လင္းေခးခရိုင္ ေမာက္မယ္ၿမိဳ႕တြင္ နမ့္ယြန္းေခ်ာင္းေရေက်ာ္သည့္ တံတားမွာ အသံုးမျပဳေတာ့သည့္ တံတားျဖစ္၍ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ျခင္းမရိွ

လင္းေခးခရိုင္ ေမာက္မယ္ၿမိဳ႕တြင္ နမ့္ယြန္းေခ်ာင္းေရေက်ာ္သည့္ တံတားမွာ အသံုးမျပဳေတာ့သည့္ တံတားျဖစ္၍ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ျခင္းမရိွ
စက်တင်ဘာ 3, 2019
By 🌸
ရွမ္းျပည္နယ္ (ေတာင္ပိုင္း) လင္းေခးခရိုင္၊ ေမာက္မယ္ၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၁)ရက္ေန႔က နမ့္ယြန္းေခ်ာင္းေရေက်ာ္သြားသည့္ ရပ္ကြက္ခ်င္းဆက္တံတားမွာ ယခင္ကတည္းက အသံုးျပဳ၍မရေတာ့သည့္ ယိုယြင္းပ်က္စီးေနသည့္ တံတားျဖစ္သျဖင့္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္သြားျခင္း မရိွေၾကာင္း သိရသည္။

ေမာက္မယ္ၿမိဳ႕၊ ေမြေတာ္ရပ္ကြက္ႏွင့္ မိုက္ဟုန္းရပ္ကြက္တို႔ ဆက္သြယ္ထားသည့္ ပ်က္စီးယိုယြင္းေနသည့္ ရပ္ကြက္ခ်င္းဆက္ တံတားေပၚသို႔ နမ့္ယြန္းေခ်ာင္းေရျမင့္တက္သြားျခင္းျဖစ္ၿပီး လက္ရိွအသံုးျပဳေနသည့္ တံတား (၃)စင္းမွာ ေရလႊမ္းမိုးခံရျခင္းမရိွေၾကာင္း သိရသည္။

“အဲဒီေန႔က မိုးရြာၿပီး ေခ်ာင္းေရတက္တယ္။ ဒါေၾကာင့္ ကၽြန္ေတာ္တုိ႔ ၿမိဳ႕နယ္စီခန္႔အဖြဲ႕က ရပ္ကြက္ေတြမွာ ကြင္းဆင္းၾကည့္ၿပီး ထမင္းထုပ္ေဝတယ္။ လုိအပ္ရင္ ေရႊ႕ေျပာင္းေပးဖို႔ေပါ့။ ညေန (၄)နာရီမွာ ေရျပန္က် သြားတယ္။ ေရတက္တဲ့အခ်ိန္က မိုက္ဟုန္းနဲ႔ ေမြေတာ္ဆက္သြယ္ထားတဲ့ လြန္ခဲ့တဲ့ ၁၅ ႏွစ္က ရပ္ကြက္ ကိုယ္ထူကိုယ္ထ ေဆာက္ထားတဲ့ ပ်က္ေနတဲ့တံတားက ျဖတ္လုိ႔မရေတာ့ဘူး။ ဒါေပမဲ့ နမ့္ယြန္းေခ်ာင္း တံတားကို ျဖတ္တဲ့ တံတား (၃)စင္းရိွတယ္။ အဲဒီ တံတားေတြကပဲ ျဖတ္သန္းေနၾကတာမို႔ ေမာက္မယ္က လမ္းပန္းဆက္သြယ္ေရး မျပတ္ေတာက္ပါဘူး”ဟု ေမာက္မယ္ၿမိဳ႕နယ္ အုပ္ခ်ဳပ္ေရးမွဴး ဦးဟန္သူရက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

အဆိုပါ ေခ်ာင္းေရေက်ာ္သြားသည့္တံတားမွာ ပ်က္စီးယိုယြင္းေနသည့္ ကားႀကီး၊ ကားငယ္မ်ား ျဖတ္သန္းသြားလာျခင္းမျပဳရန္ ၿမိဳ႕နယ္လမ္းဦးစီးဌာနက ကာကြယ္တုိင္ကြန္ကရစ္တံုးမ်ားျဖင့္ ကာရံထားရသည့္ တံတားတစ္စင္းျဖစ္ေၾကာင္း သိရသည္။

ေမာက္မယ္ၿမိဳ႕တြင္ နမ့္ယြန္းေခ်ာင္းျဖတ္တံတားမ်ားအျဖစ္ ေက်းလက္လမ္းဦးစီးဌာနပိုင္ ေပ(၂၄၀) အရွည္ရိွသည့္ စဥ့္ဝင္တံတား၊ လမ္းဦးစီးဌာနပိုင္ ေပ (၂၃၀)အရွည္ရိွသည့္ ေက်ာင္းခံုးတံတားႏွင့္ ေပ(၂၀၀)အရွည္ရိွသည့္ ေတာင္ၿမိဳ႕ - ဆီဆံုတံတားတုိ႔မွသာ ျဖတ္သန္းသြားလာေနၾကသျဖင့္ မိုက္ဟုန္း - ေမြေတာ္ရပ္ကြက္ခ်င္းဆက္တံတား ေရေက်ာ္သျဖင့္ ေမာက္မယ္ၿမိဳ႕တြင္ လမ္းပန္းဆက္သြယ္ေရး ျပတ္ေတာက္ျခင္းမရိွေၾကာင္း သိရသည္။

