ဘောလီးဝုဒ်မင်းသားကြီး အမီတာဘဂျမ်း Covid-19 ကူးစက်ခံရ

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘဂျမ်း Covid-19 ကူးစက်ခံရ
ဇူလိုင် 12, 2020
By Tachileik News Agency

ဘောလီးဝုဒ်မင်းသားကြီး အမီတာဘဂျမ်း  Covid-19 ကူးစက်ခံရ

အသက်(၇၇)နှစ်အရွယ်ရှိ ဘောလီးဝုဒ်မင်းသားကြီး အမီတာဘဂျမ်းသည် Covid-19 ကူးစက်ခံရ၍ ဆေးရုံတွင် ကုသမှု ခံယူနေကြောင်း မင်းသားကြီး အမီတာဘဂျမ်းက ၎င်း၏ လူမှုကွန်ယက်စာမျက်နှာတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၁) ည(၁၁)နာရီကျော်က အသိပေးထားရှိသည်။

အမီတာဘဂျမ်း၏ မိသားစုများနှင့် ၎င်းနှင့် ထိတွေ့မှုရှိသူများကိုလည်း ဓါတ်ခွဲနမူနာများ ရယူစစ်ဆေးထားပြီး ဓါတ်ခွဲအဖြေကိုလည်း စောင့်ဆိုင်းနေလျက်ရှိကြောင်း သိရသည်။

တဆက်တည်းမှာပင် အမီတာဘဂျမ်းက ၎င်းနှင့် (၁၀)ရက်အတွင်း အတူရှိခဲ့သူများ အနီးကပ်ရှိခဲ့သူများအနေဖြင့်လည်း Covid-19 ရောဂါကူးစက်ခံထားရခြင်း ရှိမရှိကို သိရှိနိုင်ရန်အတွက် စစ်ဆေးကြရန် တိုက်တွန်းထားရှိသည်။

အိန္ဒိယနိုင်ငံတွင် ၂၀၂၀ခုနှစ် ဇူလိုင်လ(၁၁)ရက်နေ့ ည(၁၁)နာရီ (၅၅)မိနစ်အချိန်အထိ Covid-19 ကူးစက်ခံရသူ (၈၂၀,၉၁၆)ဦးရှိနေပြီး (၂၂,၁၂၃)ဦးမှာ သေဆုံးသူများ ဖြစ်ကြောင်း သိရသည်။

 Tachileik News Agency
Source: Amitabh Bachchan


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~