ဒီးမော့ဆို မြို့နယ်အတွင်း ကျောင်းပေါင်း (၃၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF ထုတ်ပြန်

ဒီးမော့ဆို မြို့နယ်အတွင်း ကျောင်းပေါင်း (၃၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF ထုတ်ပြန်
ဇူလိုင် 13, 2022 | ကယား

ကရင်နီ(ကယား)ပြည်နယ်၊ ဒီး​မော့ဆိုမြို့နယ်၊ စစ်​မြေပြင်​နေရာရှိ အထက်တန်းကျောင်း (၁)​ကျောင်းတွင် ပြည်သူပိုင်ဖြစ်​သော ​ကျောင်းသုံးဖတ်စာအုပ်နှင့် ဗလာစာအုပ်အများအပြားကို ပြည်သူ့ကာကွယ်​ရေးတပ်- ဒီး​မော့ဆို(DMO-LPDF)နှင့် ​ဒီး​မော့ဆို​ကျောင်းသားသမဂ္ဂပူး​ပေါင်းကာ ဇူလိုင်လ(၁၂)​နေ့တွင် သွား​ရောက်ထုတ်ယူခဲ့ကြောင်းနှင့် ကျောင်းပေါင်း (၃၀၀)ကျော် ဖွင့်လှစ်နိုင်ခဲ့ကြောင်း ဒီးမော့ဆို PDF က ယနေ့ ဇူလိုင်လ(၁၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

"အဆိုပါ ကျောင်းသုံးစာအုပ်များကို ​ကျောင်း​ပေါင်း(၁၂)ကျောင်းသို့ ဖြန့်​ဝေ​ပေးခဲ့ပြီးနောက် ကျန်ရှိသည့် စာအုပ်အများအပြားကို ​ကျောင်းသားသမဂ္ဂထံ အပ်နှံထားပြီး လိုအပ်သည့်​ကျောင်းသို့ ဆက်လက်ဖြန့်​ဝေသွားမည်"ဟု ထုတ်ပြန်အသိပေးထားသည်။

ကရင်နီပြည်နယ်အတွင်း အာဏာသိမ်းစစ်ကောင်စီမှ ဖွင့်လှစ်နိုင်သည့် ကျောင်းပေါင်းမှာ မြို့ပေါ် (၁၀)ကျောင်းသာရှိပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များမှ ဖွင့်လှစ်ထားသည့် ကျောင်းအရေအတွက်ထက် နည်းပါးနေကြောင်းနှင့်  ဒီး​​မော့ဆိုမြို့နယ်တွင်  စစ်​​ကောင်စီမှ မည်သည့်ကျောင်းမျှ ဖွင့်လှစ်နိုင်ခဲ့ခြင်း မရှိပါကြောင်း သိရသည်။

 ဒီး​မော့ဆိုမြို့နယ်တွင် အမျိုးသားညီညွတ်​ရေးအစိုးရ(NUG)၏ ပညာ​ရေးဝန်ကြီးဌာန လမ်းညွှန်မှု​​အောက်ရှိ ​ကျောင်း​ပေါင်း(၃၀၀)​ကျော် ဖွင့်လှစ်နိုင်ခဲ့ပြီး အထက်တန်းအဆင့်ကျောင်းပေါင်း (၂၀)​ကျော်၊ Volunteer ဆရာ/ မ​ ပေါင်း(၂,၀၀၀)​ကျော်နှင့် ​ကျောင်းသူ/ သား​ပေါင်း(၄၀,၀၀၀)​​ကျော်ကို သင်ကြား​ပေးနေကြောင်း ဒီးမော့ဆို PDF၏ ထုတ်ပြန်ချက်အရ သိရသည်။



Photo: DMO-LPDF