ကျိုင်းတုံတွင် ၄.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း ထိုင်းထုတ်ပြန်

ကျိုင်းတုံတွင် ၄.၂ အဆင့်ရှိ ငလျင် လှုပ်ခတ်သွားကြောင်း ထိုင်းထုတ်ပြန်
ဒီဇင်ဘာ 1, 2019
By Tachileik News Agency

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့နယ်အတွင်း ၂၀၁၉ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့အကူးတွင် အသေးစား ငလျင်တစ်ကြိမ် လှုပ်ခတ်သွားကြောင်း ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာနက ထုတ်ပြန်အသိပေးထားရှိသည်။

2019ခုနှစ် ဒီဇင်ဘာလ(၁)ရက်နေ့အကူး (၀၀ : 41 )နာရီ အချိန်က ကျိုင်းတုံမြို့နယ်အတွင်း၌ အင်အားရစ်(ခ်)တာ စကေး ( 4.2) လှုပ်ခတ်သွားခြင်း ဖြစ်သည်။

ထိုင်းနိုင်ငံ ငလျင်တိုင်းတာရေးဌာန၏ ထုတ်ပြန်ချက်အရ ငလျင်လှုပ်ခတ်သည့် နေရာအား ကျိုင်းတုံမြို့နယ်အတွင်းဖြစ်သည့် တောင်ပေါ်တစ်ခုတွင် ပြထားသည်၊

ငလျင်သည် တောင်ပေါ်တောတွင်း၌ လှုပ်ခတ်သွားခြင်းကြောင့်  မြို့တွင်းပိုင်းတွင် ထိခိုက်မှုနဲ့ အခြားပျက်ဆီးမှုများ မရှိကြောင်းသိရှိရသည်။

Tachileik News Agency



~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~