ကိုရိုနာဗိုင်းရပ်အခြေအနေကြောင့် ထိုင်းနိုင်ငံအတွင်းမှ တရားဝင်မြန်မာအလုပ်သမား (၇၉)ဦး တာချီလိတ်သို့ ပြန်ရောက်

ကိုရိုနာဗိုင်းရပ်အခြေအနေကြောင့် ထိုင်းနိုင်ငံအတွင်းမှ တရားဝင်မြန်မာအလုပ်သမား (၇၉)ဦး တာချီလိတ်သို့ ပြန်ရောက်
မတ် 27, 2020
By Tachileik News Agency
ကိုရိုနာဗိုင်းရပ်အခြေအနေကြောင့် ထိုင်းနိုင်ငံအတွင်းမှ တရားဝင်မြန်မာအလုပ်သမား (၇၉)ဦး တာချီလိတ်သို့ ပြန်ရောက်

မြန်မာ - ထိုင်းနယ်စပ်ဒေသ တာချီလိတ်မြို့ရှိ ချစ်ကြည်ရေး အမှတ်(၁)တံတားမှ တဆင့် ထိုင်းနိုင်ငံရောက် တရားဝင်မြန်မာအလုပ်သမား စုစုပေါင်း (၇၉)ဦးသည် ၂၀၂၀ခုနှစ် မတ်လ(၂၇)ရက်နေ့ နေ့လည်ပိုင်းက တာချီလိတ်သို့ ပြန်လည်ဝင်ရောက်လာသည်။

COVID-19 ရောဂါထိန်းချုပ်ကာကွယ်ရေးအတွက် တာချီလိတ်ဘက်တွင် ကျန်းမာရေးက စစ်ဆေးမှုများကို ဆောင်ရွက်ပြီးမှ သက်ဆိုင်ရာက စိစစ်လက်ခံခဲ့ကြသည်။

ထိုင်းနိုင်ငံအတွင်းမှ နောက်ထပ်ဝင်ရောက်လာသူများကို လက်ရှိဖြစ်ပေါ်နေသည့် ကိုရိုနာဗိုင်းရပ်စ်အခြေအနေကြောင့် နောက်ရက်များတွင် ဝင်ခွင့်ပြုတော့မည်မဟုတ်ကြောင်း တာချီလိတ်ခရိုင်စီမံခန့်ခွဲမှုကော်မတီက အသိပေးထားရှိသည်။

ထိုင်းနိုင်ငံအတွင်း ကိုရိုနာဗိုင်းရပ်စ်ကူးစက်နေမှုကြောင့် တာချီလိတ် နှင့် မယ်ဆိုင်အကြားရှိ ချစ်ကြည်ရေးတံတား(၁)အား မတ်လ(၂၃)ရက်နေ့က စ၍ ပိတ်ထားလိုက်ပြီးဖြစ်သော်လည်း ထိုင်းနိုင်ငံအတွင်းမှ တရားဝင်မြန်မာအလုပ်သမားများမှ တစ်ဖွဲ့ပြီးတစ်ဖွဲ့ ရောက်ရှိလာ၍ (၅)ရက်တိတိ လက်ခံပေးခဲ့ကြခြင်း ဖြစ်ကြောင်း သိရှိရသည်။

Tachileik News Agency
သတင်း/ဓါတ်ပုံ - ကျော်ဇင်ဟိန်း


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~