လာမည့္ ေရြးေကာက္ပြဲတြင္ ကယားျပည္နယ္အတြင္း မဲဆႏၵနယ္မ်ား၌ NDF ပါတီမွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္

လာမည့္ ေရြးေကာက္ပြဲတြင္ ကယားျပည္နယ္အတြင္း မဲဆႏၵနယ္မ်ား၌ NDF ပါတီမွ ၀င္ေရာက္ယွဥ္ၿပိဳင္မည္
စက်တင်ဘာ 1, 2019
By Tachileik News Agency

ကယားျပည္နယ္ရွိ မဲဆႏၵနယ္ေျမအားလုံးတြင္ အမ်ိဳးသားဒီမိုကေရစီအင္အားစု(NDF)ပါတီက  လာမည့္ ၂၀၂၀ ေ႐ြးေကာက္ပြဲအတြင္း  ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမည္ျဖစ္ေၾကာင္း ပါတီတာဝန္ရွိသူမ်ားက ေျပာၾကားလိုက္သည္။

လိြဳင္ေကာ္ၿမိဳ႕နယ္ ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တို႔တြင္ ၂၀၁၉ခုႏွစ္ ၾသဂုတ္လ (၃၁)ရက္ေန႔က NDF ပါတီ၏ၿမိဳ႕နယ္ ေကာ္မတီ႐ုံးမ်ားဖြင့္လွစ္ခဲ့ၿပီး ပါတီဝင္မ်ားအျဖစ္ ျပည္နယ္အတြင္းရွိ လူမ်ိဳးေပါင္းစုံပါဝင္သည့္အတြက္ ေဒသခံမ်ား၏ အားေပး ေထာက္ခံမႈ ကိုရယူ၍ ကယားျပည္နယ္ရွိ ေနရာအားလုံးတြင္ ေရြးေကာက္ပြဲ ဝင္သြားမွာ ျဖစ္ေၾကာင္းသိရသည္။

“၂၀၂၀ ပါတီစုံေရြးေကာက္ပြဲ ၿပိဳင္ပြဲႀကီးကို ကၽြန္ေတာ္တို႔ရဲ႕ ကယားျပည္နယ္မွာရွိတဲ့ ခုႏွစ္ၿမိဳ႕နယ္လုံးမွာ ဝင္ေရာက္ ယွဥ္ၿပိဳင္မည့္အေၾကာင္းကို အတိအလင္းေၾကညာပါတယ္။ ေရြးေကာက္ပြဲႀကီးကို အႏိုင္ရေရးအတြက္ အခ်ိန္နဲ႔ အမွ်ေဆာင္ရြက္ေနေၾကာင္းလည္း ထပ္ေလာင္းေျပာၾကားလိုပါတယ္”ဟုအမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ  ျပည္နယ္ဥကၠဌ ဦးဟန္သာက ေျပာသည္။

ကယားျပည္နယ္တြင္ အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ အား ဖြဲ႕စည္းတည္ေထာင္ထားသည္မွာ လပိုင္းသာရွိေသးသလို လိြဳင္ေကာ္ၿမိဳ႕နယ္ႏွင့္ ဒီးေမာ့ဆိုၿမိဳ႕နယ္တို႔တြင္သာ ပါတီရုံးမ်ား ဖြင့္လွစ္ႏိုင္ေသးၿပီး ျပည္နယ္တြင္းရွိ ၿမိဳ႕နယ္(၇) ၿမိဳ႕နယ္လုံးတြင္ ၿမိဳ႕နယ္ပါတီရုံးမ်ား ဖြင့္လွစ္ႏိုင္ရန္ ႏွင့္ ျပည္နယ္အဆင့္ ၊ ၿမိဳ႕နယ္အဆင့္ ႏွင့္ ရပ္ေက်းအဆင့္ အလုပ္အမႈေဆာင္အဖြဲ႕မ်ားဖြဲ႕စည္းေရး ဆက္လက္ လုပ္ေဆာင္သြားမည္ ျဖစ္ေၾကာင္း သိရသည္။

အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ အေနျဖင့္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲတြင္ အျခားတိုင္းေဒသႀကီး၌ ၿမိဳ႕နယ္ (၃၀)ေက်ာ္တြင္သာ ဝင္ေရာက္ယွဥ္ၿပိဳင္ရန္ စီစဥ္ေနၿပီး ကယားျပည္နယ္မွာေတာ့ ပါတီစည္းရုံးေရး ေကာ္မတီမ်ားမွတတ္ၾကြ လႈပ္ရွားမႈ အားေကာင္းေသာေၾကာင့္ ၿမိဳ႕နယ္တိုင္းတြင္ ဝင္ေရာက္ ယွဥ္ၿပိဳင္သြားမွာ ျဖစ္ေၾကာင္း သိရသည္။ 

