ကုလသမဂၢကမၻာလံုးဆုိင္ရာ ယာဥ္/လမ္းအႏၱရာယ္ကင္းရွင္းေရး ရက္သတၱပတ္လႈပ္ရွားမႈအျဖစ္ က်ဳိင္းတံုတြင္ ေဆာင္ရြက္

ကုလသမဂၢကမၻာလံုးဆုိင္ရာ ယာဥ္/လမ္းအႏၱရာယ္ကင္းရွင္းေရး ရက္သတၱပတ္လႈပ္ရွားမႈအျဖစ္ က်ဳိင္းတံုတြင္ ေဆာင္ရြက္
မေ 6, 2019
By Tachileik News Agency
ကုလသမဂၢကမၻာလံုးဆုိင္ရာ ယာဥ္အႏၱရာယ္၊ လမ္းအႏၱရာယ္ကင္းရွင္းေရး ရက္သတၱပတ္လႈပ္ရွားမႈအျဖစ္ ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၅)ရက္ေန႔မွ (၁၂)ရက္ေန႔အထိ အသိပညာေပးလံႈ႕ေဆာ္မႈလုပ္ငန္းမ်ား ေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

ပညာေပးလက္ကမ္းစာေစာင္မ်ား ျဖန္႔ေဝျခင္း၊ ေဆာင္ပုဒ္စတစ္ကာမ်ားကို ေမာ္ေတာ္ယာဥ္မ်ားတြင္ ကပ္ေပးျခင္းတုိ႔ကို ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

က်ိဳင္းတံုၿမိဳ႕တြင္ အသိပညာေပးလံႈ႕ေဆာ္မႈကို ကုန္းလမ္းပုိ႔ေဆာင္ေရးညႊန္ၾကားမႈဦးစီးဌာန၊ အေထြေထြအုပ္ခ်ဳပ္ေရးဦးစီးဌာန၊ အမွတ္(၁၁၈) ယာဥ္ထိန္းရဲတပ္ဖြဲ႕စု(က်ိဳင္းတုံ)မွ တပ္ဖြဲ႔စုမွဴး ဒုရဲမွဴးေက်ာ္ေဇာေအာင္ ႏွင့္ ယာဥ္ထိန္းရဲတပ္ဖြဲ႕၀င္၊ လမ္းဦးစီးဌာန၊ ၿမိဳ႕နယ္စည္ပင္သာယာေရးဌာန၊ မီးသတ္ဦးစီးဌာန၊ ေမာ္ေတာ္ယာဥ္လုိင္းေပါင္းစံုထိန္းသိမ္းေရးေကာ္မတီ၊ ႏွလံုးလွလူမႈကူညီေရးအသင္းႏွင့္ လူမႈေရးအသင္းအဖြဲ႔မ်ားျဖင့္ ပူးေပါင္းေဆာင္ရြက္ၾကမည္ျဖစ္ေၾကာင္းသိရသည္။

ဆက္လက္၍  ေမလ(၉)ရက္ေန႔ နံနက္(၈)နာရီတြင္ အေ၀းေျပးယာဥ္ရပ္နားစခန္းတြင္ လည္းေကာင္း၊ ေမလ(၁၂)ရက္ေန႔တြင္ ၿမိဳ႕ေတာ္ခန္းမေရွ႕ႏွင့္ ေမာ္ေတာ္ဆိုင္ကယ္(Taxi)ဂိတ္မ်ားတြင္ နံနက္(၈)နာရီ၌ လည္းေကာင္း အသိပညာေပးလုပ္ငန္းမ်ားကိုေဆာင္ရြက္သြားမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - KZA


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကုလသမဂ္ဂကမ္ဘာလုံးဆိုင်ရာ ယာဉ်အန္တရာယ်၊ လမ်းအန္တရာယ်ကင်းရှင်းရေး ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၅)ရက်နေ့မှ (၁၂)ရက်နေ့အထိ အသိပညာပေးလှုံ့ဆော်မှုလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပညာပေးလက်ကမ်းစာစောင်များ ဖြန့်ဝခြေင်း၊ ဆောင်ပုဒ်စတစ်ကာများကို မော်တော်ယာဉ်များတွင် ကပ်ပေးခြင်းတို့ကို ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ကျိုင်းတုံမြို့တွင် အသိပညာပေးလှုံ့ဆော်မှုကို ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အမှတ်(၁၁၈) ယာဉ်ထိန်းရဲတပ်ဖွဲ့စု(ကျိုင်းတုံ)မှ တပ်ဖွဲ့စုမှူး ဒုရဲမှူးကျော်ဇောအောင် နှင့် ယာဉ်ထိန်းရဲတပ်ဖွဲ့ဝင်၊ လမ်းဦးစီးဌာန၊ မြို့နယ်စည်ပင်သာယာရေးဌာန၊ မီးသတ်ဦးစီးဌာန၊ မော်တော်ယာဉ်လိုင်းပေါင်းစုံထိန်းသိမ်းရေးကော်မတီ၊ နှလုံးလှလူမှုကူညီရေးအသင်းနှင့် လူမှုရေးအသင်းအဖွဲ့များဖြင့် ပူးပေါင်းဆောင်ရွက်ကြမည်ဖြစ်ကြောင်းသိရသည်။

ဆက်လက်၍ မေလ(၉)ရက်နေ့ နံနက်(၈)နာရီတွင် အေဝးပြေးယာဉ်ရပ်နားစခန်းတွင် လည်းကောင်း၊ မေလ(၁၂)ရက်နေ့တွင် မြို့တော်ခန်းမရှေ့နှင့် မော်တော်ဆိုင်ကယ်(Taxi)ဂိတ်များတွင် နံနက်(၈)နာရီ၌ လည်းကောင်း အသိပညာပေးလုပ်ငန်းများကိုဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - KZA

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net