က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ား၏ နည္းပညာထုတ္ကုန္ျပပြဲက်င္းပ

က်ိဳင္းတံု ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ား၏ နည္းပညာထုတ္ကုန္ျပပြဲက်င္းပ
စက်တင်ဘာ 4, 2019
By 🌸
ရွမ္းျပည္နယ္ (အေရွ ႔ပိုင္း) က်ိဳင္းတံုၿမိဳ႕ရိွ ကြန္ပ်ဴတာတကၠသိုလ္ေက်ာင္းသူေက်ာင္းသားမ်ား တီထြင္ဖန္တီးထားသည့္ နည္းပညာထုတ္ကုန္ျပပြဲကို ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၄)ရက္ေန႔က အဆိုပါေက်ာင္းတြင္ က်င္းပသည္။

“ ေက်ာင္းကဖြင့္ေပးခဲ့သည့္ Arduino For Beginner သင္တန္းတက္ခဲ့ၾကတဲ့ ေက်ာင္းသား၊ ေက်ာင္းသူေတြ အတြက္ ဒီပြဲကိုလုပ္ေပးဖို႕ ဆရာမႀကီးကို ခြင့္ေတာင္းျပီးေတာ့ လုပ္ခဲ့တာျဖစ္ပါတယ္။ သင္တန္းကို သင္ၾကားေရးကာလအျဖစ္ (၃)ပတ္နဲ႕ ဒီေန႔ခုလိုျပႏိုင္ဖို႔ အခ်ိန္(၃)ပတ္ စုစုေပါင္းအခ်ိန္ (၆)ပတ္ယူခဲ့ပါတယ္”ဟု ႀကီးၾကပ္သူဆရာမ ေဒၚတင္တင္ခိုင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ကြန္ပ်ဴတာတကၠသိုလ္(က်ိဳင္းတုံ)တြင္ Arduino For Beginner သင္တန္းကို ဇူလိုင္လေနာက္ဆုံးပတ္မွ ၾသဂုတ္လအထိ စေန၊ တနဂၤေႏြ ေက်ာင္းပိတ္ရက္မ်ားတြင္ ဖြင့္လွစ္သင္ၾကားေပးခဲ့ျပီး အဆုိပါ သင္တန္းဆင္း ေက်ာင္းသား၊ ေက်ာင္းသူမ်ား၏ ထုတ္ကုန္မ်ားကို ျပသယွဥ္ၿပိဳင္ၾကျခင္းျဖစ္သည္။

အဆိုပါ ထုတ္ကုန္ျပပြဲတြင္ အိမ္တြင္းစနစ္မ်ား အလိုေလ်ာက္လုပ္ေဆာင္ေပးသည့္စနစ္ျဖစ္သည့္  Smart Home Automation System၊ Semi Automatic Quadruped Spider Robot၊ ေမာ္ေတာ္ယာဥ္မ်ားႏွင့္ အေဆာက္အဦၿခံဝန္းမ်ား အဝင္အထြက္ လံုၿခံဳေရးစနစ္ျဖစ္သည့္ Safely Automobile & Gate Security၊ လက္ေဆးဆပ္ျပာႏွင့္ ေရပိုက္ေခါင္းမ်ား အလိုေလ်ာက္ဖြင့္ေပးသည့္ စနစ္၊ အမိႈက္ပံုးအား မိုဘုိင္းျဖင့္ ေရြ႕လ်ားအမိႈက္သိမ္းစနစ္ျဖစ္သည့္ Hygiene Project၊ အပူခ်ိန္ကို ခံစားၿပီး မီးေဘး အလိုေလ်ာက္အခ်က္ေပးသည့္ Fire Alarm၊ ခရစၥစမတ္သစ္ပင္ အလွမီးဆင္ျခင္း Christmas Tree၊ Faster Finger Fast၊ မီးပိြဳင့္ထိန္းခ်ဳပ္စနစ္ငယ္ Mini Traffic Light Control System ႏွင့္ လမ္းမ်ားတြင္ မီးအလင္းေရာင္ လိုအပ္ခ်ိန္၌ အလိုေလ်ာက္ မီးလင္းလာသည့္စနစ္ႏွင့္  ကားပါကင္တြင္ ေနရာျပည့္သြားပါက ေမာင္းတံအလိုေလ်ာက္ပိတ္ေပးသည့္စနစ္ Smart Road and Car Parking System တို႔ကို ကြန္ပ်ဴတာတကၠသိုလ္ ဒုတိယႏွစ္မွ စတုတၳႏွစ္ ေက်ာင္းသားမ်ားက ျပသခဲ့ၾကျခင္းျဖစ္သည္။

