ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းတေလွ်ာက္တြင္ မဟာမိတ္ ၃ ဖြဲ႕က ထိုးစစ္ရပ္မည္ဟု ေၾကညာ

ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းတေလွ်ာက္တြင္ မဟာမိတ္ ၃ ဖြဲ႕က ထိုးစစ္ရပ္မည္ဟု ေၾကညာ
စက်တင်ဘာ 5, 2019
By Tachileik News Agency
က်ိဳင္းတံုေဆြးေႏြးပြဲရလဒ္ကို အေျခခံ၍ မဟာမိတ္ (၃)ဖြဲ႔က ထိုးစစ္ဆင္ျခင္းကို ရပ္ဆုိင္းေၾကာင္း ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔က ေၾကညာလုိက္ေသာ္လည္း ခုခံကာကြယ္စစ္ရိွေနေသးသျဖင့္ ျပည္ေထာင္စု လမ္းမႀကီးအသံုးျပဳေနသည့္ ကားသမားမ်ားအေနျဖင့္ တုိက္ပြဲရိွခ်ိန္တြင္ မျဖတ္သန္းရန္ မဟာမိတ္အဖြဲ႕ဝင္ TNLA က ေျပာၾကားလုိက္သည္။

“ကိုယ့္ကိုကိုယ္ ခုခံကာကြယ္တဲ့ပံုစံနဲ႔ ကၽြန္ေတာ္တုိ႔ ေနသြားမယ္။ ထိုးစစ္ရိွေနရင္ေတာ့ ကိုယ့္ကိုကိုယ္ ဆက္လက္ၿပီး ခုခံကာကြယ္ဖို႔ေတာ့ ရိွပါတယ္။ ျပည္ေထာင္စုလမ္းမႀကီးမွာ အဲဒီလို တုိက္ပြဲျဖစ္ေနတဲ့အခ်ိန္ သြားလာဖို႔ေတာ့ အဆင္မေျပေသးဘူးေပါ့ေနာ္။ တုိက္ပြဲမရိွခ်ိန္မွာေတာ့ ဘာမွျပႆနာမရိွဘူး။ တိုက္ပြဲျဖစ္ေနခ်ိန္မွာေတာ့ ကားသမားကုိ မသြားဖို႔ ကၽြန္ေတာ္တုိ႔က ေမတၱာရပ္ခံခ်င္ပါတယ္။ တုိက္ပြဲ ဆိုတာကေတာ့ ဘယ္နား ဘယ္ခ်ိန္ျဖစ္မယ္ဆိုတာ ကၽြန္ေတာ္တုိ႔လည္း မသိႏုိင္ဘူး”ဟု ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ဝင္ TNLA ၏ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး မုိင္းအုိက္ေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

AA၊ TNLA ႏွင့္ MNDAA ပူးေပါင္းအဖြဲ႕က ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၁၅)ရက္ေန႔မွစ၍ မႏၱေလးတုိင္းေဒသႀကီး၊ ျပင္ဦးလြင္ၿမိဳ႕ရိွ တပ္မေတာ္နည္းပညာတကၠသိုလ္ႏွင့္ ရွမ္းျပည္နယ္ေျမာက္ပိုင္း ျပည္ေထာင္စုလမ္းမႀကီး တေလွ်ာက္တြင္ ပစ္ခတ္တုိက္ခုိက္မႈမ်ား စတင္ခဲ့ၿပီးေနာက္ စက္တင္ဘာလ (၃)ရက္ေန႔အထိ ျပည္ေထာင္စု လမ္းမႀကီးတေလွ်ာက္တြင္ တပ္မေတာ္ႏွင့္ တုိက္ခုိက္မႈမ်ားရိွေနျခင္းျဖစ္သည္။

ျပည္ေထာင္စုလမ္းမႀကီးတေလွ်ာက္ တုိက္ပြဲမ်ားေၾကာင့္ ကုလသမဂၢျပန္ၾကားေရးဌာန၏ စာရင္းအရ အရပ္သားျပည္သူ စုစုေပါင္း (၁၇) ဦး ေသဆံုးခဲ့ရသည့္အျပင္ (၂၇) ဦးထက္မနည္း ထိခိုက္ဒဏ္ရာရခဲ့သည္ဟု သိရသည္။

