အင္းေလးကန္ ေရေဝေရလဲေဒသ ေတာင္ကတံုး (၃)ေနရာတြင္ ရဟတ္ယာဥ္အသံုးျပဳ၍ သစ္ေစ့ေျမလံုးမ်ား ႀကဲခ်စိုက္ပ်ိဳးမည္

အင္းေလးကန္ ေရေဝေရလဲေဒသ ေတာင္ကတံုး (၃)ေနရာတြင္ ရဟတ္ယာဥ္အသံုးျပဳ၍ သစ္ေစ့ေျမလံုးမ်ား ႀကဲခ်စိုက္ပ်ိဳးမည္
စက်တင်ဘာ 12, 2019
By 🌸
သစ္ေတာျပန္လည္ထူေထာင္ေရးအတြက္ သစ္ေစ့ေျမလံုးမ်ားကို ရဟတ္ယာဥ္ျဖင့္ ႀကဲခ်စိုက္ပ်ိဳးျခင္း ဒုတိယေျမာက္ စမ္းသပ္ေဆာင္ရြက္မႈအျဖစ္ အင္းေလးကန္ေရေဝေရလဲေဒသရိွ ေတာင္ကတံုး (၃)ေနရာတြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁၄)ရက္ေန႔ႏွင့္ (၁၅)ရက္ေန႔မ်ားတြင္ဆာင္ရြက္မည္ျဖစ္ေၾကာင္းသိရသည္။

ရွမ္းျပည္နယ္၊ ေတာင္ႀကီးခရိုင္၊ ေညာင္ေရႊၿမိဳ႕နယ္ရိွ အင္းေလးကန္ ေရရွည္တည္တံ့ထိန္းသိမ္းေရးအတြက္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီးဌာန၊ သစ္ေတာဦးစီးဌာနက သစ္ေစ့ေျမလံုးမ်ား ႀကဲခ်ေပးျခင္းလုပ္ငန္းအတြက္ လုိအပ္သည့္ ရဟတ္ယာဥ္အကူအညီကို ထူး ကုမၸဏီမ်ား အုပ္စုက ႏုိင္ငံေတာ္သို႔ ကူညီမႈအျဖစ္ ေဆာင္ရြက္မည္ျဖစ္ေၾကာင္း သိရသည္။

 “seed ball (သစ္ေစ့ေျမလံုး) အမ်ားစုကို ရွမ္းျပည္နယ္သစ္ေတာဦးစီးဌာနဝန္ထမ္းမ်ားရဲ႕ စုေပါင္းအင္အားနဲ႔ ဖန္တီးခဲ့တာျဖစ္ၿပီးေတာ့ seed ball အခ်ိဳ႕ကိုေတာ့ ေနျပည္ေတာ္သစ္ေတာဦးစီးဌာနရံုးခ်ဳပ္ကေန ပို႔ေပးတာျဖစ္ပါတယ္။ ကြင္းဆင္းလုပ္ငန္းေတြကို ျပည္နယ္၊ ခ႐ိုင္၊ ၿမိဳ႕နယ္ သစ္ေတာဦးစီးဌာနနဲ႔ ေဒသခံ ျပည္သူေတြ ပူးေပါင္းလုပ္ေဆာင္ခဲ့တာ ျဖစ္ပါတယ္”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က လူမႈကြန္ယက္စာမ်က္ႏွာမွ အသိေပးေရးသားထားသည္။

အဆိုပါ သစ္ေစ့ေျမလံုးမ်ားသည္ အပင္ေပါက္လြယ္သျဖင့္  ရဟတ္ယာဥ္ျဖင့္ ႀကဲခ်မည့္ရက္မတုိင္မီ အစိုဓါတ္ေၾကာင့္ အပင္ေပါက္လာသည့္မ်ိဳးေစ့အခ်ိဳ႕ကို သစ္ေတာဦးစီးဌာန၊ ေညာင္ေရႊၿမိဳ႕နယ္ က်ားတြန္ရြာ လူထု၊ အေပ်ာ္စီးမီးပံုးပ်ံကုမၸဏီမွဝန္ထမ္းမ်ား ပူးေပါင္းပါဝင္မႈျဖင့္ လူအင္အားသံုး ျဖန္႔ႀကဲထားခဲ့ရေၾကာင္း သိရသည္။

