နှစ်ဆန်း(၁)ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ

နှစ်ဆန်း(၁)ရက်နေ့တွင် ဖရူဆိုမြို့နယ်အတွင်း တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးပစ်မှုကြောင့် အရပ်သားတစ်ဦး ဒဏ်ရာရ
ဧပြီ 17, 2022 | ကယား

 ကရင်နီ (ကယား)ပြည်နယ်၊ ဖရူဆိုမြို့နယ်အတွင်း ယနေ့ ၂၀၂၂ ခုနှစ် ဧပြီလ (၁၇) ရက် နှစ်ဆန်း(၁)ရက်နေ့ နံနက်အစောပိုင်းတွင် တိုက်ပွဲမရှိဘဲ အာဏာသိမ်းစစ်တပ်က ကျေးရွာဘက်ကို လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် အရပ်သားအမျိုးသမီးတစ်ဦး လက်နက်ကြီးစ ထိမှန်သွားကြောင်း သိရသည်။

နံနက် (၃)နာရီ မိနစ် (၅၀)ဝန်းကျင်အချိန်တွင် လောထောတနောကျေးရွာဘက်ကို အာဏာသိမ်းတပ်က လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါ ပစ်ခတ်မှုကြောင့် အရပ်သားအမျိုးသမီးတစ်ဦး ဒဏ်ရာရသည့်အပြင် ဘုန်ကြီးကျောင်းအပါအဝင် လူနေအိမ်အချို့လည်း ပျက်စီးသွားကြောင်း သိရသည်။

ကရင်နီပြည်နယ်အတွင်းကို အာဏာသိမ်းတပ်က စစ်ကြောင်းထိုးမှုများကြောင့် နေ့စဉ်ရက်ဆက် တိုက်ပွဲများဖြစ်ပွားနေသည့်အပြင် တိုက်ပွဲမဖြစ်သည့်နေရာများကိုလည်း အာဏာသိမ်းတပ်က လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်မှုများလည်း လုပ်နေကြောင်း သိရသည်။

#TachileikNewsAgency

Photo:  KNDF B-15