ကျိုင်းတုံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ နည်ပြများနှင့် ဒုနည်းပြများက တပ်မတော်၏ လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချကြောင်း နှင့် အချက်(၃)ချက်ပါဝင်သည့် ဆန္ဒသဘော ထုတ်ပြန်

ကျိုင်းတုံ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ နည်ပြများနှင့် ဒုနည်းပြများက တပ်မတော်၏ လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချကြောင်း နှင့် အချက်(၃)ချက်ပါဝင်သည့် ဆန္ဒသဘော ထုတ်ပြန်
ဖေဖော်ဝါရီ 5, 2021 | နိုင်ငံရေး| ရှမ်းရှေ့

နိုင်ငံတော်၏အာဏာကို သိမ်းလိုက်သည့် တပ်မတော်၏ လုပ်ရပ်များအား အပြင်းအထန် ရှုတ်ချကြောင်း နှင့် အချက်(၃)ချက်ပါဝင်သည့် ဆန္ဒသဘောထား တစ်စောင်ကို ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့ သူနာပြုနှင့်သားဖွားသင်တန်းကျောင်းမှ နည်ပြများနှင့် ဒုနည်းပြများက ထုတ်ပြန်လိုက်သည်။

နိုင်ငံတော်၏ အာဏာအသိမ်းခံရသည့် (၅)ရက်မြောက်နေ့ဖြစ်သည့် ဖေဖော်ဝါရီလ(၅)ရက်နေ့တွင် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

ထုတ်ပြန်ချက်တွင် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် နှင့် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့အား အမြန်ဆုံး လွှတ်ပေးရန်၊ နိုင်ငံတကာမှ တောင်းဆိုထားသည့် နည်းတူ ဥပဒေဘောင်အတွင်းမှ နှစ်ဖက်တာဝန်ရှိသူများ နိုင်ငံရင်ကြားစေ့ရေးအတွက် စေ့စပ်ဆွေးနွေးရန်၊ နိုင်ငံတော်သမ္မတ နှင့် အတိုင်ပင်ခံပုဂ္ဂိုလ်တို့အား အမှုဖွင့်ထားမှုကို ရပ်ဆိုင်းပေးရန် စသည့် အချက် (၃)ချက်ကိုလည်း ထည့်သွင်း တောင်းဆိုထားကြသည်။

တောင်းဆိုချက်များအား လိုက်လျော့မှုမရှိခင်အထိ အာဏာသိမ်းအစိုးရအောက်တွင် အလုပ်တာဝန်များ ဆက်လက်လုပ်ကိုင်ရန် ဆန္ဒမရှိသည့်အတွက် ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ပြသသွားမည်ဖြစ်ပြီး Civil Disobedience ကမ်ပိန်းကို စတင်လိုက်ကြောင်း ထုတ်ပြန်ထားခြင်း ဖြစ်သည်။

Tachileik News Agency