ထိုင်းနိုင်ငံက လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ (၁၁၁) ဦး တာချီလိတ်တွင် quarantine နေစဉ် စားစရိတ်အတွက် ခရိုင် COVID ကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပံ့ပိုးမည်

ထိုင်းနိုင်ငံက လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ (၁၁၁) ဦး တာချီလိတ်တွင် quarantine နေစဉ် စားစရိတ်အတွက် ခရိုင် COVID ကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပံ့ပိုးမည်
အောက်တိုဘာ 16, 2020
By Tachileik News Agency
ထိုင်းနိုင်ငံက လွှဲပြောင်းလာသည့် ပြစ်ဒဏ်စေ့ (၁၁၁) ဦး တာချီလိတ်တွင် quarantine နေစဉ် စားစရိတ်အတွက် ခရိုင် COVID ကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပံ့ပိုးမည်
ထိုင်းနိုင်ငံဘက်တွင် အကြောင်းအမျိုးမျိုးဖြင့် ပြစ်ဒဏ်ကျခံရပြီးနောက် ပြစ်ဒဏ်စေ့၍ ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့ဘက်သို့ လွှဲပြောင်းပေးလာသည့် မြန်မာနိုင်ငံသား (၁၁၁) ဦးကို တာချီလိတ်တွင် quarantine ထားစဉ်ကာအတွင်း စားစရိတ်ကို ခရိုင် COVID 19 ကော်မတီနှင့် မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပံ့ပိုးမည်ဟု သိရသည်။

“ပြစ်ဒဏ်စေ့တွေကို quarantine ထားတဲ့ကာလအတွင်း (၅) ရက်စာ စားစရိတ်ကို မြန်မာနိုင်ငံ ကြက်ခြေနီအသင်းက ပေးမယ်။ ကျန်တာကိုတော့ ခရိုင် COVID ကော်မတီက စိုက်ထုတ်မယ်။ ပြစ်ဒဏ်စေ့တွေက quarantine နေတုန်းမှာ စားစရိတ်အတွက် ပေးစရာမလိုပါဘူးခင်ဗျ။”

ဟု တာချီလိတ်မြို့နယ်အုပ်ချုပ်ရေးမှူး ဦးချမ်းမြေ့စောက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။
ထိုင်းနိုင်ငံဘက်မှ တာဝန်ရှိသူများက မြန်မာနိုင်ငံသား အမျိုးသား (၉၆)ဦးနှင့် အမျိုးသမီး (၁၅)ဦး စုစုပေါင်း (၁၁၁)ဦးကို မြန်မာ - ထိုင်းချစ်ကြည်ရေးတံတားအမှတ် (၂)မှနေ၍ လွှဲပြောင်းပေးလာခြင်းဖြစ်သည်။
ထိုင်းနှင့် လာအိုနိုင်ငံတို့ဖြင့် နယ်စပ်ဖြစ်သည့် တာချီလိတ်မြို့သို့ နယ်စပ်မှ ပြန်ဝင်လာသည့် မြန်မာနိုင်ငံသားများကို သက်ဆိုင်ရာဒေသအသီးသီး၌ quarantine ဝင်ရန် စီစဉ်ပေးထားသည့် ကားများဖြင့် ချက်ချင်းပြန်ပို့ပေးသော်လည်း ပြစ်ဒဏ်စေ့ လွှဲပြောင်းပေးလာသူများကို တာချီလိတ်ရှိ quarantine center တွင် ထားရှိကာ COVID 19 ဓာတ်ခွဲနမူနာ ရယူစစ်ဆေး၍ Negative ဖြစ်မှသာ နေရပ်ပြန်စေခြင်းဖြစ်သည်။
Tachileik News Agency
သတင်း - ဟန်စိုးထိုက်
ဓာတ်ပုံ - ကျော်ဇင်ဟိန်း
⊰❂ #TachileikNewsAgency #TNA #TachileikOnlineNews #Tachileik #Myanmar #MyanmarNews #MyanmaronlineNews

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~