တာချီလိတ်နာရေးကူညီမှုအသင်းတွင် အသုံးပြုနေသည့် ယာဉ်(၂)စီးမှာ လိုင်စင်မဲ့ ယာဉ်ဖြစ်နေကြောင်း တိုင်ကြားထားသူရှိ၍ သက်ဆိုင်ရာက သိမ်းဆည်းမည်

တာချီလိတ်နာရေးကူညီမှုအသင်းတွင် အသုံးပြုနေသည့် ယာဉ်(၂)စီးမှာ လိုင်စင်မဲ့ ယာဉ်ဖြစ်နေကြောင်း တိုင်ကြားထားသူရှိ၍ သက်ဆိုင်ရာက သိမ်းဆည်းမည်
အောက်တိုဘာ 17, 2019
By Tachileik News Agency
တာချီလိတ်နာရေးကူညီမှုအသင်းတွင် အသုံးပြုနေသည့် ယာဉ်(၂)စီးမှာ လိုင်စင်မဲ့ ယာဉ်ဖြစ်နေကြောင်း တိုင်ကြားထားသူရှိ၍ သက်ဆိုင်ရာက သိမ်းဆည်းမည်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် လူမှုကူညီရေးလုပ်ငန်းများ ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေသည့် တာချီလိတ်နာရေးကူညီမှုအသင်း၏ လူမှုကူညီရေးလုပ်ငန်းသုံး မော်တော်ယာဉ် (၂)စီးမှာ လိုင်စင်မဲ့ယာဉ်များဖြစ်ကြောင်း တိုင်ကြားသူရှိသဖြင့် သက်ဆိုင်ရာက သိမ်းဆည်းသွားမည်ဖြစ်ကြောင်း သိရသည်။

“လူနာတင်လာတဲ့ကားရယ် နောက်ဘုန်းကြီးပင့်လာတဲ့ကားရယ်က လိုင်စင်မဲ့ကားဆိုပြီးတိုင်တယ်။ အသင်းကို လှူတဲ့သူတွေကလည်း လိုင်စင်မဲ့ကားလို ဈေးသက်သက်သာသာဆိုတော့ လှူနိုင်ကြတယ်။ လိုင်စင်ကားကျတော့ မလှူနိုင်ဘူးပေါ့။ နောက် ကျွန်တော်တို့ကလည်း ကိုယ်ကျိုးအတွက်သုံးနေတာမဟုတ်ဘဲ အသင်းအတွက် သုံးနေတာပါ။ အဲဒီတော့ အဲဒီကားနှစ်စီးကို ဖမ်းခိုင်းတော့ ရဲတွေကလည်း သိမ်းရမယ်ပေါ့။ ဒါကြောင့် ကျွန်တော်တို့က ကျေကျေနပ်နပ်ပဲ အပ်ပေးသွားမှာပါ”ဟု တာချီလိတ်နာရေးကူညီမှုအသင်း ဥက္ကဌ ဦးလှမိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

တာချီလိတ်နာရေးကူညီမှုအသင်းမှာ တရားဝင်မှတ်ပုံတင်ထားသည့် အသင်းအဖွဲ့တစ်ခုဖြစ်ပြီး အရေးပေါ်လူနာများကို ဒေသတွင်းအပြင် လိုအပ်ပါက မယ်ဆိုင်ဆေးရုံအထိ ပို့ဆောင်ပေးခြင်း၊ မတော်တဆမှုများတွင် ထိခိုက်ဒဏ်ရာရသူများအား ဆေးရုံပို့ဆောင်ပေးခြင်း၊ ပိုင်ရှင်ရှိ၊ ပိုင်ရှင်မဲ့နာရေးများတွင် ကူညီဆောင်ရွက်ပေးခြင်းများကို အခမဲ့ကူညီဆောင်ရွက်ပေးနခြေင်းဖြစ်သည်။

တာချီလိတ်တွင် ဒေသတွင်း မတော်တဆမှုများ ဖြစ်ပွားပါက ဒေသခံများက တာချီလိတ်နာရေးကူညီမှု အသင်းထံ ဆက်သွယ်အကူအညီတောင်းခံလေ့ရှိသဖြင့် အသင်းက လူမှုကူညီရေးဆောင်ရွက်မှုအပြင် ရဲတပ်ဖွဲ့ကို ဆက်သွယ်သတင်းပေးပို့ခြင်းကိုပါ လုပ်ဆောင်ရလေ့ရှိသည်ကို တွေ့ရသည်။

