ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်း ကွန်ကရစ်ခင်းရန် ပြည်နယ်အစိုးရ၏ Clean & Green City အတွက် လျာထား ရန်ပုံငွေမှ သုံးစွဲမည်

ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်း ကွန်ကရစ်ခင်းရန် ပြည်နယ်အစိုးရ၏ Clean & Green City အတွက် လျာထား ရန်ပုံငွေမှ သုံးစွဲမည်
အောက်တိုဘာ 22, 2019
By 🌸
ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်း ကွန်ကရစ်ခင်းရန် ပြည်နယ်အစိုးရ၏ Clean & Green City အတွက် လျာထား ရန်ပုံငွေမှ သုံးစွဲမည်

ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ နောင်တုံကန်ပတ်လမ်း ကွန်ကရစ်ခင်းခြင်းလုပ်ငန်းကို ပြည်နယ် အစိုးရက မြို့နယ် (၁၂) ခုတွင် Clean & Green City ဖေါ်ဆောင်ရန်လျာထားသည့် ကျပ်သန်း (၇၀၀၀)မှ ရယူသုံးစွဲနိုင်ရန်အတွက် ဘဏ္ဍာငွေတောင်းခံထားပြီးဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့ရှိ နောင်တုံကန်ပတ်လမ်းအား နိုင်လွန်ကတ္တရာ AC လမ်းအဖြစ် အဆင့်မြှင့်တင် ဆောင်ရွက်ပေးရန် အတွက် ကျိုင်းတုံမဲဆန္ဒနယ်မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ်ဒေါက်တာ ဝဏ္ဏစိုးက ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၇) ရက်နေ့တွင် ကျင်းပသည့် ဒုတိယအကြိမ် ရှမ်းပြည်နယ်လွှတ်တော်၏ (၁၆) ကြိမ်မြောက် လွှတ်တော်အစည်းအဝေးတွင် မေးမြန်းခဲ့ပြီးနောက် ပြည်နယ်အစိုးရ၏ Clean & Green City အတွက် လျာထားရန်ပုံငွေမှ ဆောင်ရွက်ပေးရန် ခွင့်ပြုလာခြင်းဖြစ်သည်။

"ရှမ်းပြည်နယ်အစိုးရရဲ့ Clean & Green City ဆိုပြီး မြို့နယ် (၁၂) မြို့နယ်အတွက် ကျပ်သန်း (၇၀၀၀) ထဲက ချပေးမှာပါ။ ကွန်ကရစ်လမ်းပဲ ခင်းမှာ။ နိုင်လွန်ကတ္တရာခင်းရင် သိန်းပေါင်း တစ်သိန်းကျော်ဆိုတော့ ဘတ်ဂျက်က မပေးနိုင်ဘူး။ ကွန်ကရစ်လမ်း ပြန်ပြောင်းတင်ထားတာ။ အကြမ်းဖျဉ်း သိန်း (၈၀၀၀) ပေါ့။ သူတို့ဘယ်လောက်ပေးမလဲ မသိသေးဘူး"ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာ ဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၂၂) ရက်နေ့တွင် ပြောသည်။

ကျိုင်းတုံမြို့ရှိ (၃၅)ဧက နီးပါးကျယ်ဝန်းသည့် နောင်တုံကန်ပတ်လမ်းကို အရှည်ပေ (၆၀၀၀) ကျော်၊ အကျယ် (၂၄) ရှိ ကွန်ကရစ်လမ်းခင်းရန်နှင့် ရေမြောင်းများပြုပြင်ရန်အတွက် ၂၀၁၉ ခုနှစ်၊ အောက်တိုဘာ (၇) ရက်နေ့ တွင် ကျိုင်းတုံမြို့နယ် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာနက ကွင်းဆင်းတိုင်းတာမှုများ ဆောင်ရွက်ခဲ့ပြီး ရှမ်းပြည်နယ်အစိုးရအဖွဲ့သို့ ဘဏ္ဍာငွေ တင်ပြတောင်းခံထားပြီးဖြစ်ကြောင်း သိရသည်။

