မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နှစ်နိုင်ငံငွေကြေးများ လည်ပတ်သုံးစွဲနိုင်ရေး လက်မှတ်ရေးထိုး

မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နှစ်နိုင်ငံငွေကြေးများ လည်ပတ်သုံးစွဲနိုင်ရေး လက်မှတ်ရေးထိုး
အောက်တိုဘာ 22, 2019
By 🌸
မြန်မာနှင့် ထိုင်း နှစ်နိုင်ငံနယ်စပ်ဒေသများတွင် နှစ်နိုင်ငံငွေကြေးများ လည်ပတ်သုံးစွဲနိုင်ရေး လက်မှတ်ရေးထိုး

မြန်မာနှင့် ထိုင်းနှစ်နိုင်ငံနယ်စပ်ဒေသများတွင် နှစ်နိုင်ငံငွေကြေးများ လည်ပတ်သုံးစွဲခွင့်ပြုရေးအတွက် အမေရိကန်ပြည်ထောင်စု၌ ကျင်းပသည့် IMF ကမ္ဘာ့ဘဏ်အစည်းအဝေးကာလအတွင်း ၂၀၁၉ ခုနှစ်၊ အောက်တိုဘာလ (၁၈)ရက်နေ့တွင် နှစ်နိုင်ငံ နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးလိုက်သည်ဟု The Nation သတင်းအရ သိရသည်။
မြန်မာဘက်မှ ဗဟိုဘဏ်ဥက္ကဌ ဦးကျော်ကျော်မောင်နှင့် ထိုင်းဘက်မှ  ဗဟိုဘဏ်ဥက္ကဌ ဗီယာထိုင်းဆန်တီပရာဘော့တို့က လက်မှတ်ရေးထိုးကြခြင်းဖြစ်ပြီး စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးဦးစိုးဝင်းက အသိသက်သေအဖြစ် လက်မှတ်ရေးထိုးသည်ဟု သိရသည်။
မြန်မာနှင့် ထိုင်းနှစ်နိုင်ငံကြား နယ်စပ်ကုန်သွယ်ရေး ငွေပေးချေမှုတွင် မြန်မာငွေ ကျပ်နှင့် ထိုင်းငွေ နှစ်ခုလုံးသုံးစွဲရေး နားလည်မှုစာချွန်လွှာနှင့်  နှစ်နိုင်ငံ ပြည်တွင်းနှင့် နယ်စပ်ဖြတ်ကျော် ငွေပေးချေမှုစနစ်များ၊ ငွေကြေးစနစ်များ ပိုမိုစိတ်ချလုံစေရန် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာများကို လက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဟု သိရသည်။
ဒေသတွင်း ထိုင်းဘတ်ငွေဈေး မြင့်တက်လာမှုကို လျော့ကျလာစေရန် ထိုင်းဗဟိုဘဏ်က ဒေသတွင်း ထိုင်းဘတ်ငွေနှင့် အခြားငွေကြေးများ လည်ပတ်သုံးစွဲမှုကို တိုးမြှင့်ခြင်းဖြင့် ကြိုးပမ်းနေခြင်းဖြစ်သည်ဟု သိရသည်။
Tachileik News Agency
Soruce: The Nation Thailand

~~~~~~~~⊰❂ Zawgyi Version ~~~~~~~~

ျမန္မာႏွင့္ထုိင္း ႏွစ္ႏုိင္ငံနယ္စပ္ေဒသမ်ားတြင္ ႏွစ္ႏုိင္ငံေငြေၾကးမ်ား လည္ပတ္သံုးစြဲႏုိင္ေရး 
လက္မွတ္ေရးထိုး

ျမန္မာႏွင့္ ထုိင္းႏွစ္နုိင္ငံနယ္စပ္ေဒသမ်ားတြင္ ႏွစ္ႏုိင္ငံေငြေၾကးမ်ား လည္ပတ္သံုးစြဲခြင့္ျပဳေရးအတြက္ အေမရိကန္ျပည္ေထာင္စု၌ က်င္းပသည့္ IMF ကမၻာ့ဘဏ္အစည္းအေဝးကာလအတြင္း ၂၀၁၉ ခုႏွစ္၊ ေအာက္တိုဘာလ (၁၈)ရက္ေန႔တြင္ ႏွစ္ႏုိင္ငံ နားလည္မႈစာခၽြန္လႊာ လက္မွတ္ေရးထုိးလုိက္သည္ဟု The Nation သတင္းအရ သိရသည္။

ျမန္မာဘက္မွ ဗဟိုဘဏ္ဥကၠဌ ဦးေက်ာ္ေက်ာ္ေမာင္ႏွင့္ ထုိင္းဘက္မွ  ဗဟိုဘဏ္ဥကၠဌ ဗီယာထုိင္းဆန္တီပရာေဘာ့တုိ႔က လက္မွတ္ေရးထိုးၾကျခင္းျဖစ္ၿပီး စီမံကိန္းႏွင့္ ဘ႑ာေရးဝန္ႀကီးဌာန ျပည္ေထာင္စု ဝန္ႀကီးဦးစိုးဝင္းက အသိသက္ေသအျဖစ္ လက္မွတ္ေရးထိုးသည္ဟု သိရသည္။

ျမန္မာႏွင့္ ထုိင္းႏွစ္ႏုိင္ငံၾကား နယ္စပ္ကုန္သြယ္ေရး ေငြေပးေခ်မႈတြင္ ျမန္မာေငြ က်ပ္ႏွင့္ ထုိင္းေငြ ႏွစ္ခုလံုးသံုးစြဲေရး နားလည္မႈစာခၽြန္လႊာႏွင့္  ႏွစ္ႏုိင္ငံ ျပည္တြင္းႏွင့္ နယ္စပ္ျဖတ္ေက်ာ္ ေငြေပးေခ်မႈစနစ္မ်ား၊ ေငြေၾကးစနစ္မ်ား ပိုမိုစိတ္ခ်လံုေစရန္ ပူးေပါင္းေဆာင္ရြက္ေရး နားလည္မႈစာခၽြန္လႊာမ်ားကို လက္မွတ္ေရးထိုးခဲ့ျခင္းျဖစ္သည္ဟု သိရသည္။

ေဒသတြင္း ထုိင္းဘတ္ေငြေစ်း ျမင့္တက္လာမႈကို ေလ်ာ့က်လာေစရန္ ထုိင္းဗဟိုဘဏ္က ေဒသတြင္း ထိုင္းဘတ္ေငြႏွင့္ အျခားေငြေၾကးမ်ား လည္ပတ္သံုးစြဲမႈကို တိုးျမႇင့္ျခင္းျဖင့္ ႀကိဳးပမ္းေနျခင္းျဖစ္သည္ဟု သိရသည္။

Tachileik News Agency
Soruce: The Nation Thailand

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net