ယင္းအျပင္ ကြတ္ခုိင္ႏွင့္ မူဆယ္ၾကားလမ္းပိုင္းတြင္ မဟာမိတ္(၃)ဖြဲ႔က ေမာ္ေတာ္ယာဥ္မ်ားအား တာယာမ်ား ပစ္ေဖါက္ျခင္း၊ ေမာ္ေတာ္ယာဥ္မ်ား မီးရိႈ႕ခံရမႈမ်ားရိွေနသည္ဟု သတင္းမ်ား ထြက္ေနေသာ္လည္း မဟာမိတ္အဖြဲ႕မ်ားက ေမာ္ေတာ္ယာဥ္မ်ားအား မီးရိႈ႕ျခင္းမဟုတ္ဘဲ တုိက္ပြဲအတြင္း လက္နက္ထိမွန္ မီးေလာင္ျခင္းျဖစ္သည္ဟု ျငင္းဆိုသည္။

“ဒါက ကားမီးရိႈ႕တာမဟုတ္ပါဘူး။ တုိက္ပဲြျဖစ္လုိ႔ လက္နက္ထိမွန္ၿပီး ေလာင္တာျဖစ္တာေပါ့ေနာ္။ တုိက္ပြဲျဖစ္ေနတဲ့ အခ်ိန္ကေတာ့ မသြားဖို႔ေတာ့ ေကာင္းပါတယ္။ တိုက္ပြဲၾကားမွာေတာ့ တစ္ဖက္နဲ႔ တစ္ဖက္တုိက္ေနၿပီးေတာ့မွ သြားမွန္ၿပီးေတာ့မွ မီးေလာင္သြားလုိ႔ရိွရင္ အဲဒါက်ေတာ့ ကၽြန္ေတာ္တို႔လည္း ေျပာလုိ႔ေတာ့ မရဘူးေပါ့”ဟု ေျမာက္ပိုင္း မဟာမိတ္ အဖြဲ႕ဝင္ TNLA ၏ ေျပာေရးဆိုခြင့္ရိွသူ ဗိုလ္မွဴး မုိင္းအုိက္ေက်ာ္က ေျပာသည္။

အစိုးရၿငိမ္းခ်မ္းေရးေကာ္မရွင္ႏွင့္ အပစ္ရပ္လက္မွတ္မထုိးရေသးသည့္ မဟာမိတ္ (၄)ဖြဲ႕ျဖစ္သည့္ TNLA၊ MNDAA၊ AA ႏွင့္ KIO တုိ႔သည္ ၂၀၁၉ ခုႏွစ္၊ ၾသဂုတ္လ (၃၁)ရက္ေန႔က ရွမ္းျပည္နယ္အေရွ႕ပိုင္း က်ိဳင္းတံုၿမိဳ႕တြင္ ေတြ႕ဆံုေဆြးေႏြးစဥ္ အပစ္ရပ္စာခ်ဳပ္ညိႇႏိႈင္းျခင္းအျပင္ လက္ရိွပစ္ခတ္တုိက္ခုိက္မႈမ်ားႏွင့္ ပတ္သက္၍လည္း ေဆြးေႏြးခဲ့ၾကၿပီး စက္တင္ဘာလ (၁၅)ရက္ႏွင့္ (၁၆)ရက္ေန႔မ်ားတြင္ ထပ္မံေဆြးေႏြးရန္ သေဘာတူထားၾကျခင္းျဖစ္သည္။

သတင္း #ခ်ယ္ရီထုိက္ (Tachileik News Agency)
ဓါတ္ပံု - TNLA

~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကျိုင်းတုံဆွေးနွေးပွဲရလဒ်ကို အခြေခံ၍ မဟာမိတ် (၃)ဖွဲ့က ထိုးစစ်ဆင်ခြင်းကို ရပ်ဆိုင်းကြောင်း ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့က ကြေညာလိုက်သော်လည်း ခုခံကာကွယ်စစ်ရှိနေသေးသဖြင့် ပြည်ထောင်စု လမ်းမကြီးအသုံးပြုနေသည့် ကားသမားများအနဖြေင့် တိုက်ပွဲရှိချိန်တွင် မဖြတ်သန်းရန် မဟာမိတ်အဖွဲ့ဝင် TNLA က ပြောကြားလိုက်သည်။

“ကိုယ့်ကိုကိုယ် ခုခံကာကွယ်တဲ့ပုံစံနဲ့ ကျွန်တော်တို့ နေသွားမယ်။ ထိုးစစ်ရှိနေရင်တော့ ကိုယ့်ကိုကိုယ် ဆက်လက်ပြီး ခုခံကာကွယ်ဖို့တော့ ရှိပါတယ်။ ပြည်ထောင်စုလမ်းမကြီးမှာ အဲဒီလို တိုက်ပွဲဖြစ်နေတဲ့အချိန် သွားလာဖို့တော့ အဆင်မပြေသေးဘူးပေါ့နော်။ တိုက်ပွဲမရှိချိန်မှာတော့ ဘာမှပြဿနာမရှိဘူး။ တိုက်ပွဲဖြစ်နေချိန်မှာတော့ ကားသမားကို မသွားဖို့ ကျွန်တော်တို့က မေတ္တာရပ်ခံချင်ပါတယ်။ တိုက်ပွဲ ဆိုတာကတော့ ဘယ်နား ဘယ်ချိန်ဖြစ်မယ်ဆိုတာ ကျွန်တော်တို့လည်း မသိနိုင်ဘူး”ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် TNLA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