လာေရာက္ၾကည့္ရႈသည့္ ေက်ာင္းသူေက်ာင္းသားမ်ားက မိမိတုိ႔ႏွစ္သက္သည့္ ထုတ္ကုန္ကို မဲေပးသည့္စနစ္ျဖင့္၏ ေရြးခ်ယ္ခဲ့ရာ ပထမဆုအျဖစ္ Safely Automobile & Gate Security ၊ ဒုတိယဆုအျဖစ္ Smart Road and Car Parking System ႏွင့္တတိယဆုအျဖစ္ Hygiene Project တုိ႔ရရိွသြားၿပီး က်န္ထုတ္ကုန္အားလံုးကို ႏွစ္သိမ့္ဆုမ်ား ခ်ီးျမႇင့္ေပးခဲ့သည္။

 “လိုအပ္တဲ့ ပစၥည္းေတြကို ေက်ာင္းဘက္က ေထာက္ပံ့ေပးပါတယ္။ ဒါေပမဲ့ ေနာက္ပိုင္း ကိုယ့္ Project ေတြကို လုပ္ရင္းနဲ႕ လိုအပ္လာတဲ့ တစ္ခ်ိဳ႕ပစၥည္းေတြကို က်ိဳင္းတုံမွာ ရွာဝယ္လို႔မရတာေတြ ႀကံဳခဲ့ရပါတယ္။ က်န္တာကေတာ့ အဆင္ေျပပါတယ္။ ခုလိုမ်ိဳး ေက်ာင္းဘက္က ဒီလိုပြဲေတြလုပ္ေပးျပီး လိုအပ္တာေတြ ေထာက္ပံ့ေပးတဲ့အတြက္ ေက်းဇူးတင္သလို ေက်ာင္းသားေတြအတြက္လည္း အမ်ားႀကီးေကာင္းပါတယ္”ဟု Hygiene Project တြင္ ပါ၀င္လုပ္ေဆာင္ခဲ့သည့္ တတိယႏွစ္ေက်ာင္းသား ကိုစိုးေဝယံေက်ာ္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

ၿပိဳင္ပြဲဝင္အသင္းမ်ားအား ကြန္ပ်ဴတာတၠသုိလ္(က်ိဳင္းတုံ)မွ ဆုခ်ီးျမွင့္ခဲ့သည့္အျပင္  က်ိဳင္းတုံလူငယ္စင္တာမွလည္း ဆုခ်ီးျမွင့္ခဲ့သည္။

သတင္း၊ဓါတ္ပံု #ဇြဲျမတ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူကျောင်းသားများ၏ နည်းပညာထုတ်ကုန်ပြပွဲကျင်းပ
***********
ရှမ်းပြည်နယ် (အရှေ့ပိုင်း) ကျိုင်းတုံမြို့ရှိ ကွန်ပျူတာတက္ကသိုလ်ကျောင်းသူကျောင်းသားများ တီထွင်ဖန်တီးထားသည့် နည်းပညာထုတ်ကုန်ပြပွဲကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၄)ရက်နေ့က အဆိုပါကျောင်းတွင် ကျင်းပသည်။

“ ကျောင်းကဖွင့်ပေးခဲ့သည့် Arduino For Beginner သင်တန်းတက်ခဲ့ကြတဲ့ ကျောင်းသား၊ ကျောင်းသူတွေ အတွက် ဒီပွဲကိုလုပ်ပေးဖို့ ဆရာမကြီးကို ခွင့်တောင်းပြီးတော့ လုပ်ခဲ့တာဖြစ်ပါတယ်။ သင်တန်းကို သင်ကြားရေးကာလအဖြစ် (၃)ပတ်နဲ့ ဒီနေ့ခုလိုပြနိုင်ဖို့ အချိန်(၃)ပတ် စုစုပေါင်းအချိန် (၆)ပတ်ယူခဲ့ပါတယ်”ဟု ကြီးကြပ်သူဆရာမ ဒေါ်တင်တင်ခိုင်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကွန်ပျူတာတက္ကသိုလ်(ကျိုင်းတုံ)တွင် Arduino For Beginner သင်တန်းကို ဇူလိုင်လနောက်ဆုံးပတ်မှ သြဂုတ်လအထိ စနေ၊ တနင်္ဂနွေ ကျောင်းပိတ်ရက်များတွင် ဖွင့်လှစ်သင်ကြားပေးခဲ့ပြီး အဆိုပါ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၏ ထုတ်ကုန်များကို ပြသယှဉ်ပြိုင်ကြခြင်းဖြစ်သည်။

