ကျိုင်းတုံမြို့မရဲစခန်းမှ ဖမ်းဆီး သိမ်ဆည်းရမိထားသည့် ဆိုင်ကယ် (၁၇)စီးရှိနေပြီး လိုင်စင်မရှိသည့် ပျောက်ဆုံး ဆိုင်ကယ်များပါ ပိုင်ရှင်ထံပြန်ပေးမည်ဖြစ်၍ လာရောက်စုံစမ်းနိုင်

ကျိုင်းတုံမြို့မရဲစခန်းမှ ဖမ်းဆီး သိမ်ဆည်းရမိထားသည့် ဆိုင်ကယ် (၁၇)စီးရှိနေပြီး လိုင်စင်မရှိသည့် ပျောက်ဆုံး ဆိုင်ကယ်များပါ ပိုင်ရှင်ထံပြန်ပေးမည်ဖြစ်၍ လာရောက်စုံစမ်းနိုင်
စကျတငျဘာ 19, 2019
By Tachileik News Agency
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရဲတပ်ဖွဲ့က မှုခင်းများနှင့် ပတ်သက်၍ ဖေါ်ထုတ်ဖမ်းဆီးထားရာမှ ပြန်လည်သိမ်းဆည်းရမိထားသည့် ဆိုင်ကယ်(၁၇) စီးရှိနေပြီး လိုင်စင်မဲ့ဆိုင်ကယ်များကိုလည်း ပိုင်ရှင်အနေဖြင့် လိုင်စင်ပြုလုပ်ရယူနိုင်မည်ဖြစ်၍ ဆိုင်ကယ် ပျောက်ဆုံးနေသူများ ဆက်သွယ်စုံစမ်းနိုင်ကြရန် ရဲတပ်ဖွဲ့က အသိပေးတိုက်တွန်းထားသည်။



ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများအနက် ကျိုင်းတုံနှင့် တာချီလိတ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပျောက်ဆုံးဆိုင်ကယ်များမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ပါကလည်း ပိုင်ရှင်များအနေဖြင့် ရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားထားရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တိုက်တွန်းပြောကြားထားသည်။


ဆိုင်ကယ်အသုံးပြုမှုများသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားနေပြီး လိုင်စင်မဲ့ဆိုင်ကယ် ပျောက်ဆုံးပါက အမှုဖွင့်တိုင်ကြားရန် ဒေသခံများက စိုးရိမ်လေ့ရှိသဖြင့် ခိုးယူခံရသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို ရဲတပ်ဖွဲ့က ဖေါ်ထုတ်ဖမ်းဆီးရမိပါက ပိုင်ရှင်အား ဆိုင်ကယ်လိုင်စင်ပြုလုပ်စေပြီး ပြန်လည်ပေးအပ်ရန် ဆောင်ရွက်ပေးနေခြင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်များအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ (၃၀)ရက်နေ့အထိ ဆိုင်ကယ်ပျောက်ဆုံးမှု (၁၆)မှု တိုင်ကြားထားပြီး တာချီလိတ်ခရိုင်အတွင်း (၁၀)မှု၊ ကျိုင်းတုံခရိုင်တွင် (၁)မှုနှင့် မိုင်းဆတ်ခရိုင်တွင် (၅)မှု အမှုဖွင့် တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ်ပုံ - Sher Lock Holmes‎


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ရဲတပ်ဖွဲ့က မှုခင်းများနှင့် ပတ်သက်၍ ဖော်ထုတ်ဖမ်းဆီးထားရာမှ ပြန်လည်သိမ်းဆည်းရမိထားသည့် ဆိုင်ကယ်(၁၇) စီးရှိနပြေီး လိုင်စင်မဲ့ဆိုင်ကယ်များကိုလည်း ပိုင်ရှင်အနဖြေင့် လိုင်စင်ပြုလုပ်ရယူနိုင်မည်ဖြစ်၍ ဆိုင်ကယ် ပျောက်ဆုံးနေသူများ ဆက်သွယ်စုံစမ်းနိုင်ကြရန် ရဲတပ်ဖွဲ့က အသိပေးတိုက်တွန်းထားသည်။

