ထိုင်းနိုင်ငံအတွင်းမှ မြန်မာလုပ်သား (၇၀)ဦး နေရပ်ပြန်ရန်အတွက် တာချီလိတ်သို့ ရောက်ရှိ

ထိုင်းနိုင်ငံအတွင်းမှ မြန်မာလုပ်သား (၇၀)ဦး နေရပ်ပြန်ရန်အတွက် တာချီလိတ်သို့ ရောက်ရှိ
ထိုင်းနိုင်ငံဘက်မှ နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား (၇၀) ဦးကို ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၂၄) ရက်နေ့၌ မြန်မာ - ထိုင်းချစ်ကြည်ရေးတံတား အမှတ်(၂)မှနေ၍ တာချီလိတ်ဘက်သို့ ပြန်ရောက်လာပြီ ဖြစ်သည်။
 
နေရပ်ပြန်လာသည့် မြန်မာနိုင်ငံသား  အမျိုးသား (၃၆) ဦးနှင့် အမျိုးသမီး (၃၄) ဦး စုစုပေါင်း (၇၀) ဦးကို တာချီလိတ်ဘက်မှ တာဝန်ရှိသူများက ကျန်းမာရေး စစ်ဆေးခြင်း၊ နိုင်ငံသားစိစစ်ခြင်းများပြုလုပ်၍ မယ်ဆိုင်ဘက်တာဝန်ရှိသူများထံမှ လွှဲပြောင်းလက်ခံကြသည်။
 
နေရပ်ပြန်လာသူများတွင် တာချီလိတ်မြို့နယ်တွင်း၌ နေထိုင်သူများကို တာချီလိတ်မြို့ရှိ quarantine center များ၌ အသွားအလာကန့်သတ်ကာ COVID 19 စစ်ဆေးမည်ဖြစ်ပြီး မန္တလေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီး၊ နေပြည်တော်၊ ဧရာဝတီတိုင်းဒေသကြီး၊ မွန်ပြည်နယ်၊ ကချင်ပြည်နယ်၊ ချင်းပြည်နယ်၊  ရှမ်းပြည်နယ်မြောက်ပိုင်းနှင့် တောင်ပိုင်း၌ နေထိုင်သူများကို သက်ဆိုင်ရာဒေသများ၌ အသွားအလာကန့်သတ်၍ COVID 19 စစ်ဆေးနိုင်ရန် စီစဉ်ပေးထားသည့် မော်တော်ယာဉ်များဖြင့် လိုက်ပါပို့ဆောင်ပေးထားသည်။
 
ထိုင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းအတိုင်း နေရပ်ပြန်လိုပါက ထိုင်းနိုင်ငံရှိ မြန်မာနိုင်ငံသံရုံးသို့ဖြစ်စေ၊ ချင်းမိုင်ကောင်စစ်ဝန်းရုံးသို့ဖြစ်စေ၊ မြန်မာအလုပ်သမားသံအရာရှိရုံးမှ မြန်မာအလုပ်သမားသံအရာရှိ  ဦးကျော်သူမိုး ဖုန်း 099-059-2352 သို့ဖြစ်စေ ဆက်သွယ်စာရင်းပေးနိုင်မည်ဖြစ်ကြောင်း သိရသည်။
 
သံရုံး၊ ကောင်စစ်ဝန်ရုံးနှင့် အလုပ်သမားသံအရာရှိရုံးထံ  ဆက်သွယ်ရန်အခက်အခဲရှိပါက  မြန်မာ-ထိုင်း နယ်ခြားကော်မတီမှ ဦးသန်းထွန်းအောင် ဖုန်း 09 00532430 နှင့် မယ်ဆိုင်မှ လူမှုဂရုဏာအသင်း ဥက္ကဌ ကိုစိုင်း ဖုန်း 087-726-5404 တို့ကိုလည်း ဆက်သွယ်စာရင်းပေးသွင်းနိုင်ကြမည်ဖြစ်ကြောင်း သိရသည်။
 
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓါတ်ပုံ - ကျော်ဇင်ဟိန်း
 

 

 

 

 

 

 

 

 

 

 
 

 
 
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
 

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~
 
 
 
 
 
~~~~~~~   ကြော်ငြာ   ~~~~~~

 

ဟန်စိုးထိုက်သည် Tachileik News Agency ၏ အယ်ဒီတာဖြစ်သည်။