“ pilot project ကို ရွမ္းျပည္နယ္မွာ လာလုပ္ေပးတဲ့ ျပည္ေထာင္စုဝန္ႀကီး၊ သစ္ေတာဦးစီးဌာန ၫႊန္ၾကားေရးမႈးခ်ဳပ္၊ ပူးေပါင္းေဆာင္ရြက္ေပးတဲ့ ပို႔ေဆာင္ဆက္သြယ္ေရး ဝန္ႀကီးဌာန ျပည္ေထာင္စုဝန္ႀကီးရံုး၊ ေလေၾကာင္းပို႔ေဆာင္ေရးၫႊန္ၾကားမႈ ဦးစီးဌာန၊ အေရွ႕ပိုင္းတိုင္း စစ္ဌာနခ်ဳပ္တို႔ကို ေက်းဇူးတင္ပါတယ္။ ဝန္ႀကီးဌာနအားလံုးကို ေပါင္းစပ္ညႇိႏိႈင္း ေဆာင္ရြက္ေပးခဲ့ၾကတဲ့ ႏိုင္ငံေတာ္ သမၼတရံုး အဖြဲ႔သားမ်ားကိုလည္း ေက်းဇူးအထူးတင္ရွိေၾကာင္းပါ”ဟု ရွမ္းျပည္နယ္အစိုးရအဖြဲ႕ဝင္ သယံဇာတႏွင့္ သဘာဝပတ္ဝန္းက်င္ ထိန္းသိမ္းေရးဝန္ႀကီး ေဒါက္တာညီညီေအာင္က ေရးသားထားသည္။

