က်ဳိင္းတံုၿမိဳ႕တြင္ တစ္ရက္တာအတြင္း မူးယစ္ေဆးဖမ္းမႈ (၂)ခုမွ လူငယ္ (၄)ဦးအပါအဝင္ အမ်ိဳးသား (၅)ဦးဖမ္းမိ

က်ဳိင္းတံုၿမိဳ႕တြင္ တစ္ရက္တာအတြင္း မူးယစ္ေဆးဖမ္းမႈ (၂)ခုမွ လူငယ္ (၄)ဦးအပါအဝင္ အမ်ိဳးသား (၅)ဦးဖမ္းမိ
မေ 3, 2019
By 🌸
ရွမ္းျပည္နယ္အေရွ႕ပိုင္း၊ က်ိဳင္းတံုၿမိဳ႕တြင္ ၂၀၁၉ ခုႏွစ္၊ ေမလ (၁)ရက္ေန႔ တစ္ေန႔တည္းတြင္ မူးယစ္ေဆးႏွင့္အတူ ဖမ္းမိသည့္ အမ်ိဳးသား (၅)ဦးအနက္ လူငယ္ (၄)ဦးပါဝင္ေၾကာင္း သိရသည္။

ရဲတပ္ဖြဲ႕က သက္ေသမ်ားပါဝင္သည့္ပူးေပါင္းအဖြဲ႕ျဖင့္ ေန႔လယ္ (၁၁)နာရီအခ်ိန္တြင္ မုိင္းလပ္ေက်းရြာအုပ္စု၊ ဝမ္ႏြဲ႕ေက်းရြာမွ မူးယစ္သတင္းရေနအိမ္ျဖစ္သည့္ လံုကၽြဲ၏ေနအိမ္အား ဝင္ေရာက္ရွာေဖြရာ လံုကၽြဲႏွင့္အတူ စိတ္ၾကြရူးသြပ္ေဆးျပားသံုးစြဲေနသည့္ အုိက္နန႔္၊ အုိက္စံတုိ႔ကိုေတြ႔ရၿပီး ေနအိမ္အတြင္းမွ စိတ္ၾကြရူးသြပ္ေဆးျပား (၇၃၃)ျပားကို ရွာေဖြေတြ႔ရိွခဲ့ရျခင္းျဖစ္ေၾကာင္း သိရသည္။

မူးယစ္ေဆးမ်ားနွင့္အတူ ဖမ္းမိသည့္ အသက္ (၅၉)ႏွစ္အရြယ္ လံုကၽြဲ၊ အသက္ (၂၆)ႏွစ္အရြယ္ အုိက္နန္႔ႏွင့္ အသက္ (၃၂)ႏွစ္အရြယ္ အုိက္စံတို႔ကို က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ) ၁၀၆/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁ အရ အေရးယူထားေၾကာင္း သိရသည္။

ယင္းေနာက္ ည (၁၀)နာရီေက်ာ္တြင္ က်ိဳင္းတံုၿမိဳ႕အဝင္ ေနာင္ဖာရဲကင္းေရွ႕၌ ပိတ္ဆို႔ရွာေဖြမႈအတြင္း ယန္းေလာေက်းရြာဘက္မွ က်ိဳင္းတံုၿမိဳ႕တြင္းဘက္သို႔ ဆုိင္ကယ္ေမာင္းႏွင္လာသည့္ လူငယ္ (၂)ဦးထံမွ စိတ္ၾကြေဆးျပား (၈၅)ျပားကို ဖမ္းဆီးရမိေၾကာင္း သိရသည္။

ေအာင္ထြန္းဦးေမာင္းနွင္ၿပီး ေကာင္းျမတ္လုိက္ပါလာသည့္ဆုိင္ကယ္အား ပူးေပါင္းစစ္ေဆးေရးအဖြဲ႕က ရွာေဖြရာ ေကာင္းျမတ္က အထုပ္တစ္ထုပ္အား လႊင့္ပစ္လုိက္သည္ကိုေတြ႔ရၿပီး အဆိုပါအထုပ္အတြင္းမွ စိတ္ၾကြေဆးျပား (၈၅)ျပားကို ရွာေဖြေတြ႔ရိွရျခင္းျဖစ္ေၾကာင္း သိရသည္။

စိတ္ၾကြရူးသြပ္ေဆးျပားမ်ားႏွင့္အတူ ဖမ္းမိသည့္ အသက္ (၂၄)ႏွစ္အရြယ္ ေအာင္ထြန္းဦးႏွင့္ အသက္ (၂၃)ႏွစ္အရြယ္ ေကာင္းျမတ္တို႔အား က်ိဳင္းတံုၿမိဳ႕မရဲစခန္းတြင္ မယ(ပ)၁၀၇/၂၀၁၉၊ မူး/စိတ္ပုဒ္မ ၁၉(က)/၂၁အရ အမႈဖြင့္စစ္ေဆးေနေၾကာင္း သိရသည္။

