တာချီလိတ်မြို့နယ်အတွင်းက မြေယာပြဿနာ (၂၁)မှု စစ်ဆေး

တာချီလိတ်မြို့နယ်အတွင်းက မြေယာပြဿနာ (၂၁)မှု စစ်ဆေး
ဇန်နဝါရီ 15, 2020
By Tachileik News Agency

တင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်

တာချီလိတ်မြို့နယ်အတွင်းက မြေယာပြဿနာ (၂၁)မှု စစ်ဆေး

ရှမ်းပြည်နယ်အရှေ့ပိုင်း တာချီလိတ်မြို့နယ်အတွင်း တပ်မတော်ကသိမ်းဆည်းထားတဲ့မြေယာ (၈) မှုအပါအဝင် မြေယာကိစ္စရပ် (၂၁)မှု ကို မြို့နယ်အဆင့်သိမ်းဆည်းခံရသောလယ်ယာမြေများ ပြန်လည်စိစစ်ရေးကော်မတီက စစ်ဆေးမှုတွေ လုပ်ဆောင်ခဲ့ပါတယ်။

လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ ကွင်းဆင်းစစ်ဆေးပြီး ပြန်လည်စွန့်လွှတ်ရမယ့်မြေတွေနဲ့ လျှော်ကြေးတွေပေးအပ်နိုင်ဖို့ ဆက်လက်တင်ပြထားကြောင်း တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက ပြောပါတယ်။

တာချီလိတ်မြို့နယ်တွင်းက ဖန်မင်ကျေးရွာအုပ်စုမှာ ကုမ္ပဏီတစ်ခုက ပြန်စွန့်ဖို့သဘောတူထားပြီး လက်ဝယ်မရရှိသေးတဲ့ မြေယာအမှု အပါအဝင် တာလေမြို့ နားယောင်းအုပ်စုကျေးရွာအုပ်စုက တင်ပြထားတဲ့မြေယာပိုင်ဆိုင်မှု အထောက်အထားနဲ့ မြေပြင်အနေအထားကွဲလွဲနေတဲ့အမှု အပါအဝင် တာချီလိတ်မြို့က မြေယာ (၁၉) မှုနဲ့ တာလေမြို့က မြေယာ (၂) မှုကို စစ်ဆေးခဲ့တာဖြစ်ပါတယ်။

Tachileik News Agency

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~