ႀကဲခ်မည့္ သစ္မ်ိဳးေစ့မ်ားတြင္ ေဒသမ်ိဳးရင္း (၂၀) ပါဝင္ၿပီး သစ္ေစ့မ်ားကို ရႊံ့ေစးႏွင့္ေျမေဆြး ေရာစပ္လံုးထားသည့္ သစ္ေစ့ေပါင္း တစ္သိန္းခြဲနီးပါး ႀကဲခ်မည္ျဖစ္ေၾကာင္း သိရသည္။
ေတာင္ကတံုးမ်ားတြင္ ရဟတ္ယာဥ္ျဖင့္ သစ္ေစ့ေျမလံုးမ်ား ႀကဲခ်ျခင္းကို စစ္ကိုင္းတုိင္းတြင္ ကနဦးေဆာင္ရြက္ခဲ့ၿပီးျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency

~~~~~~~~⊰❂ Unicode Version ~~~~~~~~
အင်းလေးကန် ရေဝေရေလဲဒေသ တောင်ကတုံး (၃)နေရာတွင် ရဟတ်ယာဉ်အသုံးပြု၍ သစ်စေ့မြေလုံးများ ကြဲချစိုက်ပျိုးမည်
*************
သစ်တောပြန်လည်ထူထောင်ရေးအတွက် သစ်စေ့မြေလုံးများကို ရဟတ်ယာဉ်ဖြင့် ကြဲချစိုက်ပျိုးခြင်း ဒုတိယမြောက် စမ်းသပ်ဆောင်ရွက်မှုအဖြစ် အင်းလေးကန်ရေဝေရေလဲဒေသရှိ တောင်ကတုံး (၃)နေရာတွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁၄)ရက်နေ့နှင့် (၁၅)ရက်နေ့များတွင် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ရှမ်းပြည်နယ်၊ တောင်ကြီးခရိုင်၊ ညောင်ရွှေမြို့နယ်ရှိ အင်းလေးကန် ရေရှည်တည်တံ့ထိန်းသိမ်းရေးအတွက် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန၊ သစ်တောဦးစီးဌာနက သစ်စေ့မြေလုံးများ ကြဲချပေးခြင်းလုပ်ငန်းအတွက် လိုအပ်သည့် ရဟတ်ယာဉ်အကူအညီကို ထူး ကုမ္ပဏီများ အုပ်စုက နိုင်ငံတော်သို့ ကူညီမှုအဖြစ် ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

 “seed ball (သစ်စေ့မြေလုံး) အများစုကို ရှမ်းပြည်နယ်သစ်တောဦးစီးဌာနဝန်ထမ်းများရဲ့ စုပေါင်းအင်အားနဲ့ ဖန်တီးခဲ့တာဖြစ်ပြီးတော့ seed ball အချို့ကိုတော့ နေပြည်တော်သစ်တောဦးစီးဌာနရုံးချုပ်ကနေ ပို့ပေးတာဖြစ်ပါတယ်။ ကွင်းဆင်းလုပ်ငန်းတွေကို ပြည်နယ်၊ ခရိုင်၊ မြို့နယ် သစ်တောဦးစီးဌာနနဲ့ ဒေသခံ ပြည်သူတွေ ပူးပေါင်းလုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က လူမှုကွန်ယက်စာမျက်နှာမှ အသိပေးရေးသားထားသည်။

အဆိုပါ သစ်စေ့မြေလုံးများသည် အပင်ပေါက်လွယ်သဖြင့်  ရဟတ်ယာဉ်ဖြင့် ကြဲချမည့်ရက်မတိုင်မီ အစိုဓါတ်ကြောင့် အပင်ပေါက်လာသည့်မျိုးစေ့အချို့ကို သစ်တောဦးစီးဌာန၊ ညောင်ရွှေမြို့နယ် ကျားတွန်ရွာ လူထု၊ အပျော်စီးမီးပုံးပျံကုမ္ပဏီမှဝန်ထမ်းများ ပူးပေါင်းပါဝင်မှုဖြင့် လူအင်အားသုံး ဖြန့်ကြဲထားခဲ့ရကြောင်း သိရသည်။

“ pilot project ကို ရှမ်းပြည်နယ်မှာ လာလုပ်ပေးတဲ့ ပြည်ထောင်စုဝန်ကြီး၊ သစ်တောဦးစီးဌာန ညွှန်ကြားရေးမှုးချုပ်၊ ပူးပေါင်းဆောင်ရွက်ပေးတဲ့ ပို့ဆောင်ဆက်သွယ်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၊ လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာန၊ အရှေ့ပိုင်းတိုင်း စစ်ဌာနချုပ်တို့ကို ကျေးဇူးတင်ပါတယ်။ ဝန်ကြီးဌာနအားလုံးကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြတဲ့ နိုင်ငံတော် သမ္မတရုံး အဖွဲ့သားများကိုလည်း ကျေးဇူးအထူးတင်ရှိကြောင်းပါ”ဟု ရှမ်းပြည်နယ်အစိုးရအဖွဲ့ဝင် သယံဇာတနှင့် သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးဝန်ကြီး ဒေါက်တာညီညီအောင်က ရေးသားထားသည်။

ကြဲချမည့် သစ်မျိုးစေ့များတွင် ဒေသမျိုးရင်း (၂၀) ပါဝင်ပြီး သစ်စေ့များကို ရွှံ့စေးနှင့်မြေဆွေး ရောစပ်လုံးထားသည့် သစ်စေ့ပေါင်း တစ်သိန်းခွဲနီးပါး ကြဲချမည်ဖြစ်ကြောင်း သိရသည်။

တောင်ကတုံးများတွင် ရဟတ်ယာဉ်ဖြင့် သစ်စေ့မြေလုံးများ ကြဲချခြင်းကို စစ်ကိုင်းတိုင်းတွင် ကနဦးဆောင်ရွက်ခဲ့ပြီးဖြစ်ကြောင်း သိရသည်။

Tachileik News Agency

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net