မူဆယ် (၁၀၅)မိုင် ကားကွင်းအတွင်း ပေါက်ကွဲမှု (၃)ကြိမ် ဆက်တိုက်ဖြစ်ပွား

မူဆယ် (၁၀၅)မိုင် ကားကွင်းအတွင်း ပေါက်ကွဲမှု (၃)ကြိမ် ဆက်တိုက်ဖြစ်ပွား

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ မူဆယ် (၁၀၅)မိုင် ကားကွင်းအတွင်း ယနေ့ မေလ(၂၂)ရက်နေ့ နေ့လည် (၂)နာရီဝန်းကျင်အချိန်က ဗုံးပေါက်ကွဲမှု ဖြစ်ပွားကြောင်း သိရသည်။

ပေါက်ကွဲသံမှာ အချိန်အနည်းငယ်ခြား၍  (၃)ကြိမ် ဖြစ်ပေါ်ခြင်းဖြစ်ပြီး ပေါက်ကွဲမှုဖြစ်ပွားရာ နေရာအနီး မကွဲသေးသည့် ဗုံးများကိုလည်း ထပ်တွေ့ရှိထားကြောင်း နှင့် ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရရှိခြင်း ရှိမရှိကိုတော့ လတ်တလော မသိနိုင်သေးကြောင်း သိရသည်။ 



ဗုံးများမှာ အချိန်ကိုက်၍ ထားထားသော ဗုံးများ ဖြစ်သည်ဟု ယူဆရပြီး ၎င်းနေရာအနီးတွင် လက်ရှိအချိန်၌ ဖြတ်သွားဖြတ်လာ မရှိတော့ဘဲ အများပြည်သူက စောင့်ကြည့်နေရကြောင်း သိရသည်။