က်ဳိင္းတံုၿမိဳ႕တြင္ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)၏ ပ႒ာန္းေဒသနာေတာ္၀တ္ရြတ္ပူေဇာ္ၿပိဳင္ပြဲက်င္းပရာ မိုင္းဆတ္ခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ၀တ္ရြတ္အသင္းမွ ပထမဆုရ

က်ဳိင္းတံုၿမိဳ႕တြင္ ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)၏ ပ႒ာန္းေဒသနာေတာ္၀တ္ရြတ္ပူေဇာ္ၿပိဳင္ပြဲက်င္းပရာ မိုင္းဆတ္ခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ၀တ္ရြတ္အသင္းမွ ပထမဆုရ
စက်တင်ဘာ 13, 2019
By Tachileik News Agency

ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)၏ ပ႒ာန္းေဒသနာေတာ္၀တ္ရြတ္ပူေဇာ္ၿပိုင္ပြဲအား က်ဳိင္းတံုၿမိဳ႕မရဲစခန္းအတြင္းရွိ သာသနာ့ရကၡိတ ရဲဓမၼာရံုတြင္ က်င္းပျပဳလုပ္ရာ  မိုင္းဆတ္ခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ၀တ္ရြတ္အသင္းက ပထမဆုရရွိသြားေၾကာင္း သိရသည္။

ျပည္နယ္ဒုတိယရဲတပ္ဖြဲ႔(က်ဳိင္းတံု)  ရဲမွဴးႀကီးမင္းေအာင္၏ ဇနီး ျဖစ္သူ မိသားစုစည္းရံုးေရးနွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီဥကၠဌ ေဒၚယဥ္မြန္ခိုင္မွ ႀကီးမွဴးက်င္းပျပဳလုပ္သည့္ အဆိုပါ ၿပိဳင္ပြဲအား ၂၀၁၉ခုႏွစ္ စက္တင္ဘာလ(၁၃)ရက္ေန႔တြင္ တစ္ရက္တာက်င္းပျခင္း ျဖစ္သည္။

ပ႒ာန္းေဒသနာေတာ္၀တ္ရြတ္ပူေဇာ္ၿပိုင္ပြဲသို႔ က်ဳိင္းတံုခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ရဲတပ္ဖဲြ႕မိသားစုစည္းရံုးေရးနွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠဌ ေဒၚေအးေအးေအာင္ ႏွင့္ ၿပိဳင္ပြဲ၀င္ (၁၆)ဦး ႏွင့္အဖြဲ႔၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႔ ကိုယ္စားျပဳ ရဲတပ္ဖဲြ႕မိသားစုစည္းရံုးေရးနွင့္စည္းကမ္းထိန္းသိမ္းေရး ေကာ္မတီဥကၠဌ ေဒၚခင္ေရႊရီ၀င္း ႏွင့္ အဖြဲ႔၀င္(၁၅)ဦး၊ မိုင္းဆတ္ခရိုင္ရဲတပ္ဖြဲ႔ ကိုယ္စားျပဳ ရဲတပ္ဖဲြ႕မိသားစုစည္းရံုးေရးနွင့္စည္းကမ္းထိန္းသိမ္းေရးေကာ္မတီ ဥကၠဌ ေဒၚသဲစုနႏၵာေဇာ္ ႏွင့္ အဖြဲ႔၀င္ (၁၅)ဦးတို႔မွ ၀င္ေရာက္ယွဥ္ၿပိဳင္ၾကျခင္း ျဖစ္သည္။

ၿပိဳင္ပြဲတြင္ ၀တ္ရြတ္အသင္း (၃)သင္းအနက္ မိုင္းဆတ္ခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ၀တ္ရြတ္အသင္းက ပထမ၊ တာခ်ီလိတ္ခရိုင္ရဲတပ္ဖြဲ႕ ကိုယ္စားျပဳ ၀တ္ရြတ္အသင္းက ဒုတိယႏွင့္ တတိယဆုအား က်ဳိင္းတံုခရိုင္ရဲတပ္ဖြဲ႔ကိုယ္စားျပဳ ၀တ္ရြတ္အသင္းက ရရွိသြားေၾကာင္း သိရွိရသည္။

Tachileik News Agency
သတင္း - ၿငိမ္းခ်မ္း(ျပည္)


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ)၏ ပဋ္ဌာန်းဒေသနာတော်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲအား ကျိုင်းတုံမြို့မရဲစခန်းအတွင်းရှိ သာသနာ့ရက္ခိတ ရဲဓမ္မာရုံတွင် ကျင်းပပြုလုပ်ရာ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့ကိုယ်စားပြု ဝတ်ရွတ်အသင်းက ပထမဆုရရှိသွားကြောင်း သိရသည်။

ပြည်နယ်ဒုတိယရဲတပ်ဖွဲ့(ကျိုင်းတုံ) ရဲမှူးကြီးမင်းအောင်၏ ဇနီး ဖြစ်သူ မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီဥက္ကဌ ဒေါ်ယဉ်မွန်ခိုင်မှ ကြီးမှူးကျင်းပပြုလုပ်သည့် အဆိုပါ ပြိုင်ပွဲအား ၂၀၁၉ခုနှစ် စက်တင်ဘာလ(၁၃)ရက်နေ့တွင် တစ်ရက်တာကျင်းပခြင်း ဖြစ်သည်။

ပဋ္ဌာန်းဒေသနာတော်ဝတ်ရွတ်ပူဇော်ပြိုင်ပွဲသို့ ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ကိုယ်စားပြု ရဲတပ်ဖွဲ့မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်အေးအေးအောင် နှင့် ပြိုင်ပွဲဝင် (၁၆)ဦး နှင့်အဖွဲ့၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲတပ်ဖွဲ့မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေး ကော်မတီဥက္ကဌ ဒေါ်ခင်ရွှေရီဝင်း နှင့် အဖွဲ့ဝင်(၁၅)ဦး၊ မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့ ကိုယ်စားပြု ရဲတပ်ဖွဲ့မိသားစုစည်းရုံးရေးနှင့်စည်းကမ်းထိန်းသိမ်းရေးကော်မတီ ဥက္ကဌ ဒေါ်သဲစုနန္ဒါဇော် နှင့် အဖွဲ့ဝင် (၁၅)ဦးတို့မှ ဝင်ရောက်ယှဉ်ပြိုင်ကြခြင်း ဖြစ်သည်။

ပြိုင်ပွဲတွင် ဝတ်ရွတ်အသင်း (၃)သင်းအနက် မိုင်းဆတ်ခရိုင်ရဲတပ်ဖွဲ့ကိုယ်စားပြု ဝတ်ရွတ်အသင်းက ပထမ၊ တာချီလိတ်ခရိုင်ရဲတပ်ဖွဲ့ ကိုယ်စားပြု ဝတ်ရွတ်အသင်းက ဒုတိယနှင့် တတိယဆုအား ကျိုင်းတုံခရိုင်ရဲတပ်ဖွဲ့ကိုယ်စားပြု ဝတ်ရွတ်အသင်းက ရရှိသွားကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း - ငြိမ်းချမ်း(ပြည်)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net