“ကယားျပည္နယ္မွာ ကၽြန္ေတာ္တို႔ ခုနွစ္ၿမိဳ႕နယ္လုံးဝင္မယ္ ေနရာတိုင္းဝင္မယ္။ ဒီမွာရွိတဲ့ တိုင္းရင္းသား လူမ်ိဳးေပါင္းစုံက ကၽြန္ေတာ္တို႔ပါတီဝင္ေတြ ျဖစ္တဲ့အျပင္ အဲ့ဒီထဲက သင့္ေတာ္တဲ့သူကို ေရြခ်ယ္ၿပီးဝင္ သြားမယ္။ ျပည္ေထာင္စုမွာ ကၽြန္ေတာ္တို႔ေနရာ နည္းနည္းပဲ ရလိမ့္မယ္ထင္တယ္ ဒီမွာေတာ့ ထက္ဝက္ ႏိုင္လိမ့္မယ္လို႔ ေမွ်ာ္မွန္းထားတယ္။”ဟု အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီ နာယက ဦးတိုးပို ကေျပာသည္။

အမ်ိဳးသားဒီမိုကေရစီအင္အားစုပါတီအား ၂၀၁၀ ခုႏွစ္က စတင္တည္ေထာင္ခဲ့ျခင္းျဖစ္ၿပီး ၂၀၁၀ ႏွင့္ ၂၀၁၅ ေရြးေကာက္ပြဲမ်ားတြင္ ဝင္ေရာက္ယွဥ္ၿပိဳင္ခဲ့ေသာ္လည္း ရႈံးနိမ့္ခဲ့ၿပီး ကယားျပည္နယ္တြင္ လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲမွစ၍ ပထမဦးဆုံး ဝင္ေရာက္ယွဥ္ၿပိဳင္မည္ ျဖစ္ေၾကာင္း သိရသည္။

ကယားျပည္နယ္တြင္ ျပည္နယ္အေျခစိုက္ တိုင္းရင္းသားပါတီႏွစ္ပါတီႏွင့္ ျပည္ခိုင္ျဖိဳးပါတီ၊ အမ်ိဳးသားဒီမိုကေရစီအဖြဲ႕ခ်ုပ္ပါတီ အပါအဝင္ အျခားႏိုင္ငံေရးပါတီ (၁၀)ေက်ာ္ရွိေနၿပီး လာမည့္ ၂၀၂၀ ေရြးေကာက္ပြဲမတိုင္မီ ထပ္မံဝင္ေရာက္လာမည့္ ပါတီမ်ားလည္း ရွိေၾကာင္း သိရသည္။

Tachileik News Agency
သတင္း - ဆန္းၿဖုိးထြန္း


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ကယားပြည်နယ်ရှိ မဲဆန္ဒနယ်မြေအားလုံးတွင် အမျိုးသားဒီမိုကရေစီအင်အားစု(NDF)ပါတီက လာမည့် ၂၀၂၀ ရွေးကောက်ပွဲအတွင်း ဝင်ရောက် ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ပါတီတာဝန်ရှိသူများက ပြောကြားလိုက်သည်။

လွိုင်ကော်မြို့နယ် နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင် ၂၀၁၉ခုနှစ် သြဂုတ်လ (၃၁)ရက်နေ့က NDF ပါတီ၏မြို့နယ် ကော်မတီရုံးများဖွင့်လှစ်ခဲ့ပြီး ပါတီဝင်များအဖြစ် ပြည်နယ်အတွင်းရှိ လူမျိုးပေါင်းစုံပါဝင်သည့်အတွက် ဒေသခံများ၏ အားပေး ထောက်ခံမှု ကိုရယူ၍ ကယားပြည်နယ်ရှိ နေရာအားလုံးတွင် ရွေးကောက်ပွဲ ဝင်သွားမှာ ဖြစ်ကြောင်းသိရသည်။

