တာခ်ီလိတ္တြင္ စုေပါင္းအမိႈက္ေကာက္အစီအစဥ္ တတိယသံုးလပတ္ႏွင့္ ဖံုးသြန္လဲစစ္လုပ္ငန္း ဌာနဆုိင္ရာႏွင့္ ျပည္သူ ပူးေပါင္းလုပ္ေဆာင္

တာခ်ီလိတ္တြင္ စုေပါင္းအမိႈက္ေကာက္အစီအစဥ္ တတိယသံုးလပတ္ႏွင့္ ဖံုးသြန္လဲစစ္လုပ္ငန္း ဌာနဆုိင္ရာႏွင့္ ျပည္သူ ပူးေပါင္းလုပ္ေဆာင္
စက်တင်ဘာ 7, 2019
By 🌸
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) တာခ်ီလိတ္ၿမိဳ႕တြင္ ျပည္သူပူးေပါင္းပါဝင္သည့္ တတိယသံုးလပတ္ စုေပါင္းအမိႈက္ေကာက္အစီအစဥ္ျဖင့္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၇)ရက္ေန႔ နံနက္ပိုင္းတြင္ ဆန္ဆုိင္း(ခ)ရိွ အားကစားရံုႏွင့္အနီးတဝိုက္တြင္ သန္႔ရွင္းေရးစုေပါင္းျပဳလုပ္ၿပီး က်န္းမာေရးဝန္ထမ္းမ်ားက ဖံုးသြန္လဲစစ္ လုပ္ငန္းမ်ား ေဆာင္ရြက္ေပးသည္။

ၿမိဳ႕သန္႔ရွင္းသာယာလွပေရးအတြက္ ဌာနဆုိင္ရာမ်ားဦးေဆာင္ၿပီး ျပည္သူမ်ားႏွင့္အတူ စေနေန႔တုိင္း စုေပါင္းသန္႔ရွင္းေရးလုပ္ငန္း၏ တတိယသံုးလပတ္ကို စတင္လုိက္ျခင္းျဖစ္ၿပီး စက္တင္ဘာလ (၁၄)ရက္ေန႔ နံနက္ (၇)နာရီတြင္ အထက(ခြဲ)တာေလာ့၌ စုေပါင္းသန္႔ရွင္းၾကမည္ျဖစ္သည္။

ယင္းေနာက္ ေဟာင္လိတ္ေစ်း၊ ေတာ္ေကာ့(တြင္း)ဘုန္းႀကီးေက်ာင္း၊ ၿမိဳ႕နယ္ဓမၼာရံု၊ ဘုရင့္ေနာင္ေစ်း၊ အာခါဗုဒၶေက်ာင္း၊ ဆန္ဆိုင္း(က) ၿမိဳ႕ပတ္လမ္း၊ ဆန္ဆုိင္း(ခ) ျမတ္ေလးလမ္း၊ ပံုလို႔ဘုန္းႀကီးေက်ာင္း၊ ဝမ္ေကာင္းရပ္ကြက္ ဓမၼာရံု၊ မဟာမုနိဘုန္းႀကီးေက်ာင္းႏွင့္ မယ္ေခါင္ရပ္ကြက္ရံုးမ်ားတြင္ အစဥ္လိုက္ အပတ္စဥ္ စုေပါင္းသန္႔ရွင္းေရး ေဆာင္ရြက္ၾကမည္ျဖစ္သည္။

ၿမိဳ႕သန္႔ရွင္းေရးစုေပါင္းသန္႔ရွင္းေရးနွင့္အတူ က်န္းမာေရးဌာနကလည္း ေသြးလြန္တုပ္ေကြးကာကြယ္ေရး ဖံုးသြန္လဲစစ္လုပ္ငန္းမ်ားႏွင့္ အဘိတ္ေဆးခပ္ေပးျခင္းမ်ားကို လုိက္ပါေဆာင္ရြက္ေပးေနျခင္းျဖစ္သည္။

Tachileik News Agency
ဓါတ္ပံု - ေအာင္ကို

~~~~~~~~⊰❂ Unicode Version ~~~~~~~~
တာချီလိတ်တွင် စုပေါင်းအမှိုက်ကောက်အစီအစဉ် တတိယသုံးလပတ်နှင့် ဖုံးသွန်လဲစစ်လုပ်ငန်း ဌာနဆိုင်ရာနှင့် ပြည်သူ ပူးပေါင်းလုပ်ဆောင်
*******
ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ပြည်သူပူးပေါင်းပါဝင်သည့် တတိယသုံးလပတ် စုပေါင်းအမှိုက်ကောက်အစီအစဉ်ဖြင့် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၇)ရက်နေ့ နံနက်ပိုင်းတွင် ဆန်ဆိုင်း(ခ)ရှိ အားကစားရုံနှင့်အနီးတဝိုက်တွင် သန့်ရှင်းရေးစုပေါင်းပြုလုပ်ပြီး ကျန်းမာရေးဝန်ထမ်းများက ဖုံးသွန်လဲစစ် လုပ်ငန်းများ ဆောင်ရွက်ပေးသည်။

မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများဦးဆောင်ပြီး ပြည်သူများနှင့်အတူ စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးလုပ်ငန်း၏ တတိယသုံးလပတ်ကို စတင်လိုက်ခြင်းဖြစ်ပြီး စက်တင်ဘာလ (၁၄)ရက်နေ့ နံနက် (၇)နာရီတွင် အထက(ခွဲ)တာလော့၌ စုပေါင်းသန့်ရှင်းကြမည်ဖြစ်သည်။

ယင်းနောက် ဟောင်လိတ်ဈေး၊ တော်ကော့(တွင်း)ဘုန်းကြီးကျောင်း၊ မြို့နယ်ဓမ္မာရုံ၊ ဘုရင့်နောင်ဈေး၊ အာခါဗုဒ္ဓကျောင်း၊ ဆန်ဆိုင်း(က) မြို့ပတ်လမ်း၊ ဆန်ဆိုင်း(ခ) မြတ်လေးလမ်း၊ ပုံလို့ဘုန်းကြီးကျောင်း၊ ဝမ်ကောင်းရပ်ကွက် ဓမ္မာရုံ၊ မဟာမုနိဘုန်းကြီးကျောင်းနှင့် မယ်ခေါင်ရပ်ကွက်ရုံးများတွင် အစဉ်လိုက် အပတ်စဉ် စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်ကြမည်ဖြစ်သည်။

မြို့သန့်ရှင်းရေးစုပေါင်းသန့်ရှင်းရေးနှင့်အတူ ကျန်းမာရေးဌာနကလည်း သွေးလွန်တုပ်ကွေးကာကွယ်ရေး ဖုံးသွန်လဲစစ်လုပ်ငန်းများနှင့် အဘိတ်ဆေးခပ်ပေးခြင်းများကို လိုက်ပါဆောင်ရွက်ပေးနေခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - အောင်ကို

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net