က်ိဳင္းတံုၿမိဳ႕တြင္ ျမန္မာ့မီးရထားလုပ္ငန္းက ျပန္အပ္ထားသည့္ ရထားလမ္းေနရာကို ေလ်ာ္ေၾကးေပးၿပီး ၿမိဳ႕ေရွာင္လမ္းေဖါက္မည္

က်ိဳင္းတံုၿမိဳ႕တြင္ ျမန္မာ့မီးရထားလုပ္ငန္းက ျပန္အပ္ထားသည့္ ရထားလမ္းေနရာကို ေလ်ာ္ေၾကးေပးၿပီး ၿမိဳ႕ေရွာင္လမ္းေဖါက္မည္
စက်တင်ဘာ 8, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ အသံုးျပဳနုိင္ျခင္းမရိွေသာ မိုးနဲ - က်ိဳင္းတံု ရထားလမ္းေနရာကို မူလပိုင္ရွင္မ်ားအား ေျမယာေလ်ာ္ေၾကးေပးၿပီး ၿမိဳ႕ေရွာင္လမ္းေဖါက္လုပ္ရန္အတြက္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕ထံ တင္ျပထားေၾကာင္း သိရသည္။

"ၿမို႕ေရွာင္လမ္းေဖာက္ဖို႔ အရင္ရထားလမ္းအတိုင္း စဥ္းစားထားတယ္။ ရထားလမ္းပိုင္းကို ကားလမ္းလုပ္ဖို႔ အပိုင္းက ေလ်ာ္ေၾကးမေပးရေသးဘူး။ ေလ်ာ္ေၾကးေပးဖို႔ တြက္ခ်က္ၾကည့္ေတာ့ သိန္း (၆၀၀၀) နီးပါး ရိွတယ္ေပါ့။ ၂၀၁၉ -၂၀၂၀ ဘတ္ဂ်က္မွာခ်ေပးဖို႔ တင္ထားတာရိွတယ္။ အခုဘတ္ဂ်က္မွာ သိန္း (၄၅၀၀) ပါလာၿပီ။ လမ္းေဘာင္ေတြခ်ဲ႕ဖို႔နဲ႔ ေရထုတ္ျပြန္(ေဘာက္စကားဘတ္) (၅) ခုအတြက္ေပါ့။  ေလ်ာ္ေၾကးေပးဖို႔ ပိုက္ဆံမပါေသးဘူး။ လမ္းပန္းဆက္သြယ္ေရးဝန္ႀကီးက ျပည္ေထာင္စုဘတ္ဂ်က္ကေန ေတာင္းေပးမယ္လို႔ သိထားတယ္။ ၿမို႕ေပၚမွာကားေတြက အရမ္းက်ပ္ေနၿပီ။ ၿမို႕ေရွာင္လမ္းေဖာက္မွရမယ္"ဟု က်ိဳင္းတံုၿမိဳ႕မွ ျပည္နယ္လႊတ္ေတာ္ကိုယ္စားလွယ္ ေဒါက္တာဝဏၰစိုးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕တြင္ ျမန္မာ့မီးရထားလုပ္ငန္းက သိမ္းဆည္းခဲ့သည့္ ေျမယာ (၄၁.၄၂) ဧကကို ရထားလမ္း အသံုးျပဳျခင္း မရိွေတာ့၍ လုပ္ထံုးလုပ္နည္းမ်ားႏွင့္အညီ ျပန္လည္အပ္ႏွံခဲ့သျဖင့္ ရွမ္းျပည္နယ္အစိုးရအဖြဲ႕မွ စီမံခန္႔ခြဲသြားမည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံု-မိုးနဲ မီးရထားလမ္းပိုင္းကို ႏိုင္ငံေတာ္ေအးခ်မ္းသာယာေရးႏွင့္ ဖြံ႕ၿဖိဳးေရးေကာင္စီ၏ လမ္းညႊန္ခ်က္အရ ရထားပို႔ေဆာင္ေရးဝန္ႀကီးဌာနက ၂၀၀၉ ခုႏွစ္၊ ဧၿပီလ (၄) ရက္ေန႔တြင္ စတင္ေဖာက္လုပ္ခဲ့ၿပီး ၂၀၁၀ ခုႏွစ္၊ စက္တင္ဘာ (၁၉) ရက္ေန႔တြင္ စတင္ဖြင့္လွစ္ခဲ့ေသာ္လည္း အသံုးျပဳႏုိင္ျခင္းမရိွဘဲ ျပန္လည္ဖ်က္သိမ္းခဲ့ရျခင္းျဖစ္သည္။

