥ္ေပးထားမည္ျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ဟန္စိုးထုိက္၊ ေက်ာ္ဇင္ဟိန္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net