တာချီလိတ်၏ သင်္ကြန်ကာလအတွက် လွယ်တော်ခမ်းချောင်းတွင် လတ်တလော၌ ဈေးဆိုင်ခန်း (၄၅)ဦး စာရင်းပေးထား

တာချီလိတ်၏ သင်္ကြန်ကာလအတွက် လွယ်တော်ခမ်းချောင်းတွင် လတ်တလော၌ ဈေးဆိုင်ခန်း (၄၅)ဦး စာရင်းပေးထား
မတ် 3, 2020
By Tachileik News Agency
တာချီလိတ်၏ သင်္ကြန်ကာလအတွက် လွယ်တော်ခမ်းချောင်းတွင် လတ်တလော၌ ဈေးဆိုင်ခန်း (၄၅)ဦး စာရင်းပေးထား

တာချီလိတ်တွင် နှစ်စဉ် နွေရာသီ သင်္ကြန်ကာလအတွင်း ဖွင့်လှစ်လေ့ရှိသည့် ပုန်းထွန်ချောင်းဟု အများခေါ်သည့် လွယ်တော်ခမ်းချောင်း၌ ဈေးဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချနိုင်ရေးအတွက် ဈေးရောင်းချလိုသူများအား ကျင်းပရေးကော်မတီက လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရုံးတွင် ၂၀၂၀ခုနှစ် ဖေဖော်ဝါရီလ (၃)ရက်နေ့ နံနက်က တွေ့ဆုံပြီး ဆွေးနွေးကာ စာရင်းကောက်ယူခဲ့ကြသည်။

ယခုနှစ်အတွက် စားသောက်ဆိုင်ခန်းနှင့် ဈေးဆိုင်ခန်း ဖွင့်လှစ်လိုသူမှာ လတ်တလောတွင် (၄၅)ဦးရှိနေကြောင်း သိရသည်။

"ဆိုင်ခန်းများကိုလည်း လာလျှောက်ထားသူ အရင်နှစ်ထက် ပိုများတယ်၊ လူဟောင်းထဲက မလာတာလည်းရှိတယ်၊ လူသစ် ပိုများလာတယ်၊ အခုဆို လူဟောင်းဈေးသည်က လာရောက်တာ (၃၃)ရှိပြီး လူသစ်ကတော့ (၁၂)ဦးရှိတယ်၊ စုစုပေါင်း (၄၅)ဦးရှိတယ်။ ဆိုင်ခန်းနေရာကတော့ အဟောင်းကို အရင်နှစ်က ရောင်းတဲ့နေရာမှာပဲ ပြန်ပေးမယ်၊ လူသစ်ကိုတော့ အဆင်ပြေတဲ့နေရာကို ကြည့်ပေးမယ်"ဟု ကျင်းပရေးကောမတီမှ လွယ်တော်ခမ်းကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဦးချစ်ဂျေ့က တာချီလိတ်သတင်းအေဂျင်စီသို့ပြောသည်။

လွယ်တော်ခမ်းချောင်းအား တက္ကသိုလ်ဝင်တန်း စာပေးပွဲ၏ နောက်ဆုံးနေ့မှ စ၍ သင်္ကြန်အပြီး နှစ်ဆန်းတစ်ရက်နေ့ကျော်အထိ ဖွင့်လှစ်သွားမည်ဖြစ် ကြောင်း သိရသည်။

တာချီလိတ်တွင် နွေရာသီကာ သင်္ကြန်အတွင်း စားသောက်ဆိုင်ခန်းများ ဖွင့်လှစ်ရောင်းချခြင်းအဖြစ် တာချီလိတ်မြို့ လွယ်တော်ခန်းချောင်း နှင့် ဖန်မင်ကျေးရွာအုပ်စုအတွင်းရှိ မယ်ဟုတ်ချောင်း အပါဝင် ဇွဲသာယာကမ်းဖြေ ရော (၃) နေရာ ရှိရာ မယ်ဟုတ်ချောင်းတွင်လည်း ပြင်ဆင်နေလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~