နေရာကျယ်ဝန်းပြီး လူစုလူဝေး မဖြစ်၍ ရွှေစက်တော်အနီးက ဆင်စခန်း ဆက်လက် ဖွင့်ထားမည်

နေရာကျယ်ဝန်းပြီး လူစုလူဝေး မဖြစ်၍ ရွှေစက်တော်အနီးက ဆင်စခန်း ဆက်လက် ဖွင့်ထားမည်
မတ် 19, 2020
By Tachileik News Agency
နေရာကျယ်ဝန်းပြီး လူစုလူဝေး မဖြစ်၍ ရွှေစက်တော်အနီးက ဆင်စခန်း  ဆက်လက် ဖွင့်ထားမည်

ကိုရိုနာဗိုင်းရပ်စ် ကူးစက်နိုင်သဖြင့် လူစုလူဝေးနေရာများ မပြုလုပ်ရသည့်ကာလတွင် မကွေးတိုင်းဒေသကြီး၊ မကွေးမြို့ ရွှေစက်တော်ဘုရားအနီးရှိ ဆင်စခန်းမှာ သဘာဝတောတောင်အတွင်း ဧရိယာကျယ်ဝန်းသည့် နေရာဖြစ်၍ ဆက်လက် ဖွင့်လှစ်ထားကြောင်း သိရသည်။

 ဆင်စခန်းက မပိတ်ပါဘူး။ ရွှေစက်တော်ဘုရားပွဲတော် ပိတ်သိမ်းလိုက်လို့ အဝင်အထွက်တော့ အတော်ကြီးကို နည်းသွားပါတယ်။ ဆင်စခန်းက ဧရိယာကျယ်ဝန်းသလို ခုချိန်မှာ လူစုလူဝေး ဖြစ်လောက်အောင် လာကြတာမျိုး မဟုတ်တော့ ကျန်းမာရေးအနေနဲ့က စိုးရိမ်စရာမရှိပါဘူး

ဟု ဆင်စခန်းမန်နေဂျာ ဦးအောင်နေလင်းက ၂၀၂၀ ခုနှစ်၊ မတ်လ(၁၈) ရက်နေ့က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

သစ်တောဦးစီးဌာနက သစ်ထုတ်လုပ်ရေးအတွက် မသုံးတော့သည့် ဆင် (၁၂) ကောင်ဖြင့် လာရောက်လည်ပတ်သူများ အပျော်စီးနိုင်ရန် စီစဉ်ပေးထားသည့် ဆင်စခန်းတွင် တည်းခိုဆောင်များလည်း ဆောက်လုပ်ထားခြင်းဖြစ်သည်။

အဆိုပါ ဆင်စခန်းမှ ရရှိသည့် ဝင်ငွေကို တိုင်းဒေသကြီးအစိုးရအဖွဲ့ထံ (၂၀) ရာခိုင်နှုန်း၊ သစ်တောဦးစီးဌာနက (၂၀)ရာခိုင်နှုန်းနှင့် ဆင်စခန်းဘက်စုံဖွံ့ဖြိုးရေးအတွက် (၆၀) ရာခိုင်နှုန်း ခွဲဝေသုံးစွဲခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ဆင်စခန်းအား ၂၀၁၉ ခုနှစ်၊ ဖေဖော်ဝါရီလ (၉) ရက်နေ့က စတင်ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပဒါန်းဘက်မှ ပုသိမ် - မုံရွာလမ်းအတိုင်း (၈)မိုင်လမ်းမှ ဝင်ရောက်ပါက (၅)မိုင်ခန့်အကွာနှင့် ရွှေစက်တော်ဘက်မှ သွားရောက်ပါက (၉) ခန်းကြီးလမ်းခွဲမှ (၈)မိုင်လမ်းအတိုင်း (၃)မိုင်ခန့်အကွာတွင် တည်ရှိခြင်းဖြစ်သည်။

Tachileik News Agency
သတင်း/ဓာတ်ပုံ-ဖီးနစ်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~