မိုင်းတုံမြို့တွင် ဘိန်းစိမ်း ၅၀၀ ဂရမ်နှင့် သေနတ် ၁ လက် ဖမ်းဆီးရမိ

မိုင်းတုံမြို့တွင် ဘိန်းစိမ်း ၅၀၀ ဂရမ်နှင့် သေနတ် ၁ လက် ဖမ်းဆီးရမိ
ဒီဇင်ဘာ 22, 2019
By Tachileik News Agency
မိုင်းတုံမြို့တွင်  ဘိန်းစိမ်း ၅၀၀ ဂရမ်နှင့် သေနတ် ၁ လက် ဖမ်းဆီးရမိ

ရှမ်းပြည်နယ် (အရှေ့ပိုင်း)၊ မိုင်းဆတ်ခရိုင်၊ မိုင်းတုံမြို့နယ်၊ ဂေါ်တောကျေးရွာအတွင်း မူးယစ်သတင်းရနေအိမ်အား ၂၀၁၉ ခုနှစ်၊ ဒီဇင်ဘာလ (၂၁) ရက်နေ့ နံနက် (၈)နာရီခွဲအချိန်က ဝင်ရောက်ရှာဖွေရာ ဘိန်းစိမ်း (၅၀၀)ဂရမ်နှင့် သေနတ်တစ်လက် ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့ဝင်များ ပါဝင်သော ပူးပေါင်းအဖွဲ့သည် မိုင်းတုံမြို့၊ ဂေါ်တောကျေးရွာရှိ ကျလော၏ နေအိမ်ကို ဝင်ရောက်ရှာဖွေရာ အိပ်ခန်းအတွင်း ပလပ်စတစ်အိတ်ဖြင့် ထည့်ထားသည့် ဘိန်းစိမ်း (၅၀၀) ဂရမ်၊ နေအိမ်ဧည့်ခန်း ဝင်ပေါက်အနီး အိမ်တိုင်တွင်ချိတ်ထားသော Made In Russia စာတမ်းပါ အရှည် (၃) ပေ (၈) လက်မခန့် တစ်လုံးထိုး(ပြောင်းချော)သေနတ် (၁) လက်နှင့်အတူ ဖမ်းဆီးရမိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေး၊လက်နက်တို့နှင့်အတူ ဖမ်းမိသည့် ကျလောအား မိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉ (က)/၂၂(ခ)ဖြင့် အမှုဖွင့်စစ်ဆေးလျက်ရှိကြောင်း သိရသည်။

Tachileik News Agency
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~
~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~

~~~~~~~~~~~~~~~~~~ ကြော်ငြာ ~~~~~~~~~~~~~~~~~~~~