သတင္း #ဟန္စိုးထုိက္ (Tachileik News Agency)

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့တွင် မြန်မာ့မီးရထားလုပ်ငန်းက ပြန်အပ်ထားသည့် ရထားလမ်းနေရာကို လျော်ကြေးပေးပြီး မြို့ရှောင်လမ်းဖေါက်မည်
**************
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ အသုံးပြုနိုင်ခြင်းမရှိသော မိုးနဲ - ကျိုင်းတုံ ရထားလမ်းနေရာကို မူလပိုင်ရှင်များအား မြေယာလျော်ကြေးပေးပြီး မြို့ရှောင်လမ်းဖေါက်လုပ်ရန်အတွက် ရှမ်းပြည်နယ်အစိုးရအဖွဲ့ထံ တင်ပြထားကြောင်း သိရသည်။

"မြို့ရှောင်လမ်းဖောက်ဖို့ အရင်ရထားလမ်းအတိုင်း စဉ်းစားထားတယ်။ ရထားလမ်းပိုင်းကို ကားလမ်းလုပ်ဖို့ အပိုင်းက လျော်ကြေးမပေးရသေးဘူး။ လျော်ကြေးပေးဖို့ တွက်ချက်ကြည့်တော့ သိန်း (၆၀၀၀) နီးပါး ရှိတယ်ပေါ့။ ၂၀၁၉ -၂၀၂၀ ဘတ်ဂျက်မှာချပေးဖို့ တင်ထားတာရှိတယ်။ အခုဘတ်ဂျက်မှာ သိန်း (၄၅၀၀) ပါလာပြီ။ လမ်းဘောင်တွေချဲ့ဖို့နဲ့ ရေထုတ်ပြွန်(ဘောက်စကားဘတ်) (၅) ခုအတွက်ပေါ့။  လျော်ကြေးပေးဖို့ ပိုက်ဆံမပါသေးဘူး။ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးက ပြည်ထောင်စုဘတ်ဂျက်ကနေ တောင်းပေးမယ်လို့ သိထားတယ်။ မြို့ပေါ်မှာကားတွေက အရမ်းကျပ်နေပြီ။ မြို့ရှောင်လမ်းဖောက်မှရမယ်"ဟု ကျိုင်းတုံမြို့မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာဝဏ္ဏစိုးက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် မြန်မာ့မီးရထားလုပ်ငန်းက သိမ်းဆည်းခဲ့သည့် မြေယာ (၄၁.၄၂) ဧကကို ရထားလမ်း အသုံးပြုခြင်း မရှိတော့၍ လုပ်ထုံးလုပ်နည်းများနှင့်အညီ ပြန်လည်အပ်နှံခဲ့သဖြင့် ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံ-မိုးနဲ မီးရထားလမ်းပိုင်းကို နိုင်ငံတော်အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီ၏ လမ်းညွှန်ချက်အရ ရထားပို့ဆောင်ရေးဝန်ကြီးဌာနက ၂၀၀၉ ခုနှစ်၊ ဧပြီလ (၄) ရက်နေ့တွင် စတင်ဖောက်လုပ်ခဲ့ပြီး ၂၀၁၀ ခုနှစ်၊ စက်တင်ဘာ (၁၉) ရက်နေ့တွင် စတင်ဖွင့်လှစ်ခဲ့သော်လည်း အသုံးပြုနိုင်ခြင်းမရှိဘဲ ပြန်လည်ဖျက်သိမ်းခဲ့ရခြင်းဖြစ်သည်။

သတင်း #ဟန်စိုးထိုက် (Tachileik News Agency)

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net