တာခ်ီလိတ္ၿမိဳ႕ အထက(ဆန္ဆိုင္း)တြင္ မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္ျခင္းအျဖစ္ ေက်ာင္းသား ေက်ာင္းသူမ်ားကို သရုပ္ျပ

တာခ်ီလိတ္ၿမိဳ႕ အထက(ဆန္ဆိုင္း)တြင္ မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္ျခင္းအျဖစ္ ေက်ာင္းသား ေက်ာင္းသူမ်ားကို သရုပ္ျပ
စက်တင်ဘာ 11, 2019
By Tachileik News Agency

ရွမ္းျပည္နယ္(အေရွ႕ပိုင္း)၊ တာခ်ီလိတ္ၿမိဳ႕ရွိ အေျခခံပညာအထက္ေက်ာင္း(ဆန္ဆိုင္း)တြင္ ငလ်င္ေဘး အသိပညာေပးျခင္း၊ မီးေဘးလံုၿခံဳေရးႏွင့္ မီးၿငိမ္းသတ္မႈသရုပ္ျပျခင္းကို ၂၀၁၉ ခုႏွစ္ စက္တင္ဘာလ (၁၁) ရက္ေန႔ နံနက္က တာခ်ီလိတ္ခရိုင္မီးသတ္တပ္ဖြဲ႕က ေဆာင္ရြက္သည္။

ခရိုင္မီးသတ္တပ္ဖြဲ႕က အေျခခံပညာေက်ာင္းမ်ားတြင္ အသိပညာေပး သရုပ္ျပျခင္းမ်ားကို စက္တင္ဘာလ (၁၀)ရက္ေန႔က အေျခခံပညာအထက္တန္းေက်ာင္း(တာခ်ီလိတ္)တြင္ စတင္ ေဆာင္ရြက္ခဲ့ျခင္းျဖစ္သည္။

စာသင္ေက်ာင္းအေျချပဳ ငလ်င္ေဘးအႏၱရာယ္ဆုိင္ရာႏွင့္ မီးေဘးလံုၿခံဳေရး အသိပညာေပးျခင္းကို တာခ်ီလိတ္ၿမိဳ႕တြင္းအျပင္ က်ိဳင္းလပ္ႏွင့္ တာေလ၊ မိုင္းျဖတ္ႏွင့္ မိုင္းေယာင္းတုိ႔တြင္လည္း သက္ဆိုင္ရာ တပ္ဖြဲ႕မ်ားက လုပ္ေဆာင္ေနၾကေၾကာင္း သိရသည္။

ငလ်င္အေၾကာင္း သိေကာင္းစရာမ်ား ေဟာေျပာျခင္းႏွင့္  မီးၿငိႇမ္းသတ္မႈ လက္ေတြ႔သရုပ္ျပျခင္းအျဖစ္ ဂက္စ္မီး ၿငိႇမ္းသတ္နည္း၊ ဆီမီးေလာင္မႈမ်ားကို ၿငိႇမ္းသတ္နည္းႏွင့္ မီးသတ္ေဆးဘူးမ်ား လက္ေတြ႔အသံုးျပဳနည္းမ်ားကို ေက်ာင္းသား၊ေက်ာင္းသူမ်ားအား ျပသခဲ့ၾကသည္။

Tachileik News Agency
ဓါတ္ပံု - ေက်ာ္ဇင္ဟိန္း



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ရှိ အခြေခံပညာအထက်ကျောင်း(ဆန်ဆိုင်း)တွင် ငလျင်ဘေး အသိပညာပေးခြင်း၊ မီးဘေးလုံခြုံရေးနှင့် မီးငြိမ်းသတ်မှုသရုပ်ပြခြင်းကို ၂၀၁၉ ခုနှစ် စက်တင်ဘာလ (၁၁) ရက်နေ့ နံနက်က တာချီလိတ်ခရိုင်မီးသတ်တပ်ဖွဲ့က ဆောင်ရွက်သည်။

ခရိုင်မီးသတ်တပ်ဖွဲ့က အခြေခံပညာကျောင်းများတွင် အသိပညာပေး သရုပ်ပြခြင်းများကို စက်တင်ဘာလ (၁၀)ရက်နေ့က အခြေခံပညာအထက်တန်းကျောင်း(တာချီလိတ်)တွင် စတင် ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။

စာသင်ကျောင်းအခြပြေု ငလျင်ဘေးအန္တရာယ်ဆိုင်ရာနှင့် မီးဘေးလုံခြုံရေး အသိပညာပေးခြင်းကို တာချီလိတ်မြို့တွင်းအပြင် ကျိုင်းလပ်နှင့် တာလေ၊ မိုင်းဖြတ်နှင့် မိုင်းယောင်းတို့တွင်လည်း သက်ဆိုင်ရာ တပ်ဖွဲ့များက လုပ်ဆောင်နကြေကြောင်း သိရသည်။

ငလျင်အကြောင်း သိကောင်းစရာများ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်မှု လက်တွေ့သရုပ်ပြခြင်းအဖြစ် ဂက်စ်မီး ငြှိမ်းသတ်နည်း၊ ဆီမီးလောင်မှုများကို ငြှိမ်းသတ်နည်းနှင့် မီးသတ်ဆေးဘူးများ လက်တွေ့အသုံးပြုနည်းများကို ကျောင်းသား၊ကျောင်းသူများအား ပြသခဲ့ကြသည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net