နောင်ချိုဘက်ခြမ်း ဂုတ်တွင်းလမ်းပိုင်းအစရှိ နံပါတ်(၇)အကွေ့တွင် တွဲကားတစ်စီး တိမ်းမှောက်နေ

Photo: CJ
Photo: CJ
နောင်ချိုဘက်ခြမ်း ဂုတ်တွင်းလမ်းပိုင်းအစရှိ နံပါတ်(၇)အကွေ့တွင် တွဲကားတစ်စီး တိမ်းမှောက်နေ
အောက်တိုဘာ 29, 2021 | ရှမ်းမြောက်

ရှမ်းပြည်နယ်မြောက်ပိုင်း၊  နောင်ချိုမြို့နယ်အတွင်း၊  ပြည်ထောင်စုလမ်းမကြီးပေါ် နောင်ချိုဘက်ခြမ်း ဂုတ်တွင်းလမ်းပိုင်းအစရှိ နံပါတ်(၇)အကွေ့(ကုလားမကွေ့)တွင် ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၂၉)ရက်နေ့ နံနက်(၁၁)နာရီဝန်းကျင်က စပြီး တွဲကားကြီးတစ်စီး တိမ်းမှောက်နေကြောင်း သိရသည်။

နံနက်(၁၁)နာရီခွဲအချိန်အထိ လမ်းပိတ်ဆို့မှု ဖြစ်ပွားနေပြီး Oriental Highway Co.ltd နှင့် လမ်းတာဝန်ရှိသူများက လမ်းပြန်ပွင့်စေရန် ရှင်းလင်းပေးနေကြောင်း သိရသည်။



ယာဉ်တိမ်းမှောက်မှုကြောင့် ဖြတ်သန်းသွားလာမည့်ယာဥ်များ ခေတ္တစောင့်ဆိုင်းပြီး သတင်းနားစွင့်ပြီးမှ ဖြတ်သန်းကြရန်လိုအပ်ကြောင်း နှင့် လက်တလောတွင် ဆိုင်ကယ်များသာသွားလာနိုင်သေးကြောင်း သိရသည်။