တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်

တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်
ဧပြီ 21, 2020
By Tachileik News Agency
တာချီလိတ်မှ ဒုတိယမြောက် အတည်ပြုလူနာကို ကျိုင်းတုံဆေးရုံက လာရောက်ခေါ်ဆောင်

ရှမ်းပြည်နယ်(အရှေ့ပိုင်း) တာချီလိတ်မြို့မှ ဒုတိယမြောက် အတည်ပြုလူနာ (Case 112) ကို ၂၀၂၀ ခုနှစ်၊ ဧပြီလ (၂၁)ရက်နေ့ ညနေပိုင်းက ကျိုင်းတုံပြည်သူ့ဆေးရုံသို့ ခေါ်ဆောင်သွားပြီဖြစ်ပြီး အတည်ပြုလူနာ  နေထိုင်ရာအနီးဝန်းကျင်တွင် အသွားအလာ ကန့်သတ်ခြင်းကိုလည်း ဆောင်ရွက်ထားပြီဖြစ်သည်။

အတည်ပြုလူနာ (Case 112) နေထိုင်ရာ တာချီလိတ်ခရိုင်ပြည်သူ့ဆေးရုံဝန်းအတွင်းရှိ ဝန်ထမ်းလိုင်းခန်းတွင် လူနာအား သွားရောက်ခေါ်ယူစဉ် ဆေးရုံဝန်းအတွင်းရှိ ကျန်းမာရေးဝန်ထမ်းမိသားစုများအား လက်ခုပ်တီးကာ အားပေးခဲ့ကြသည်ကိုလည်း တွေ့ရသည်။

အတည်ပြုလူနာ (Case 112)သည် တာချီလိတ်၏ ပထမ အတည်ပြုလူနာ (Case 96)နှင့် ထိတွေ့၍ အသွားအလာ ကန့်သတ်ထားသည့် ကျန်းမာရေးဝန်ထမ်းများမှ တစ်ဦးဖြစ်ပြီး လက်ရှိတွင် အတည်ပြုလူနာ (Case 112)နေထိုင်ရာ ကျန်းမာရေးဝန်ထမ်းအိမ်ရာ၊ အတည်ပြုလူနာ သွားရောက်ခဲ့သည့် ၎င်း၏မိခင်နေထိုင်ရာ နေအိမ်အနီးဝန်းကျင်၊ နာရေးသွားရောက်ခဲ့သည့် ကျိုင်းတုံမြို့ ယန်းလူးကျေးရွာတို့ကို အသွားအလာ ကန့်သတ်ထားကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~