တာချီလိတ်တွင် မိုင်းယောင်းမြို့မှလာသည့် ယာဉ်နောက်လိုက်ထံက COVID-19 တွေ့၍ တစ်နေ့အတွင်း ပိုးတွေ့ (၁၆) ဦးအထိ တိုးလာ

တာချီလိတ်တွင် မိုင်းယောင်းမြို့မှလာသည့် ယာဉ်နောက်လိုက်ထံက COVID-19 တွေ့၍ တစ်နေ့အတွင်း ပိုးတွေ့ (၁၆) ဦးအထိ တိုးလာ
ဒီဇင်ဘာ 1, 2020
By Tachileik News Agency
တာချီလိတ်တွင် မိုင်းယောင်းမြို့မှလာသည့် ယာဉ်နောက်လိုက်ထံက COVID-19 တွေ့၍ တစ်နေ့အတွင်း ပိုးတွေ့ (၁၆) ဦးအထိ တိုးလာ
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၂၀ ခုနှစ်၊ ဒီဇင်ဘာလ (၁)ရက်နေ့၌ (၁၆)ဦးမြောက် အတည်ပြုလူနာ အဖြစ် မိုင်းယောင်းမှလာသည့် ကုန်တင်ယာဉ်၏ ယာဉ်နောက်လိုက်တစ်ဦးတွင် COVID 19 ကူးစက်ခံထားရသည်ကို စစ်ဆေးတွေ့ရကြောင်း သိရသည်။
တာချီလိတ်မြို့သို့ ဝင်လာသည့် ကုန်တင်ယာဉ်များ၏ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်များအား RDT ဖြင့် စစ်ဆေးနေရာ ဒီဇင်ဘာလ (၁)ရက်နေ့ နံနက်ပိုင်းက ရန်ကုန်မှလာသည့် ကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက်နှင့် ညနေပိုင်းတွင် မိုင်းယောင်းမှလာသည့် ကုန်တင်ယာဉ်မှ ယာဉ်နောက်လိုက်တို့၌ ပိုးတွေ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ထိတွေ့လူနာများအား ဒီဇင်ဘာလ (၁)ရက်နေ့တစ်နေ့တာ စစ်ဆေးမှုအတွင်း အတည်ပြုလူနာစုစုပေါင်း (၁၄) ဦးတွေ့ထားပြီး မယ်ယန်းဂိတ်၌ (၂) ဦးတွေ့ရခြင်းဖြစ်သည်။
တာချီလိတ်မြို့တွင် ယနေ့ထပ်တိုးလူနာ (၁၆) ဦးအပါအဝင် အတည်ပြုလူနာစုစုပေါင်း (၅၀)ဦး ရှိနေပြီဖြစ်သည်။
Tachileik News Agency

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~