မင္းလွၿမိဳ႕နယ္ ပန္းေတာ္ျပင္ေက်းရြာယာခင္းတြင္ ေတြ႔ရသည့္ အေလာင္းမွာ တပ္မေတာ္သား တစ္ဦး ျဖစ္ေၾကာင္း အတည္ျပဳ

မင္းလွၿမိဳ႕နယ္ ပန္းေတာ္ျပင္ေက်းရြာယာခင္းတြင္ ေတြ႔ရသည့္ အေလာင္းမွာ တပ္မေတာ္သား တစ္ဦး ျဖစ္ေၾကာင္း အတည္ျပဳ
စက်တင်ဘာ 3, 2019
By 🌸
မေကြးတုိင္းေဒသႀကီး၊ မင္းလွၿမိဳ႕နယ္၊ ပန္းေတာ္ျပင္ေက်းရြာအုပ္စု၊ ပန္းေတာ္ျပင္ေက်းရြာရိွ ယာခင္းတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၂)ရက္ေန႔ နံနက္(၁၀)နာရီက ေတြ႔ရသည့္ အမ်ိဳးသားအေလာင္းမွာ တပ္မေတာ္သားတစ္ဦးျဖစ္ေၾကာင္း အတည္ျပဳထားသည္။

အဆိုပါ ေသဆံုးသြားသည့္ အမ်ိဳးသားမွာ ကပစ (၂) မလြန္မွ တပ္သားသီဟေက်ာ္ျဖစ္ၿပီး ခြင့္ (၁၀)ရက္ ခံစားေနသူျဖစ္ေၾကာင္း ကပစ (၂) မလြန္မွ ဆက္သြယ္အတည္ျပဳထားေၾကာင္း မင္းလွၿမိဳ႕မရဲစခန္းမွ တပ္ဖြဲ႕ဝင္တစ္ဦးက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၃)ရက္ေန႔တြင္ ေျပာသည္။

အဆုိပါအေလာင္းကို ေဒသခံေတာင္သူတစ္ဦးက ပန္းေတာ္ျပင္ေက်းရြာ ယာခင္းေဘးတြင္ ေတြ႔ရသျဖင့္ ရဲစခန္းသို႔ သတင္းပို႔ခဲ့ျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေက်းရြာတြင္ ၾသဂုတ္လ (၃၀) ရက္ေန႔ ညပိုင္းက မိုးသည္းထန္စြာ ရြာသြန္းခဲ့ၿပီး ေခ်ာင္းေရတက္ေနခ်ိန္တြင္ ေရစီးျဖင့္ေမ်ာပါေသဆံုးသြားျခင္းျဖစ္ႏုိင္သည္ဟု ခန္႔မွန္းထားၾကၿပီး ေသဆံုးရျခင္းအေၾကာင္းရင္းအား  မေကြးၿမိဳ႕ အမွတ္(၁၆) တပ္မေတာ္ ကုတင္ (၁၀၀) ေဆးရံုတြင္ စစ္ေဆးထားေၾကာင္း သိရသည္။

ေသဆံုးမႈအား မင္းလွၿမိဳ႕မရဲစခန္းတြင္ ေသမႈေသခင္းအမွတ္စဥ္ ၉/၂၀၁၉ ျဖင့္ အမႈေရးဖြင့္ထားေၾကာင္း သိရသည္။

သတင္း #ဖီးနစ္
ဓာတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
မင်းလှမြို့နယ် ပန်းတော်ပြင်ကျေးရွာယာခင်းတွင် တွေ့ရသည့် အလောင်းမှာ တပ်မတော်သားတစ်ဦး ဖြစ်ကြောင်း အတည်ပြု
***********
မကွေးတိုင်းဒေသကြီး၊ မင်းလှမြို့နယ်၊ ပန်းတော်ပြင်ကျေးရွာအုပ်စု၊ ပန်းတော်ပြင်ကျေးရွာရှိ ယာခင်းတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၂)ရက်နေ့ နံနက်(၁၀)နာရီက တွေ့ရသည့် အမျိုးသားအလောင်းမှာ တပ်မတော်သားတစ်ဦးဖြစ်ကြောင်း အတည်ပြုထားသည်။

အဆိုပါ သေဆုံးသွားသည့် အမျိုးသားမှာ ကပစ (၂) မလွန်မှ တပ်သားသီဟကျော်ဖြစ်ပြီး ခွင့် (၁၀)ရက် ခံစားနေသူဖြစ်ကြောင်း ကပစ (၂) မလွန်မှ ဆက်သွယ်အတည်ပြုထားကြောင်း မင်းလှမြို့မရဲစခန်းမှ တပ်ဖွဲ့ဝင်တစ်ဦးက တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၃)ရက်နေ့တွင် ပြောသည်။

အဆိုပါအလောင်းကို ဒေသခံတောင်သူတစ်ဦးက ပန်းတော်ပြင်ကျေးရွာ ယာခင်းဘေးတွင် တွေ့ရသဖြင့် ရဲစခန်းသို့ သတင်းပို့ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါကျေးရွာတွင် သြဂုတ်လ (၃၀) ရက်နေ့ ညပိုင်းက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီး ချောင်းရေတက်နေချိန်တွင် ရေစီးဖြင့်မျောပါသေဆုံးသွားခြင်းဖြစ်နိုင်သည်ဟု ခန့်မှန်းထားကြပြီး သေဆုံးရခြင်းအကြောင်းရင်းအား  မကွေးမြို့ အမှတ်(၁၆) တပ်မတော် ကုတင် (၁၀၀) ဆေးရုံတွင် စစ်ဆေးထားကြောင်း သိရသည်။

သေဆုံးမှုအား မင်းလှမြို့မရဲစခန်းတွင် သေမှုသေခင်းအမှတ်စဉ် ၉/၂၀၁၉ ဖြင့် အမှုရေးဖွင့်ထားကြောင်း သိရသည်။

သတင်း #ဖီးနစ်
ဓာတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net