“ကျိုင်းတုံမြို့က ဆိုင်ကယ်ပျောက်တဲ့သူတွေ ပိုင်ဆိုင်မှုအထောက်အထားနဲ့ ရဲစခန်းကို လာရောက် စုံစမ်းနိုင်ပါတယ်။ ကျိုင်းတုံက မဟုတ်ဘူးဆိုရင်တော့ ဆိုင်ကယ်ရဲ့အချက်အလက်တွေနဲ့အတူ ရဲစခန်းမှာ ဖုန်းနဲ့ဆက်သွယ် စုံစမ်းနိုင်ပါတယ်”ဟု ကျိုင်းတုံမြို့မစခန်းမှ စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက စက်တင်ဘာလ (၁၉)ရက်နေ့တွင် တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ သြဂုတ်လကုန်ပိုင်းနှင့် စက်တင်ဘာလ (၉) ရက်နေ့အထိ စုစုပေါင်း ဆိုင်ကယ် (၁၇)စီးကို ဆိုင်ကယ်ခိုးယူသူများနှင့်အတူ ဖမ်းဆီးရမိထားခြင်းဖြစ်ပြီး ဖေါ်ထုတ်သိမ်းဆည်းရထားသည့် ဆိုင်ကယ်များတွင် တာချီလိတ်မြို့မှ ခိုးယူလာသည့်ဆိုင်ကယ်များလည်း ပါဝင်နေသည်ကို ရဲတပ်ဖွဲ့က စစ်ဆေးတွေ့ရှိရသဖြင့် ကျိုင်းတုံမြို့မရဲစခန်း ဖုန်း ၀၈၄ ၂၁၅၀၄ သို့ ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသများအနက် ကျိုင်းတုံနှင့် တာချီလိတ်တွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားနေသဖြင့် ပျောက်ဆုံးဆိုင်ကယ်များမှာ လိုင်စင်မဲ့ဆိုင်ကယ်များဖြစ်ပါကလည်း ပိုင်ရှင်များအနဖြေင့် ရဲစခန်းတွင် လာရောက် အမှုဖွင့် တိုင်ကြားထားရန် ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တိုက်တွန်းပြောကြားထားသည်။

"ဆိုင်ကယ်ပျောက်ရင်တော့ ရဲစခန်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အကြောင်းကြား အမှုဖွင့်တာတော့ ဆောင်ရွက် စေချင်ပါတယ်။ လိုင်စင်မဲ့ဖြစ်ရင်လည်း ကိုယ့်မှာအထောက်အထားရှိလို့ရှိရင် သွားတိုင်ပါ။ လိုင်စင်မဲ့ဖြစ်လို့ မိခဲ့ရင် ဒီမှာက လိုင်စင်မဲ့တွေကို လိုင်စင်ထုတ်ပေးတဲ့လုပ်ငန်းတွေကို သူ့ရဲ့သတ်မှတ်ဈေးနှုန်းနဲ့ OSS ရုံးမှာ နေ့ချင်းပြီးဆောင်ရွက်ပေးနေတဲ့ လုပ်ငန်းတွေရှိပါတယ်။ ဒီမှာမိတဲ့ဆိုင်ကယ်တွေကို တရားဝင် လိုင်စင်ဖြစ်ဖို့ ဆောင်ရွက်ပြီးမှ အတတ်နိုင်ဆုံး ဆောင်ရွက်ပေးပါတယ်။ ဘာပဲပျောက်ပျောက် ရဲစခန်းမှာ အကြောင်းကြားဖို့ လိုပါတယ်"ဟု ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ်ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁)ရက်နေ့က ပြောကြားထားခြင်းဖြစ်သည်။

ဆိုင်ကယ်အသုံးပြုမှုများသည့် ရှမ်းပြည်နယ်အရှေ့ပိုင်းဒေသတွင် ဆိုင်ကယ်ပျောက်ဆုံးမှုများ မကြာခဏ ဖြစ်ပွားနပြေီး လိုင်စင်မဲ့ဆိုင်ကယ် ပျောက်ဆုံးပါက အမှုဖွင့်တိုင်ကြားရန် ဒေသခံများက စိုးရိမ်လေ့ရှိသဖြင့် ခိုးယူခံရသည့် လိုင်စင်မဲ့ဆိုင်ကယ်များကို ရဲတပ်ဖွဲ့က ဖော်ထုတ်ဖမ်းဆီးရမိပါက ပိုင်ရှင်အား ဆိုင်ကယ်လိုင်စင်ပြုလုပ်စပြေီး ပြန်လည်ပေးအပ်ရန် ဆောင်ရွက်ပေးနခြေင်းဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်အရှေ့ပိုင်း ကျိုင်းတုံ၊ တာချီလိတ်နှင့် မိုင်းဆတ်ခရိုင်များအတွင်း ၂၀၁၉ ခုနှစ်၊ ဇန်နဝါရီလ (၁)ရက်နေ့မှ သြဂုတ်လ (၃၀)ရက်နေ့အထိ ဆိုင်ကယ်ပျောက်ဆုံးမှု (၁၆)မှု တိုင်ကြားထားပြီး တာချီလိတ်ခရို်င်အတွင်း (၁၀)မှု၊ ကျိုင်းတုံခရိုင်တွင် (၁)မှုနှင့် မိုင်းဆတ်ခရိုင်တွင် (၅)မှု အမှုဖွင့် တိုင်ကြားခဲ့ကြခြင်းဖြစ်သည်။

Tachileik News Agency
ဓါတ္ပံု - Sher Lock Holmes‎

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net