အဆိုပါ ထုတ်ကုန်ပြပွဲတွင် အိမ်တွင်းစနစ်များ အလိုလျောက်လုပ်ဆောင်ပေးသည့်စနစ်ဖြစ်သည့်  Smart Home Automation System၊ Semi Automatic Quadruped Spider Robot၊ မော်တော်ယာဉ်များနှင့် အဆောက်အဦခြံဝန်းများ အဝင်အထွက် လုံခြုံရေးစနစ်ဖြစ်သည့် Safely Automobile & Gate Security၊ လက်ဆေးဆပ်ပြာနှင့် ရေပိုက်ခေါင်းများ အလိုလျောက်ဖွင့်ပေးသည့် စနစ်၊ အမှိုက်ပုံးအား မိုဘိုင်းဖြင့် ရွေ့လျားအမှိုက်သိမ်းစနစ်ဖြစ်သည့် Hygiene Project၊ အပူချိန်ကို ခံစားပြီး မီးဘေး အလိုလျောက်အချက်ပေးသည့် Fire Alarm၊ ခရစ္စစမတ်သစ်ပင် အလှမီးဆင်ခြင်း Christmas Tree၊ Faster Finger Fast၊ မီးပွိုင့်ထိန်းချုပ်စနစ်ငယ် Mini Traffic Light Control System နှင့် လမ်းများတွင် မီးအလင်းရောင် လိုအပ်ချိန်၌ အလိုလျောက် မီးလင်းလာသည့်စနစ်နှင့်  ကားပါကင်တွင် နေရာပြည့်သွားပါက မောင်းတံအလိုလျောက်ပိတ်ပေးသည့်စနစ် Smart Road and Car Parking System တို့ကို ကွန်ပျူတာတက္ကသိုလ် ဒုတိယနှစ်မှ စတုတ္ထနှစ် ကျောင်းသားများက ပြသခဲ့ကြခြင်းဖြစ်သည်။
လာရောက်ကြည့်ရှုသည့် ကျောင်းသူကျောင်းသားများက မိမိတို့နှစ်သက်သည့် ထုတ်ကုန်ကို မဲပေးသည့်စနစ်ဖြင့်၏ ရွေးချယ်ခဲ့ရာ ပထမဆုအဖြစ် Safely Automobile & Gate Security ၊ ဒုတိယဆုအဖြစ် Smart Road and Car Parking System နှင့်တတိယဆုအဖြစ် Hygiene Project တို့ရရှိသွားပြီး ကျန်ထုတ်ကုန်အားလုံးကို နှစ်သိမ့်ဆုများ ချီးမြှင့်ပေးခဲ့သည်။

 “လိုအပ်တဲ့ ပစ္စည်းတွေကို ကျောင်းဘက်က ထောက်ပံ့ပေးပါတယ်။ ဒါပေမဲ့ နောက်ပိုင်း ကိုယ့် Project တွေကို လုပ်ရင်းနဲ့ လိုအပ်လာတဲ့ တစ်ချို့ပစ္စည်းတွေကို ကျိုင်းတုံမှာ ရှာဝယ်လို့မရတာတွေ ကြုံခဲ့ရပါတယ်။ ကျန်တာကတော့ အဆင်ပြေပါတယ်။ ခုလိုမျိုး ကျောင်းဘက်က ဒီလိုပွဲတွေလုပ်ပေးပြီး လိုအပ်တာတွေ ထောက်ပံ့ပေးတဲ့အတွက် ကျေးဇူးတင်သလို ကျောင်းသားတွေအတွက်လည်း အများကြီးကောင်းပါတယ်”ဟု Hygiene Project တွင် ပါဝင်လုပ်ဆောင်ခဲ့သည့် တတိယနှစ်ကျောင်းသား ကိုစိုးဝေယံကျော်က တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ပြိုင်ပွဲဝင်အသင်းများအား ကွန်ပျူတာတ္ကသိုလ်(ကျိုင်းတုံ)မှ ဆုချီးမြှင့်ခဲ့သည့်အပြင်  ကျိုင်းတုံလူငယ်စင်တာမှလည်း ဆုချီးမြှင့်ခဲ့သည်။

သတင်း၊ဓါတ်ပုံ #ဇွဲမြတ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net