နောင်ချိုမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ

နောင်ချိုမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ဒီဇင်ဘာ 8, 2020
By Tachileik News Agency
နောင်ချိုမြို့ရှိ စစ်ဆေးရေးဂိတ်တွင် ကျပ်သိန်းနှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများ ဖမ်းမိ
ရှမ်းပြည်နယ်(မြောက်ပိုင်း) နောင်ချိုမြို့ရှိ စစ်ဆေးရေးဂိတ်တွင် သီပေါဘက်မှ နောင်ချိုဘက်သို့ မောင်းနှင်လာသည့် DYNA ယာဥ်တစ်စီးပေါ်မှ ကျပ် သိန်းပေါင်း နှစ်သောင်းကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးများကို ယာဥ်မောင်းနှင့်အတူ ဖမ်းဆီးရမိခဲ့သည်။
စရတ(ရမခ)မှအထူးတပ်ဖွဲ့၀င်များ၊အမှတ်(၂၄)မူးယစ်တပ်ဖွဲ့စု၊ ခလရ ( ၂၅၄ )နှင့် နောင်ချိုမြို့မရဲတပ်ဖွဲ့တို့ပါဝင်သည့် အဖွဲ့စုံဖြင့် ၂၀၂၀ခုနှစ် ဒီဇင်ဘာလ(၈)ရက်နေ့အကူးပိုင်းက ယာဥ်အား တားမြစ်စစ်ဆေးရာ ယာဥ်နောက်ဘက် ကုန်တင်သည့်နေရာ၌ ပြောင်းဖူးအိတ်များဖြင့် ဖုံးဖိ သယ်ဆောင်လာသည့် အင်္ဂလိပ် ဂဏန်း `37´ အမှတ်အသားပါသည့် အဝါရောင်ဆာလာအိတ်များကို တွေ့ရှိခဲ့သည်။
ဆာလာအိတ်များအား ဖွင့်ဖေါက် စစ်ဆေးရာ WY စာတန်းပါ စိတ်ကြွရူးသွပ်ဆေးပြား (၂,၀၄၀,၀၀၀)ပြား၊ WY နှင့် R ရောရာပါ (၄,၀၀၀) ပြား၊ စုစုပေါင်း ဆေးပြား (၂,၀၄၄,၀၀၀) ပြား သိမ်းဆည်းရမိကာ ကာလတန်ဖိုးငွေမှာ  ကျပ် (၂,၀၄၄,၀၀၀,၀၀၀ )ရှိကြောင်း သိရသည်။
မူးယစ်ဆေးဝါးများနှင့်အတူ ဖမ်းဆီးရမိသည့် မျိုးသူကျော်(ခ)မျိုးသူအား နောင်ချိုမြို့မရဲစခန်းတွင် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။
Tachileik News Agency
သတင်း -  နေဖြိုးမြင့်
ဓါတ်ပုံ - ရဲတပ်ဖွဲ့
 

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~