“၂၀၂၀ ပါတီစုံရွေးကောက်ပွဲ ပြိုင်ပွဲကြီးကို ကျွန်တော်တို့ရဲ့ ကယားပြည်နယ်မှာရှိတဲ့ ခုနှစ်မြို့နယ်လုံးမှာ ဝင်ရောက် ယှဉ်ပြိုင်မည့်အကြောင်းကို အတိအလင်းကြေညာပါတယ်။ ရွေးကောက်ပွဲကြီးကို အနိုင်ရရေးအတွက် အချိန်နဲ့ အမျှဆောင်ရွက်နေကြောင်းလည်း ထပ်လောင်းပြောကြားလိုပါတယ်”ဟုအမျိုးသားဒီမိုကရေစီအင်အားစုပါတီ ပြည်နယ်ဥက္ကဌ ဦးဟန်သာက ပြောသည်။

ကယားပြည်နယ်တွင် အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အား ဖွဲ့စည်းတည်ထောင်ထားသည်မှာ လပိုင်းသာရှိသေးသလို လွိုင်ကော်မြို့နယ်နှင့် ဒီးမော့ဆိုမြို့နယ်တို့တွင်သာ ပါတီရုံးများ ဖွင့်လှစ်နိုင်သေးပြီး ပြည်နယ်တွင်းရှိ မြို့နယ်(၇) မြို့နယ်လုံးတွင် မြို့နယ်ပါတီရုံးများ ဖွင့်လှစ်နိုင်ရန် နှင့် ပြည်နယ်အဆင့်၊ မြို့နယ်အဆင့် နှင့် ရပ်ကျေးအဆင့် အလုပ်အမှုဆောင်အဖွဲ့များဖွဲ့စည်းရေး ဆက်လက် လုပ်ဆောင်သွားမည် ဖြစ်ကြောင်း သိရသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီ အနဖြေင့် လာမည့် ၂၀၂၀ ရွေးကောက်ပွဲတွင် အခြားတိုင်းဒေသကြီး၌ မြို့နယ် (၃၀)ကျော်တွင်သာ ဝင်ရောက်ယှဉ်ပြိုင်ရန် စီစဉ်နပြေီး ကယားပြည်နယ်မှာတော့ ပါတီစည်းရုံးရေး ကော်မတီများမှတတ်ကြွ လှုပ်ရှားမှု အားကောင်းသောကြောင့် မြို့နယ်တိုင်းတွင် ဝင်ရောက် ယှဉ်ပြိုင်သွားမှာ ဖြစ်ကြောင်း သိရသည်။

“ကယားပြည်နယ်မှာ ကျွန်တော်တို့ ခုနှစ်မြို့နယ်လုံးဝင်မယ် နေရာတိုင်းဝင်မယ်။ ဒီမှာရှိတဲ့ တိုင်းရင်းသား လူမျိုးပေါင်းစုံက ကျွန်တော်တို့ပါတီဝင်တွေ ဖြစ်တဲ့အပြင် အဲ့ဒီထဲက သင့်တော်တဲ့သူကို ရွေချယ်ပြီးဝင် သွားမယ်။ ပြည်ထောင်စုမှာ ကျွန်တော်တို့နေရာ နည်းနည်းပဲ ရလိမ့်မယ်ထင်တယ် ဒီမှာတော့ ထက်ဝက် နိုင်လိမ့်မယ်လို့ မျှော်မှန်းထားတယ်။”ဟု အမျိုးသားဒီမိုကရေစီအင်အားစုပါတီ နာယက ဦးတိုးပို ကပြောသည်။

အမျိုးသားဒီမိုကရေစီအင်အားစုပါတီအား ၂၀၁၀ ခုနှစ်က စတင်တည်ထောင်ခဲ့ခြင်းဖြစ်ပြီး ၂၀၁၀ နှင့် ၂၀၁၅ ရွေးကောက်ပွဲများတွင် ဝင်ရောက်ယှဉ်ပြိုင်ခဲ့သော်လည်း ရှုံးနိမ့်ခဲ့ပြီး ကယားပြည်နယ်တွင် လာမည့် ၂၀၂၀ ရွေးကောက်ပွဲမှစ၍ ပထမဦးဆုံး ဝင်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

ကယားပြည်နယ်တွင် ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီနှစ်ပါတီနှင့် ပြည်ခိုင်ဖြိုးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အပါအဝင် အခြားနိုင်ငံရေးပါတီ (၁၀)ကျော်ရှိနပြေီး လာမည့် ၂၀၂၀ ရွေးကောက်ပွဲမတိုင်မီ ထပ်မံဝင်ရောက်လာမည့် ပါတီများလည်း ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း - ဆန်းဖြိုးထွန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net