မိုက္ဟုန္း - ေမြေတာ္ ရပ္ကြက္ခ်င္းဆက္တံတားမွာ ယိုယြင္းေနသည့္ တံတားတစ္စီးျဖစ္၍ ေရလမ္းေၾကာင္း ပိတ္ဆုိ႔မႈ မျဖစ္ေစေရးအတြက္ ၿမိဳ႕နယ္စီမံခန္႔ခြဲမႈေကာ္မတီ၊ လႊတ္ေတာ္ကိုယ္စားလွယ္မ်ား၊ ၿမိဳ႕မိၿမိဳ႕ဖမ်ားႏွင့္ ေဒသခံျပည္သူမ်ား ညိႇႏိႈင္းေဆာင္ရြက္သြားၾကမည္ျဖစ္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - ၿမိဳ႕နယ္ေထြအုပ္

~~~~~~~~⊰❂ Unicode Version ~~~~~~~~
လင်းခေးခရိုင် မောက်မယ်မြို့တွင် နမ့်ယွန်းချောင်းရေကျော်သည့် တံတားမှာ အသုံးမပြုတော့သည့် တံတားဖြစ်၍ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းမရှိ
***************
ရှမ်းပြည်နယ် (တောင်ပိုင်း) လင်းခေးခရိုင်၊ မောက်မယ်မြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၁)ရက်နေ့က နမ့်ယွန်းချောင်းရေကျော်သွားသည့် ရပ်ကွက်ချင်းဆက်တံတားမှာ ယခင်ကတည်းက အသုံးပြု၍မရတော့သည့် ယိုယွင်းပျက်စီးနေသည့် တံတားဖြစ်သဖြင့် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခြင်း မရှိကြောင်း သိရသည်။

မောက်မယ်မြို့၊ မွေတော်ရပ်ကွက်နှင့် မိုက်ဟုန်းရပ်ကွက်တို့ ဆက်သွယ်ထားသည့် ပျက်စီးယိုယွင်းနေသည့် ရပ်ကွက်ချင်းဆက် တံတားပေါ်သို့ နမ့်ယွန်းချောင်းရေမြင့်တက်သွားခြင်းဖြစ်ပြီး လက်ရှိအသုံးပြုနေသည့် တံတား (၃)စင်းမှာ ရေလွှမ်းမိုးခံရခြင်းမရှိကြောင်း သိရသည်။

“အဲဒီနေ့က မိုးရွာပြီး ချောင်းရေတက်တယ်။ ဒါကြောင့် ကျွန်တော်တို့ မြို့နယ်စီခန့်အဖွဲ့က ရပ်ကွက်တွေမှာ ကွင်းဆင်းကြည့်ပြီး ထမင်းထုပ်ဝေတယ်။ လိုအပ်ရင် ရွှေ့ပြောင်းပေးဖို့ပေါ့။ ညနေ (၄)နာရီမှာ ရေပြန်ကျ သွားတယ်။ ရေတက်တဲ့အချိန်က မိုက်ဟုန်းနဲ့ မွေတော်ဆက်သွယ်ထားတဲ့ လွန်ခဲ့တဲ့ ၁၅ နှစ်က ရပ်ကွက် ကိုယ်ထူကိုယ်ထ ဆောက်ထားတဲ့ ပျက်နေတဲ့တံတားက ဖြတ်လို့မရတော့ဘူး။ ဒါပေမဲ့ နမ့်ယွန်းချောင်း တံတားကို ဖြတ်တဲ့ တံတား (၃)စင်းရှိတယ်။ အဲဒီ တံတားတွေကပဲ ဖြတ်သန်းနေကြတာမို့ မောက်မယ်က လမ်းပန်းဆက်သွယ်ရေး မပြတ်တောက်ပါဘူး”ဟု မောက်မယ်မြို့နယ် အုပ်ချုပ်ရေးမှူး ဦးဟန်သူရက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

အဆိုပါ ချောင်းရေကျော်သွားသည့်တံတားမှာ ပျက်စီးယိုယွင်းနေသည့် ကားကြီး၊ ကားငယ်များ ဖြတ်သန်းသွားလာခြင်းမပြုရန် မြို့နယ်လမ်းဦးစီးဌာနက ကာကွယ်တိုင်ကွန်ကရစ်တုံးများဖြင့် ကာရံထားရသည့် တံတားတစ်စင်းဖြစ်ကြောင်း သိရသည်။

မောက်မယ်မြို့တွင် နမ့်ယွန်းချောင်းဖြတ်တံတားများအဖြစ် ကျေးလက်လမ်းဦးစီးဌာနပိုင် ပေ(၂၄၀) အရှည်ရှိသည့် စဉ့်ဝင်တံတား၊ လမ်းဦးစီးဌာနပိုင် ပေ (၂၃၀)အရှည်ရှိသည့် ကျောင်းခုံးတံတားနှင့် ပေ(၂၀၀)အရှည်ရှိသည့် တောင်မြို့ - ဆီဆုံတံတားတို့မှသာ ဖြတ်သန်းသွားလာနေကြသဖြင့် မိုက်ဟုန်း - မွေတော်ရပ်ကွက်ချင်းဆက်တံတား ရေကျော်သဖြင့် မောက်မယ်မြို့တွင် လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်ခြင်းမရှိကြောင်း သိရသည်။

မိုက်ဟုန်း - မွေတော် ရပ်ကွက်ချင်းဆက်တံတားမှာ ယိုယွင်းနေသည့် တံတားတစ်စီးဖြစ်၍ ရေလမ်းကြောင်း ပိတ်ဆို့မှု မဖြစ်စေရေးအတွက် မြို့နယ်စီမံခန့်ခွဲမှုကော်မတီ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ မြို့မိမြို့ဖများနှင့် ဒေသခံပြည်သူများ ညှိနှိုင်းဆောင်ရွက်သွားကြမည်ဖြစ်ကြောင်း သိရသည်။

Tachileik News Agency
ဓါတ်ပုံ - မြို့နယ်ထွေအုပ်

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net