ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ တာချီလိတ်တွင် ကျင်းပလ

ဆေးလိပ်ငွေ့ကင်းစင် ရှမ်းပြည်နယ်တစ်ခွင် ကျောင်းအခြေပြု မီနီမာရသွန်ပြိုင်ပွဲ တာချီလိတ်တွင် ကျင်းပလ
စကျတငျဘာ 22, 2019
By Tachileik News Agency

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား ကျောင်းအခြေပြု အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် မီနီမာရပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ အစိုးရအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။


ပြိုင်ပွဲဝင်အားကစားသမားများအတွက် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့မှ အအေးနှင့်ရေများကိုလည်း စုပေါင်းလှူဒါန်းကာ ပေးဝေခဲ့ကြကြောင်း သိရသည်။


ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်အစီအစဉ်ဖြင့် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မြန်မာ့သိုင်း၊ မီနီမာရသွန်၊ ပြေးခုန်ပစ်၊ U 21 အမျိုးသားဘောလုံး၊ U 16 အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အထိ ကျင်းပနေခြင်းဖြစ်သည်။

Tachileik News Agency


~~~~~~~~⊰❂ Unicode Version ~~~~~~~~

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား ကျောင်းအခြပြေု အထက်တန်းအဆင့်နှင့် အလယ်တန်းအဆင့် မီနီမာရပြိုင်ပွဲကို ရှမ်းပြည်နယ် (အရှေ့ပိုင်း) တာချီလိတ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂၂) ရက်နေ့ နံနက်ပိုင်းက ကျင်းပရာ အစိုးရအထက်တန်းကျောင်းများနှင့် ကိုယ်ပိုင်ကျောင်းများမှ ကျောင်းသားကျောင်းသူများ ဝင်ရောက်ယှဉ်ပြိုင်ကြသည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများဖွင့်ပွဲ တက်ရောက်ဖွင့်လှစ်ပေးသည့် ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးဝန်ကြီး ဒေါက်တာမျိုးထွန်းက မီနီမာရသွန်ပြိုင်ပွဲကို သေနတ်ပစ်ဖောက် ဖွင့်လှစ်ပေးပြီး စက်ဘီးစီးအဖွဲ့နှင့်အတူ စီးနင်းလိုက်ပါသည်ကို တွေ့ရသည်။

ပြိုင်ပွဲဝင်အားကစားသမားများအတွက် အထက(တာချီလိတ်)ကျောင်းသူ ကျောင်းသားဟောင်းများအဖွဲ့မှ အအေးနှင့်ရေများကိုလည်း စုပေါင်းလှူဒါန်းကာ ပေးေဝခဲ့ကြကြောင်း သိရသည်။

ပြိုင်ပွဲဝင်ကျောင်းသားကျောင်းသူများအနက် အထက်တန်းအဆင့် အမျိုးသားပြိုင်ပွဲမှ (၂၅) ဦး၊ အထက်တန်း အဆင့် အမျိုးသမီးပြိုင်ပွဲမှ (၂၅) ဦး၊ အလယ်တန်းအဆင့် အမျိုးသားပြိုင်ပွဲမှ (၂၅) ဦးနှင့် အလယ်တန်းအဆင့် အမျိုးသမီးပြိုင်ပွဲမှ (၂၅) ဦးတို့ကို ဆုများချီးမြှင့်ပေးခဲ့သည်။

ဆေးလိပ်ငွေ့ကင်းစင်ရှမ်းပြည်တစ်ခွင်အစီအစဉ်ဖြင့် တာချီလိတ်မြို့နယ် စီမံခန့်ခွဲမှုကော်မတီဖလား အားကစားပြိုင်ပွဲများအဖြစ် ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကြက်တောင်၊ ဖူဆယ်၊ စားပွဲတင်တင်းနစ်၊ စစ်တုရင်၊ မြန်မာ့သိုင်း၊ မီနီမာရသွန်၊ ပြေးခုန်ပစ်၊ U 21 အမျိုးသားဘောလုံး၊ U 16 အမျိုးသမီးဘောလုံးပြိုင်ပွဲများကို ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၃) ရက်နေ့မှ စက်တင်ဘာလ (၂၉)ရက်နေ့အထိ ကျင်းပနခြေင်းဖြစ်သည်။

Tachileik News Agency
ဓာတ်ပုံ - ကျော်ဇင်ဟိန်း

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာချီလိတ်သတင်းအေဂျင်စီ www.tachileik.net