ထိုင်းဘက်က ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို တာချီလိတ်ကနေ သတ်မှတ်ရက်များဖြင့် ဆက်လက်လက်ခံသွားမည်

ထိုင်းဘက်က ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို တာချီလိတ်ကနေ သတ်မှတ်ရက်များဖြင့် ဆက်လက်လက်ခံသွားမည်
သြဂုတ် 5, 2020
By Tachileik News Agency
ထိုင်းဘက်က ပြည်တော်ပြန် မြန်မာနိုင်ငံသားများကို တာချီလိတ်ကနေ သတ်မှတ်ရက်များဖြင့် ဆက်လက်လက်ခံသွားမည်

ထိုင်းအတွင်းကနေ မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းအတိုင်း  နေရပ်ပြန်နဲ့ ပြစ်ဒဏ်စေ့မြန်မာတွေကို လက်ခံရေးစီစဉ်ရာမှာ အဆင်ပြေစေဖို့အတွက် ရက်သတ်မှတ်လက်ခံသွားတော့မယ်လို့ သိရပါတယ်။

ထိုင်းနိုင်ငံဘက်မှာ အကြောင်းအမျိုးမျိုးကြောင့် ပြစ်ဒဏ်ကျခံရသူများကို မယ်ဆိုင် - တာချီလိတ်လမ်းကြောင်းကနေ ထိုင်းဘက်က လွှဲပြောင်းပေးတာတွေ ရှိသလို နေရပ်ပြန်တွေလည်း နယ်စပ်ဂိတ်တွေ ပိတ်ထားတဲ့ကာလအတွင်း တောက်လျှောက် ပြန်လာနေကြတာဖြစ်ပါတယ်။

ဒီလို လက်ခံရာမှာ နေရပ်ပြန်များ နယ်စပ်ဖြတ်သန်းခွင့်အတွက် မြန်မာသံရုံးကတစ်ဆင့် ထိုင်းနိုင်ငံခြားရေးကို တင်ပြခွင့်ပြုချက်ယူရသလို တာချီလိတ်က တာဝန်ရှိသူများကလည်း ပြန်ဝင်လာသူအားလုံး စနစ်တကျ quarantine ဝင်နိုင်ရေး စီစဉ်ပေးဖို့ စာရင်းကောက်ယူခြင်းလုပ်ငန်းမှာ အခက်အခဲတွေ ကြုံနေရတဲ့အတွက် ရက်သတ်မှတ်ဖို့ စဉ်းစားတာဖြစ်ကြောင်း တာချီလိတ်ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြင့်နိုင်က ပြောပါတယ်။

စာရင်းကောက်ယူမှုအခက်အခဲတွေကြောင့် ၂၀၂၀ ခုနှစ်၊ သြဂုတ်လ (၄) ရက်နေ့က နေရပ်ပြန်များကို မနက် (၉) နာရီမှာ  လက်ခံဖို့စီစဉ်ထားပေမဲ့ နေ့လယ် (၁)နာရီကျော်မှ စတင်လက်ခံနိုင်ခဲ့တဲ့အပြင် အခြားဒေသအသီးသီးကို ဆက်ပို့ရမယ့် နေရပ်ပြန်များလိုက်ပါသွားတဲ့ယာဉ်တန်းမှာလည်း ည(၉)နာရီမှ တာချီလိတ်ကနေ ထွက်ခွာနိုင်ခဲ့ကြတာဖြစ်ပါတယ်။

သြဂုတ်လ (၄)ရက်နေ့က တာချီလိတ်ဘက်ကို နယ်စပ်ဖြတ်ဝင်ဖို့ စာရင်းပေးထားတဲ့ နေရပ်ပြန် (၄၀၀) နီးပါးမှာ ထိုင်းနိုင်ငံတွင်း ရေကြီးမှုကြောင့် လမ်းပိုင်းပြတ်တောက်နေတာကြောင့် မယ်ဆိုင်ကို အချိန်မီ ရောက်မလာနိုင်သူတွေလည်းရှိတဲ့အတွက် (၃၃၄)ဦးသာ ပြန်ဝင်လာနိုင်တာဖြစ်ပြီး ဒီထဲက (၂၇၀)ဦးကို ည (၉) နာရီကျော်မှာ သက်ဆိုင်ရာဒေသအသီးသီးကို  ကား (၁၇) စီးနဲ့ ပို့ဆောင်ပေးထားတာဖြစ်ပါတယ်။

Tachileik News Agency
သတင်းတင်ဆက် - ကိုဇောင်း
သတင်းရိုက်ကူး - ဟန်စိုးထိုက်


~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~

~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~
~~~~~~~   ကြော်ငြာ   ~~~~~~