အာခါတိုင်းရင်းသားများ၏ (၁၄) ကြိမ်မြောက် အာခါရိုးရာစုပေါင်း "ခါးထောင်းဖား" ပွဲတော် တာချီလိတ်မြို့တွင် အကျဉ်းချုံး ကျင်းပမည်

အာခါတိုင်းရင်းသားများ၏ (၁၄) ကြိမ်မြောက် အာခါရိုးရာစုပေါင်း "ခါးထောင်းဖား" ပွဲတော် တာချီလိတ်မြို့တွင် အကျဉ်းချုံး ကျင်းပမည်
ဒီဇင်ဘာ 19, 2021 | ရှမ်းရှေ့

တာချီလိတ်မြို့တွင် Covid-19 ကာလမတိုင်မီက နှစ်စဉ် ရှမ်းရိုးမကွင်းအတွင်း၌ ကျင်းပလာသည့်  အာခါရိုးရာစုပေါင်း "ခါးထောင်းဖား" ပွဲတော်အား ယခု နှစ်တွင် ဘိုးဘေးတို့၏ အိမ်တော်အတွင်း၌ အကျဉ်းချုံးကျင်းပမည်ဖြစ်ကြောင်း သိရသည်။ 

တာချီလိတ်မြို့ ရီဂျီနားဂေါက်ကွင်းသွားလမ်းဘေး၊ ဇန်းမွန်ဟိုတယ်အနီး သွယ်ဟော့ပေါ့နှင့်စားသောက်ဆိုင်အနောက်ရှိ ဘိုးဘေးတို့၏ အိမ်တော်အတွင်း၌ ၂၀၂၁ခုနှစ် (၂၀)ရက်နေ့တွင် ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ပွဲတော်၏ အစီအစဉ်အား ၂၀၂၁ခုနှစ် ဒီဇင်ဘာလ(၂၀)ရက်နေ့ ညနေ(၄)နာရီမှ ည(၁၀)နာရီအချိန်အထိ သတ်မှတ်ထားပြီး Covid-19 စည်းကမ်းချက်များနှင့်အညီ ကျင်းပရန် စီစဉ်ထားသည်ဟု သိရသည်။