AA၊ TNLA နှင့် MNDAA ပူးပေါင်းအဖွဲ့က ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၁၅)ရက်နေ့မှစ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်မြို့ရှိ တပ်မတော်နည်းပညာတက္ကသိုလ်နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း ပြည်ထောင်စုလမ်းမကြီး တလျှောက်တွင် ပစ်ခတ်တိုက်ခိုက်မှုများ စတင်ခဲ့ပြီးနောက် စက်တင်ဘာလ (၃)ရက်နေ့အထိ ပြည်ထောင်စု လမ်းမကြီးတလျှောက်တွင် တပ်မတော်နှင့် တိုက်ခိုက်မှုများရှိနခြေင်းဖြစ်သည်။

ပြည်ထောင်စုလမ်းမကြီးတလျှောက် တိုက်ပွဲများကြောင့် ကုလသမဂ္ဂပြန်ကြားရေးဌာန၏ စာရင်းအရ အရပ်သားပြည်သူ စုစုပေါင်း (၁၇) ဦး သေဆုံးခဲ့ရသည့်အပြင် (၂၇) ဦးထက်မနည်း ထိခိုက်ဒဏ်ရာရခဲ့သည်ဟု သိရသည်။

ယင်းအပြင် ကွတ်ခိုင်နှင့် မူဆယ်ကြားလမ်းပိုင်းတွင် မဟာမိတ်(၃)ဖွဲ့က မော်တော်ယာဉ်များအား တာယာများ ပစ်ဖောက်ခြင်း၊ မော်တော်ယာဉ်များ မီးရှို့ခံရမှုများရှိနေသည်ဟု သတင်းများ ထွက်နေသော်လည်း မဟာမိတ်အဖွဲ့များက မော်တော်ယာဉ်များအား မီးရှို့ခြင်းမဟုတ်ဘဲ တိုက်ပွဲအတွင်း လက်နက်ထိမှန် မီးလောင်ခြင်းဖြစ်သည်ဟု ငြင်းဆိုသည်။

“ဒါက ကားမီးရှို့တာမဟုတ်ပါဘူး။ တိုက်ပွဲဖြစ်လို့ လက်နက်ထိမှန်ပြီး လောင်တာဖြစ်တာပေါ့နော်။ တိုက်ပွဲဖြစ်နေတဲ့ အချိန်ကတော့ မသွားဖို့တော့ ကောင်းပါတယ်။ တိုက်ပွဲကြားမှာတော့ တစ်ဖက်နဲ့ တစ်ဖက်တိုက်နပြေီးတော့မှ သွားမှန်ပြီးတော့မှ မီးလောင်သွားလို့ရှိရင် အဲဒါကျတော့ ကျွန်တော်တို့လည်း ပြောလို့တော့ မရဘူးပေါ့”ဟု မြောက်ပိုင်း မဟာမိတ် အဖွဲ့ဝင် TNLA၏ ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူး မိုင်းအိုက်ကျော်က ပြောသည်။

အစိုးရငြိမ်းချမ်းရေးကော်မရှင်နှင့် အပစ်ရပ်လက်မှတ်မထိုးရသေးသည့် မဟာမိတ် (၄)ဖွဲ့ဖြစ်သည့် TNLA၊ MNDAA၊ AA နှင့် KIO တို့သည် ၂၀၁၉ ခုနှစ်၊ သြဂုတ်လ (၃၁)ရက်နေ့က ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံမြို့တွင် တွေ့ဆုံဆွေးနွေးစဉ် အပစ်ရပ်စာချုပ်ညှိနှိုင်းခြင်းအပြင် လက်ရှိပစ်ခတ်တိုက်ခိုက်မှုများနှင့် ပတ်သက်၍လည်း ဆွေးနွေးခဲ့ကြပြီး စက်တင်ဘာလ (၁၅)ရက်နှင့် (၁၆)ရက်နေ့များတွင် ထပ်မံဆွေးနွေးရန် သဘောတူထားကြခြင်းဖြစ်သည်။

သတင်း #ချယ်ရီထိုက် (Tachileik News Agency)
ဓာတ်ပုံ - TNLA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net