မိုင္းဖုန္းဆရာေတာ္၏ ေမြးေန႔အႀကိဳ (၁၀)ရက္ တရားစခန္း ဒီဇင္ဘာလ(၁၂)ရက္ေန႔တြင္ ဖြင့္လွစ္မည္

မိုင္းဖုန္းဆရာေတာ္၏ ေမြးေန႔အႀကိဳ (၁၀)ရက္ တရားစခန္း ဒီဇင္ဘာလ(၁၂)ရက္ေန႔တြင္ ဖြင့္လွစ္မည္
ဒီဇင်ဘာ 10, 2018
By Tachileik News Agency
ရွမ္းျပည္နယ္ (အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕နယ္၊ မိုင္းဖုန္း(က)ေက်းရြာအုပ္စု၊ ပါဆာေက်း႐ြာရွိ လြမ္လိန္းေက်ာင္းတိုက္ (မိုင္းဖုန္းဆရာေတာ္ေက်ာင္းတိုက္)တြင္ မိုင္းဖုန္းဆရာေတာ္၏ ေမြးေန႔အႀကိဳ တရားစခန္းအျဖစ္ မုိင္းဖုန္းဆရာေတာ္ႏွင့္အတူ ေတာင္တန္းသာသနာျပဳဆရာေတာ္ ဘဒၵႏၱသုခမိႏၵ(စ၀္ဆုခမ္း)က (၁၀)ရက္ တရားစခန္းဖြင့္လွစ္မည္ျဖစ္ေၾကာင္း သိရသည္။

၂၀၁၉ ခုႏွစ္ ဇန္နဝါရီလ(၅)ရက္ေန႔တြင္ သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မိုင္းဖုန္း ဆရာေတာ္ ဘဒၵနၲဉာဏသံဝရ၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ဝိဇာတေမြးေန႔ က်ေရာက္မည္ျဖစ္ရာ ေမြးေန႔အႀကိဳ တရားစခန္းကို ၂၀၁၈ ခုႏွစ္၊ ဒီဇင္ဘာလ (၁၂)ရက္ေန႔မွ (၂၁)ရက္ေန႔အထိ ဖြင့္လွစ္မည္ ျဖစ္ေၾကာင္း သိရသည္။

တရားစခန္းကို မဲေခါင္ျမစ္ကမ္းေဘးရိွ သံုးထပ္ေက်ာင္းေဆာင္တြင္ ဖြင့္လွစ္မည္ျဖစ္ၿပီး ေနရာထုိင္ခင္းမ်ား ျပင္ဆင္ထားၿပီးျဖစ္သျဖင့္ တရားအားထုတ္လိုသူ မည္သူမဆို လာေရာက္ႏုိင္ေၾကာင္း သိရသည္။

သဒၶမၼေဇာတိကဓဇ အဂၢမဟာ ကမၼ႒ာနာစရိယ မိုင္းဖုန္း ဆရာေတာ္ ဘဒၵနၲဉာဏသံဝရ၏ သက္ေတာ္ (၅၆)ႏွစ္ျပည့္ ၀ိဇာတေမြးေန႔ အစီအစဥ္ကို ဇန္န၀ါရီလ (၁)ရက္ေန႔မွ (၅)ရက္ေန႔အထိ မုိင္းဖုန္းဆရာေတာ္ေက်ာင္းတုိက္တြင္ က်င္းပျပဳလုပ္မည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Sao Su Kham


~~~~~~~~⊰❂ unicode ~~~~~~~~


ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့နယ်၊ မိုင်းဖုန်း(က)ကျေးရွာအုပ်စု၊ ပါဆာကျေးရွာရှိ လွမ်လိန်းကျောင်းတိုက် (မိုင်းဖုန်းဆရာတော်ကျောင်းတိုက်)တွင် မိုင်းဖုန်းဆရာတော်၏ မွေးနေ့အကြို တရားစခန်းအဖြစ် မိုင်းဖုန်းဆရာတော်နှင့်အတူ တောင်တန်းသာသနာပြုဆရာတော် ဘဒ္ဒန္တသုခမိန္ဒ(စဝ်ဆုခမ်း)က (၁၀)ရက် တရားစခန်းဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

၂၀၁၉ ခုနှစ် ဇန်နဝါရီလ(၅)ရက်နေ့တွင် သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ ကျရောက်မည်ဖြစ်ရာ မွေးနေ့အကြို တရားစခန်းကို ၂၀၁၈ ခုနှစ်၊ ဒီဇင်ဘာလ (၁၂)ရက်နေ့မှ (၂၁)ရက်နေ့အထိ ဖွင့်လှစ်မည် ဖြစ်ကြောင်း သိရသည်။

တရားစခန်းကို မဲခေါင်မြစ်ကမ်းဘေးရှိ သုံးထပ်ကျောင်းဆောင်တွင် ဖွင့်လှစ်မည်ဖြစ်ပြီး နေရာထိုင်ခင်းများ ပြင်ဆင်ထားပြီးဖြစ်သဖြင့် တရားအားထုတ်လိုသူ မည်သူမဆို လာရောက်နိုင်ကြောင်း သိရသည်။

သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာ ကမ္မဋ္ဌာနာစရိယ မိုင်းဖုန်း ဆရာတော် ဘဒ္ဒန္တဉာဏသံဝရ၏ သက်တော် (၅၆)နှစ်ပြည့် ဝိဇာတမွေးနေ့ အစီအစဉ်ကို ဇန်နဝါရီလ (၁)ရက်နေ့မှ (၅)ရက်နေ့အထိ မိုင်းဖုန်းဆရာတော်ကျောင်းတိုက်တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Sao Su Kham

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net  
~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ေၾကာ္ျငာ ~~~~~~~~~~~~~~~~~~~~