သတင္း #ၿငိမ္းခ်မ္း(ျပည္)
ဓါတ္ပံု - ရဲတပ္ဖြဲ႕

~~~~~~~~⊰❂ Unicode Version ~~~~~~~~
ကျိုင်းတုံမြို့တွင် တစ်ရက်တာအတွင်း မူးယစ်ဆေးဖမ်းမှု (၂)ခုမှ လူငယ် (၄)ဦးအပါအဝင် အမျိုးသား (၅)ဦးဖမ်းမိ
*************
ရှမ်းပြည်နယ်အရှေ့ပိုင်း၊ ကျိုင်းတုံမြို့တွင် ၂၀၁၉ ခုနှစ်၊ မေလ (၁)ရက်နေ့ တစ်နေ့တည်းတွင် မူးယစ်ဆေးနှင့်အတူ ဖမ်းမိသည့် အမျိုးသား (၅)ဦးအနက် လူငယ် (၄)ဦးပါဝင်ကြောင်း သိရသည်။

ရဲတပ်ဖွဲ့က သက်သေများပါဝင်သည့်ပူးပေါင်းအဖွဲ့ဖြင့် နေ့လယ် (၁၁)နာရီအချိန်တွင် မိုင်းလပ်ကျေးရွာအုပ်စု၊ ဝမ်နွဲ့ကျေးရွာမှ မူးယစ်သတင်းရနေအိမ်ဖြစ်သည့် လုံကျွဲ၏နေအိမ်အား ဝင်ရောက်ရှာဖွေရာ လုံကျွဲနှင့်အတူ စိတ်ကြွရူးသွပ်ဆေးပြားသုံးစွဲနေသည့် အိုက်နန့်၊ အိုက်စံတို့ကိုတွေ့ရပြီး နေအိမ်အတွင်းမှ စိတ်ကြွရူးသွပ်ဆေးပြား (၇၃၃)ပြားကို ရှာဖွေတွေ့ရှိခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

မူးယစ်ဆေးများနှင့်အတူ ဖမ်းမိသည့် အသက် (၅၉)နှစ်အရွယ် လုံကျွဲ၊ အသက် (၂၆)နှစ်အရွယ် အိုက်နန့်နှင့် အသက် (၃၂)နှစ်အရွယ် အိုက်စံတို့ကို ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ) ၁၀၆/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁ အရ အရေးယူထားကြောင်း သိရသည်။

ယင်းနောက် ည (၁၀)နာရီကျော်တွင် ကျိုင်းတုံမြို့အဝင် နောင်ဖာရဲကင်းရှေ့၌ ပိတ်ဆို့ရှာဖွေမှုအတွင်း ယန်းလောကျေးရွာဘက်မှ ကျိုင်းတုံမြို့တွင်းဘက်သို့ ဆိုင်ကယ်မောင်းနှင်လာသည့် လူငယ် (၂)ဦးထံမှ စိတ်ကြွဆေးပြား (၈၅)ပြားကို ဖမ်းဆီးရမိကြောင်း သိရသည်။

အောင်ထွန်းဦးမောင်းနှင်ပြီး ကောင်းမြတ်လိုက်ပါလာသည့်ဆိုင်ကယ်အား ပူးပေါင်းစစ်ဆေးရေးအဖွဲ့က ရှာဖွေရာ ကောင်းမြတ်က အထုပ်တစ်ထုပ်အား လွှင့်ပစ်လိုက်သည်ကိုတွေ့ရပြီး အဆိုပါအထုပ်အတွင်းမှ စိတ်ကြွဆေးပြား (၈၅)ပြားကို ရှာဖွေတွေ့ရှိရခြင်းဖြစ်ကြောင်း သိရသည်။
စိတ်ကြွရူးသွပ်ဆေးပြားများနှင့်အတူ ဖမ်းမိသည့် အသက် (၂၄)နှစ်အရွယ် အောင်ထွန်းဦးနှင့် အသက် (၂၃)နှစ်အရွယ် ကောင်းမြတ်တို့အား ကျိုင်းတုံမြို့မရဲစခန်းတွင် မယ(ပ)၁၀၇/၂၀၁၉၊ မူး/စိတ်ပုဒ်မ ၁၉(က)/၂၁အရ အမှုဖွင့်စစ်ဆေးနေကြောင်း သိရသည်။

သတင်း #ငြိမ်းချမ်း(ပြည်)
ဓါတ်ပုံ - ရဲတပ်ဖွဲ့

 #TachileikNewsAgency #TNA #TachileikOnlineNews  #တာခ်ီလိတ္သတင္းေအဂ်င္စီ www.tachileik.net