တာချီလိတ်စည်ပင်က ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း (၈၅၀၀)ကျော်ရှိ လုပ်ငန်းလိုင်စင်များအတွက် လေလံပစ်မည်

တာချီလိတ်စည်ပင်က ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း (၈၅၀၀)ကျော်ရှိ လုပ်ငန်းလိုင်စင်များအတွက် လေလံပစ်မည်
မတ် 2, 2022 | ရှမ်းရှေ့

 တာချီလိတ်မြို့နယ်အတွင်း စည်ပင်သာယာရေးဌာန၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ကြမ်းခင်းဈေး ကျပ်သိန်းပေါင်း( ၈၅၀၀ )ကျော်ဖိုးရှိ အခွန်အကောက်၊ အပေါင် နှင့် သားသတ်လုပ်ငန်းများအတွက် လေလံရောင်းချမှုကို ၂၀၂၂ခုနှစ် မတ်လ(၃)ရက်နေ့ နံနက်(၉)နာရီခွဲတွင် အောင်မြတ်ခန်းမ၌ စတင်ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် စုစုပေါင်း ကြမ်းခင်းဈေး

တာချီလိတ်မြို့မ(ဝမ်ကောင်းဈေး) နှင့်မြို့ပေါ်ဈေးများ၊ ပုဂ္ဂလိကဈေးများ အပါအဝင် ကျေးလက်ဈေးများမှ ဝက်၊ ဆိတ်၊ အမဲ နေရာပေါင်း (၂၁)နေရာအတွက် ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း (၅,၇၀၀)ကျော်ရှိကြောင်း သိရသည်။

 

အပေါင်ဆိုင်လုပ်ငန်း (၁၆)ခု နှင့် မြန်မာ-ထိုင်းချစ်ကြည်ရေးအမှတ်(၁)(၂)တံတားနှင့် အဝေးပြေးကားဘီးကောက် အပါအဝင် လုပ်ငန်း (၃)ခု၊ ဖန်မင်ဈေးကောက် နှင့် တာလေဈေးပျံကျဈေးကောက် အပြင် တာလော့ဈေးအိမ်သာ နှင့် တာလော့ဈေးယာဉ်စောင့် လုပ်ငန်းများအတွက် ကြမ်းခင်းဈေး စုစုပေါင်း ကျပ်သိန်းပေါင်း(၂,၈၀၀)သိန်းကျော်ရှိကြောင်း သိရသည်။

တာချီလိတ်မြို့နယ်စည်ပင်သာယာရေးဌာန၏ ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကြမ်းခင်းဈေးစုစုပေါင်းမှာ ကျပ်သိန်းပေါင်း (၈,၅၀၀)ကျော်ရှိပြီး ဈေးပြိုင်လေလံဖြစ်၍ သားသတ်လုပ်ငန်းလိုင်စင်လေလံတွင် ဘတ်ဂျတ်ပမာဏတိုးဖွယ်ရှိသည်ဟု စည်ပင်ဘက်က မှန်းထားသည်။

စည်ပင်သာယာရေးဌာနတွင် ဘတ်ဂျတ်မရှိတော့သည့် အတွက် ၂၀၂၂ - ၂၀၂၃ ခု ဘဏ္ဍာရေးနှစ်အတွက် ကြမ်းခင်းဈေးထက် သာလွန်သည့် ငွေကြေးများရရှိရေး လုပ်ဆောင်ရန် ပြည်နယ်ကလည်း မြို့နယ်အသီးသီးရှိ စည်ပင်သာယာရေးဌာနများကို ဖိအားပေးထားသည်ဟုလည်း သိရသည်။

ဆက်စပ်သတင်း

ရှမ်းပြည်နယ်အတွင်း သားသတ်လုပ်ငန်း လေလံများ မရောင်းချနိုင်ပါက  ပြည်နယ်စည်ပင် ညွှန်မှူးက EO များ ကို အပြောင်းအရွှေ့ဖြင့် ဖိအားပေး ခြိမ်းခြောက်ထား