Tachileik News Agency
ဓာတ်ပုံ - တာချီလိတ်နာရေးကူညီမှုအသင်း



~~~~~~~~⊰❂ Zawgyi Version ~~~~~~~~


တာခ်ီလိတ္နာေရးကူညီမႈအသင္းတြင္ အသံုးျပဳေနသည့္ ယာဥ္(၂)စီးမွာ လိုင္စင္မဲ့ ယာဥ္ျဖစ္ေနေၾကာင္း 
တိုင္ၾကားထားသူရွိ၍ သက္ဆိုင္ရာက သိမ္းဆည္းမည္

ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ လူမႈကူညီေရးလုပ္ငန္းမ်ား က်ယ္က်ယ္ျပန္႔ျပန္႔ လုပ္ေဆာင္ေနသည့္ တာခ်ီလိတ္နာေရးကူညီမႈအသင္း၏ လူမႈကူညီေရးလုပ္ငန္းသံုး ေမာ္ေတာ္ယာဥ္ (၂)စီးမွာ လုိင္စင္မဲ့ယာဥ္မ်ားျဖစ္ေၾကာင္း တုိင္ၾကားသူရိွသျဖင့္ သက္ဆုိင္ရာက သိမ္းဆည္းသြားမည္ျဖစ္ေၾကာင္း သိရသည္။

“လူနာတင္လာတဲ့ကားရယ္ ေနာက္ဘုန္းႀကီးပင့္လာတဲ့ကားရယ္က လုိင္စင္မဲ့ကားဆိုၿပီးတုိင္တယ္။ အသင္းကို လွဴတဲ့သူေတြကလည္း လိုင္စင္မဲ့ကားလို ေစ်းသက္သက္သာသာဆိုေတာ့ လွဴႏုိင္ၾကတယ္။ လုိင္စင္ကားက်ေတာ့ မလွဴႏုိင္ဘူးေပါ့။ ေနာက္ ကၽြန္ေတာ္တုိ႔ကလည္း ကိုယ္က်ိဳးအတြက္သံုးေနတာမဟုတ္ဘဲ အသင္းအတြက္ သံုးေနတာပါ။ အဲဒီေတာ့ အဲဒီကားႏွစ္စီးကို ဖမ္းခုိင္းေတာ့ ရဲေတြကလည္း သိမ္းရမယ္ေပါ့။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔က ေက်ေက်နပ္နပ္ပဲ အပ္ေပးသြားမွာပါ”ဟု တာခ်ီလိတ္နာေရးကူညီမႈအသင္း ဥကၠဌ ဦးလွမိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

တာခ်ီလိတ္နာေရးကူညီမႈအသင္းမွာ တရားဝင္မွတ္ပံုတင္ထားသည့္ အသင္းအဖြဲ႕တစ္ခုျဖစ္ၿပီး အေရးေပၚလူနာမ်ားကို ေဒသတြင္းအျပင္ လိုအပ္ပါက မယ္ဆုိင္ေဆးရံုအထိ ပို႔ေဆာင္ေပးျခင္း၊ မေတာ္တဆမႈမ်ားတြင္ ထိခုိက္ဒဏ္ရာရသူမ်ားအား ေဆးရံုပို႔ေဆာင္ေပးျခင္း၊ ပိုင္ရွင္ရိွ၊ ပိုင္ရွင္မဲ့နာေရးမ်ားတြင္ ကူညီေဆာင္ရြက္ေပးျခင္းမ်ားကို အခမဲ့ကူညီေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

တာခ်ီလိတ္တြင္ ေဒသတြင္း မေတာ္တဆမႈမ်ား ျဖစ္ပြားပါက ေဒသခံမ်ားက တာခ်ီလိတ္နာေရးကူညီမႈ အသင္းထံ ဆက္သြယ္အကူအညီေတာင္းခံေလ့ရိွသျဖင့္ အသင္းက လူမႈကူညီေရးေဆာင္ရြက္မႈအျပင္ ရဲတပ္ဖြဲ႔ကို ဆက္သြယ္သတင္းေပးပို႔ျခင္းကိုပါ လုပ္ေဆာင္ရေလ့ရိွသည္ကို ေတြ႔ရသည္။

Tachileik News Agency
ဓါတ္ပံု - တာခ်ီလိတ္နာေရးကူညီမႈအသင္း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net