က်ဳိင္းတံုၿမိဳ႕တြင္ ဆိုင္ကယ္ခိုးသူကို ဆိုင္ကယ္(၅)စီးႏွင့္အတူ ထပ္မံဖမ္းဆီးရမိထား၍ ဆိုင္ကယ္ေပ်ာက္သူမ်ား ရဲစခန္းသို႔ လာေရာက္ စံုစမ္းႏိုင္

က်ဳိင္းတံုၿမိဳ႕တြင္ ဆိုင္ကယ္ခိုးသူကို ဆိုင္ကယ္(၅)စီးႏွင့္အတူ ထပ္မံဖမ္းဆီးရမိထား၍ ဆိုင္ကယ္ေပ်ာက္သူမ်ား ရဲစခန္းသို႔ လာေရာက္ စံုစမ္းႏိုင္
စက်တင်ဘာ 9, 2019
By Tachileik News Agency
ရွမ္းျပည္နယ္(အေရွ႕ပိုင္း) က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ စက္တင္ဘာလ (၉) ရက္ေန႔က ဆုိင္ကယ္ (၅)စီး ခိုးယူလာသူမ်ားကို ရဲတပ္ဖြဲ႕က ဖမ္းဆီးရမိထားၿပီး စစ္ေဆးေနေၾကာင္း သိရသည္။

“ဖမ္းဆီးရရိွတာက အရင္က (၁၂)စီး၊ ဒီညေန (၅) စီးဆိုေတာ့ (၁၇)စီးရိွေနပါၿပီ။ ပိုင္ရွင္ကေတာ့ ေလးငါးခုႏွစ္ဦးေတာ့ ေပၚၿပီ။ ဒီေန႔က ၿမိဳ႕အထြက္ဘက္မွာ ဖမ္းမိတာ အခုက စစ္ေဆးတုန္းပဲရိွေသးတယ္”ဟု က်ိဳင္းတံုၿမိဳ႕မရဲစခန္းမွ စခန္းမွဴး ဒုရဲမွဴး တင္ေမာင္ေဆြက တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ ေျပာသည္။

က်ိဳင္းတံုၿမိဳ႕မရဲစခန္းက ၾသဂုတ္လအတြင္း ဖမ္းဆီးရမိထားသည့္ ဆုိင္ကယ္ (၁၂)စီးတြင္ တာခ်ီလိတ္ၿမိဳ႕ဘက္မွ ခိုးယူလာသည့္ဆုိင္ကယ္မ်ား ပါဝင္သည္ဟု စစ္ေဆးသိရိွရေၾကာင္း ရွမ္းျပည္နယ္(အေရွ႕ပိုင္း) ဒုတိယျပည္နယ္ ရဲတပ္ဖြဲ႕မွဴး ရဲမွဴးႀကီး မင္းေအာင္က တာခ်ီလိတ္သတင္းေအဂ်င္စီသို႔ စက္တင္ဘာလ (၁)ရက္ေန႔က ေျပာၾကားထားသည္။

ဖမ္းဆီးရမိထားသည့္ ဆုိင္ကယ္ (၁၇) စီးကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ သိမ္းဆည္းထားရာ ဆုိင္ကယ္ေပ်ာက္သူမ်ား လာေရာက္စံုစမ္းအတည္ျပဳႏုိင္ေၾကာင္း သိရသည္။

Tachileik News Agency
ဓါတ္ပံု - Sher Lock Holmes‎



~~~~~~~~⊰❂ Unicode Version ~~~~~~~~

ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ စက်တင်ဘာလ (၉) ရက်နေ့က ဆိုင်ကယ် (၅)စီး ခိုးယူလာသူများကို ရဲတပ်ဖွဲ့က ဖမ်းဆီးရမိထားပြီး စစ်ဆေးနေကြောင်း သိရသည်။

“ဖမ်းဆီးရရှိတာက အရင်က (၁၂)စီး၊ ဒီညနေ (၅) စီးဆိုတော့ (၁၇)စီးရှိနေပါပြီ။ ပိုင်ရှင်ကတော့ လေးငါးခုနှစ်ဦးတော့ ပေါ်ပြီ။ ဒီနေ့က မြို့အထွက်ဘက်မှာ ဖမ်းမိတာ အခုက စစ်ဆေးတုန်းပဲရှိသေးတယ်”ဟု ကျိုင်းတုံမြို့မရဲစခန်းမှ စခန်းမှူး ဒုရဲမှူး တင်မောင်ဆွေက တာချီလိတ်သတင်းအေဂျင်စီသို့ ပြောသည်။

ကျိုင်းတုံမြို့မရဲစခန်းက သြဂုတ်လအတွင်း ဖမ်းဆီးရမိထားသည့် ဆိုင်ကယ် (၁၂)စီးတွင် တာချီလိတ်မြို့ဘက်မှ ခိုးယူလာသည့်ဆိုင်ကယ်များ ပါဝင်သည်ဟု စစ်ဆေးသိရှိရကြောင်း ရှမ်းပြည်နယ်(အရှေ့ပိုင်း) ဒုတိယပြည်နယ် ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး မင်းအောင်က တာချီလိတ်သတင်းအေဂျင်စီသို့ စက်တင်ဘာလ (၁)ရက်နေ့က ပြောကြားထားသည်။

ဖမ်းဆီးရမိထားသည့် ဆိုင်ကယ် (၁၇) စီးကို ကျိုင်းတုံမြို့မရဲစခန်းတွင် သိမ်းဆည်းထားရာ ဆိုင်ကယ်ပျောက်သူများ လာရောက်စုံစမ်းအတည်ပြုနိုင်ကြောင်း သိရသည်။

Tachileik News Agency
ဓာတ်ပုံ - Sher Lock Holmes‎

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net