သတင်း #ဟန်စိုးထိုက်
ဓါတ်ပုံ - ကျိုင်းတုံစည်ပင်

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~
က်ိဳင္းတံုၿမိဳ႕ ေနာင္တုံကန္ပတ္လမ္း ကြန္ကရစ္ခင္းရန္ ျပည္နယ္အစိုးရ၏ Clean & Green City အတြက္ လ်ာထား ရန္ပံုေငြမွ သံုးစြဲမည္

ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ ေနာင္တုံကန္ပတ္လမ္း ကြန္ကရစ္ခင္းျခင္းလုပ္ငန္းကို ျပည္နယ္ အစိုးရက ၿမိဳ႕နယ္ (၁၂) ခုတြင္ Clean & Green City ေဖၚေဆာင္ရန္လ်ာထားသည့္ က်ပ္သန္း (၇၀၀၀)မွ ရယူသံုးစြဲႏုိင္ရန္အတြက္ ဘ႑ာေငြေတာင္းခံထားၿပီးျဖစ္ေၾကာင္း သိရသည္။

က်ဳိင္းတံုၿမိဳ႕ရွိ ေနာင္တံုကန္ပတ္လမ္းအား ႏိုင္လြန္ကတၱရာ AC လမ္းအျဖစ္ အဆင့္ျမႇင့္တင္ ေဆာင္ရြက္ေပးရန္ အတြက္ က်ဳိင္းတံုမဲဆႏၵနယ္မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ေဒါက္တာ ဝဏၰစိုးက ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၁၇) ရက္ေန႔တြင္ က်င္းပသည့္ ဒုတိယအႀကိမ္ ရွမ္းျပည္နယ္လႊတ္ေတာ္၏ (၁၆) ႀကိမ္ေျမာက္ လႊတ္ေတာ္အစည္းအေဝးတြင္ ေမးျမန္းခဲ့ၿပီးေနာက္ ျပည္နယ္အစိုးရ၏ Clean & Green City အတြက္ လ်ာထားရန္ပံုေငြမွ ေဆာင္ရြက္ေပးရန္ ခြင့္ျပဳလာျခင္းျဖစ္သည္။

"ရွမ္းျပည္နယ္အစိုးရရဲ႕ Clean & Green City ဆိုၿပီး ၿမိဳ႕နယ္ (၁၂) ၿမိဳ႕နယ္အတြက္ က်ပ္သန္း (၇၀၀၀) ထဲက ခ်ေပးမွာပါ။ ကြန္ကရစ္လမ္းပဲ ခင္းမွာ။ ႏိုင္လြန္ကတၱရာခင္းရင္ သိန္းေပါင္း တစ္သိန္းေက်ာ္ဆိုေတာ့ ဘတ္ဂ်က္က မေပးႏိုင္ဘူး။ ကြန္ကရစ္လမ္း ျပန္ေျပာင္းတင္ထားတာ။ အၾကမ္းဖ်ဥ္း သိန္း (၈၀၀၀) ေပါ့။ သူတို႔ဘယ္ေလာက္ေပးမလဲ မသိေသးဘူး"ဟု က်ိဳင္းတံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာ ဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၂၂) ရက္ေန႔တြင္ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕ရိွ (၃၅)ဧက နီးပါးက်ယ္ဝန္းသည့္ ေနာင္တံုကန္ပတ္လမ္းကို အရွည္ေပ (၆၀၀၀) ေက်ာ္၊ အက်ယ္ (၂၄) ရိွ ကြန္ကရစ္လမ္းခင္းရန္ႏွင့္ ေရေျမာင္းမ်ားျပဳျပင္ရန္အတြက္ ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာ (၇) ရက္ေန႔ တြင္ က်ိဳင္းတံုၿမိဳ႕နယ္ စည္ပင္သာယာေရးေကာ္မတီ အင္ဂ်င္နီယာဌာနက ကြင္းဆင္းတိုင္းတာမႈမ်ား ေဆာင္ရြက္ခဲ့ၿပီး ရွမ္းျပည္နယ္အစိုးရအဖြဲ႕သို႔ ဘ႑ာေငြ တင္ျပေတာင္းခံထားၿပီးျဖစ္ေၾကာင္း သိရသည္။

သတင္း #ဟန္စိုးထုိက္
ဓါတ္ပံု - က်ိဳင္းတံုစည္ပင္

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net