က်ိဳင္းတံုၿမိဳ႕နယ္ ပန္ကုလားေက်းရြာမွ မူးယစ္သတင္းရေနအိမ္အား ဝင္ဖမ္းရာ မူးယစ္ေဆးသံုးစြဲေနသူ (၂)ဦးကိုဖမ္းမိ

က်ိဳင္းတံုၿမိဳ႕နယ္ ပန္ကုလားေက်းရြာမွ မူးယစ္သတင္းရေနအိမ္အား ဝင္ဖမ္းရာ မူးယစ္ေဆးသံုးစြဲေနသူ (၂)ဦးကိုဖမ္းမိ
ဧပြီ 24, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕နယ္၊ မုိင္းဇင္းေက်းရြာအုပ္စု၊ ပန္ကုလားေက်းရြာမွ မူးယစ္သတင္းရ ေနအိမ္အား ရဲတပ္ဖဲြ႕က ဝင္ေရာက္ရွာေဖြရာ စိတ္ၾကြေဆးျပား (၂၇၅)ျပားႏွင့္အတူ စိတ္ၾကြေဆးသံုးစြဲေနသည့္ အမ်ိဳးသား(၂)ဦးကို ဖမ္းမိေၾကာင္း သိရသည္။

မူးယစ္တပ္ဖြဲ႕စု(၂၈)က်ိဳင္းတံုမွ တပ္ဖြဲ႕ဝင္မ်ားသည္ သက္ဆုိင္ရာတပ္ဖြဲ႕ဝင္မ်ား၊ သက္ေသမ်ား ပါဝင္သည့္အဖြဲ႕ျဖင့္  ပန္ကုလားေက်းရြာရိွ မူးယစ္သတင္းရ အားမိန္၏ေနအိမ္ကို ၂၀၁၉ ခုႏွစ္၊ ဧၿပီလ (၂၃)ရက္ေန႔ ေန႔လယ္ (၁၂)နာရီ (၄၅)မိနစ္ဝန္းက်င္တြင္ ဝင္ေရာက္ရွာေဖြျခင္းျဖစ္ေၾကာင္း သိရသည္။

အဆိုပါေနအိမ္တြင္ အားမိန္ႏွင့္ အာဆားတုိ႔(၂)ဦးအား ေနအိမ္အတြင္း စိတ္ၾကြေဆးျပားသံုးစြဲေနသည္ကို ေတြ႔ရၿပီး စိတ္ၾကြေဆးျပား (၂၇၅)ျပားကိုလည္း ရွာေဖြေတြ႔ရိွရေၾကာင္း သိရသည္။

အာဆားသည္ စိတ္ၾကြေဆးျပားမ်ားကို တစ္ျပားလွ်င္ က်ပ္(၅၀၀)ႏႈန္းျဖင့္ တစ္ဆင့္ျပန္လည္ေရာင္းခ်ေနျခင္းျဖစ္ၿပီး အားမိန္က အာဆားထံမွ စိတ္ၾကြေဆးျပားဝယ္ယူကာ ေနအိမ္တြင္ ႏွစ္ေယာက္အတူ သံုးစြဲေနစဥ္ ဖမ္းဆီးခံရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားႏွင့္အတူ ဖမ္းဆီးရမိသည့္ အသက္(၂၇)ႏွစ္အရြယ္ အားမိန္ႏွင့္ အသက္ (၂၃)ႏွစ္အရြယ္ အာဆားတို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၃/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရအမႈဖြင့္ စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု -ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့နယ် ပန်ကုလားကျေးရွာမှ မူးယစ်သတင်းရနေအိမ်အား ဝင်ဖမ်းရာ မူးယစ်ဆေးသုံးစွဲနေသူ (၂)ဦးကိုဖမ်းမိ
******************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့နယ်၊ မိုင်းဇင်းကျေးရွာအုပ်စု၊ ပန်ကုလားကျေးရွာမှ မူးယစ်သတင်းရ နေအိမ်အား ရဲတပ်ဖွဲ့က ဝင်ရောက်ရှာဖွေရာ စိတ်ကြွဆေးပြား (၂၇၅)ပြားနှင့်အတူ စိတ်ကြွဆေးသုံးစွဲနေသည့် အမျိုးသား(၂)ဦးကို ဖမ်းမိကြောင်း သိရသည်။

မူးယစ်တပ်ဖွဲ့စု(၂၈)ကျိုင်းတုံမှ တပ်ဖွဲ့ဝင်များသည် သက်ဆိုင်ရာတပ်ဖွဲ့ဝင်များ၊ သက်သေများ ပါဝင်သည့်အဖွဲ့ဖြင့်  ပန်ကုလားကျေးရွာရှိ မူးယစ်သတင်းရ အားမိန်၏နေအိမ်ကို ၂၀၁၉ ခုနှစ်၊ ဧပြီလ (၂၃)ရက်နေ့ နေ့လယ် (၁၂)နာရီ (၄၅)မိနစ်ဝန်းကျင်တွင် ဝင်ရောက်ရှာဖွေခြင်းဖြစ်ကြောင်း သိရသည်။

အဆိုပါနေအိမ်တွင် အားမိန်နှင့် အာဆားတို့(၂)ဦးအား နေအိမ်အတွင်း စိတ်ကြွဆေးပြားသုံးစွဲနေသည်ကို တွေ့ရပြီး စိတ်ကြွဆေးပြား (၂၇၅)ပြားကိုလည်း ရှာဖွေတွေ့ရှိရကြောင်း သိရသည်။

အာဆားသည် စိတ်ကြွဆေးပြားများကို တစ်ပြားလျှင် ကျပ်(၅၀၀)နှုန်းဖြင့် တစ်ဆင့်ပြန်လည်ရောင်းချနေခြင်းဖြစ်ပြီး အားမိန်က အာဆားထံမှ စိတ်ကြွဆေးပြားဝယ်ယူကာ နေအိမ်တွင် နှစ်ယောက်အတူ သုံးစွဲနေစဉ် ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းဆီးရမိသည့် အသက်(၂၇)နှစ်အရွယ် အားမိန်နှင့် အသက် (၂၃)နှစ်အရွယ် အာဆားတို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၃/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရအမှုဖွင့် စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ -ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net