မြန်မာ - ထိုင်းနယ်စပ်ဒေသ ချန်ပရာကန်တွင် စိတ်ကြွဆေးပြား (၅)သိန်း နီးပါး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ ချန်ပရာကန်တွင် စိတ်ကြွဆေးပြား (၅)သိန်း နီးပါး ဖမ်းမိ

မြန်မာ - ထိုင်းနယ်စပ်ဒေသ ချန်ပရာကန်တွင် စိတ်ကြွရူးသွပ်ဆေးပြား (၅) သိန်းနီးပါးကို သယ်ဆောင်လာသည့် လားဟူအမျိုးသားယာဉ်မောင်းတစ်ဦးနှင့်အတူ ၂၀၂၁ ခုနှစ် ဩဂုတ်လ (၂၇) ရက်နေ့ ည (၉)နာရီဝန်းကျင်တွင် ဖမ်းမိသည်ဟု သိရသည်။

နယ်စပ်ကျေးရွာတွင် မသင်္ကာဖွယ် မော်တော်ယာဉ် (၂) စီးကို စစ်ဆေးရန်ကြိုးစားစဉ် မောင်းနှင်ထွက်ပြေးသွားကြပြီး တစ်စီးမှာ လွတ်မြောက်သွားကြောင်းသိရသည်။

ထွက်ပြေးသွားသည့်ကားကို လိုက်ဖမ်းရာ လမ်းတွင် အဆိုပါကားမှ အစိမ်းရောင်ကျောပိုးအိတ် (၂) လုံးနှင့် အထုပ် (၃) ထုပ်ကို ပစ်ချထားခဲ့သဖြင့် စစ်ဆေးရာ စိတ်ကြွရူးသွပ်ဆေးပြား (၄၉၈,၀၀၀) ပြားကို စစ်ဆေးတွေ့ရသည်ဟု သိရသည်။

ဖမ်းဆီးရမိထားသည့် ကားမှ လားဟူအမျိုးသားနှင့် မူးယစ်ဆေးများကို ထိန်းသိမ်းအမှုဖွင့်ထားပြီး ဆက်လက်ဖေါ်ထုတ်နေသည်ဟု သိရသည်။

#TachileikNewsAgecny

Photo: Maesaipress